မျက်စိတဖက်ကန်းနေသော ဒရယ်

တခါတုန်းက မျက်စိတဖက် ကန်းနေသော ဒရယ်တကောင်သည် ပင်လယ် ကမ်းပါ၌ အစာ စားလျက် ရှိ၏။ ဤသို့ အစာ စားရာ၌ သူသည် ကောင်းသော မျက်စိကို ကုန်းဘက် သို့သာ လှည့်၍ ထား၏။

အကြောင်းမူကား ကုန်းဘက်မှ အမဲလိုက် ခွေးများ ရောက်ရှိလာပါက ချက်ချင်း တွေ့မြင်ကာ ရှောင်ရှားနိုင်ရန် ဖြစ်၏။

ထို့နောက် ကျန် မကောင်းသော မျက်စိတဖက် ကိုမူ ပင်လယ်ဘက်သို့ လှည့်ထား၏။ အဘယ်ကြောင့် ဆိုသော် ပင်လယ်မှ မည်သည့် ဘေးရန်မျှ သူ့ထံ ကျရောက်မည် မဟုတ် ဟူ၍ ယူဆသော ကြောင့်ပင်။

သို့သော် သူ၏ ယူဆချက်ကား လွဲမှားခဲ့ လေပြီ။ ပင်လယ်မှ သင်္ဘောသား တစုသည် သင်္ဘော ဆိုက်ကပ် ပြီးနောက် ကမ်းပါးသို့ တက်လာရာတွင် ဒရယ်ကို ရုတ်တရက် တွေ့မြင် ကြလေ၏။ ဒရယ်မူကား သင်္ဘောသားတို့အား မမြင်ပေ။

ထို့ကြောင့် သင်္ဘောသားတို့သည် လေးဖြင့် ပစ်လိုက်လေရာ ဒရယ်ကို အလွယ်တကူပင် ထိမှန်သွား၏။ ဒရယ်လည်း မြားဆိပ်တက်၍ သေအံ့ဆဲဆဲ ဖြစ်ရာမှ "ငါသည် အစက ကုန်းအရပ် မှသာ ဘေးရန် ပေါ်မည်ဟု ထင်မှတ်ခဲ့သည်။

ယခုသော်ကား ငါမထင်သည့် ပင်လယ် အရပ်မှ ဘေးရန် ပေါ်ပေါက်သဖြင့် ငါသည် ပျက်စီးခြင်းသို့ ရောက်ခဲ့ရ ပေသည်။ ငါကား မိုက်မဲလှစွာ တကား" ဟူ၍ ဝမ်းနည်းစွာဖြင့် ညည်းညူးလေ သတည်း။

ဒါကြောင့် လောကကြီးမှာ အဖက်ဖက်က ကိုယ့်အပေါ် ရန်သူတွေ ရှိတာကြောင့် သတိရှိရှိနှင့် နေထိုင်တတ် ရပါမယ်။ Crd

Zawgyi

မ်က္စိတဖက္ကန္းေနေသာ ဒရယ္

တခါတုန္းက မ်က္စိတဖက္ ကန္းေနေသာ ဒရယ္တေကာင္သည္ ပင္လယ္ ကမ္းပါ၌ အစာ စားလ်က္ ရွိ၏။ ဤသို႔ အစာ စားရာ၌ သူသည္ ေကာင္းေသာ မ်က္စိကို ကုန္းဘက္ သို႔သာ လွည့္၍ ထား၏။

အေၾကာင္းမူကား ကုန္းဘက္မွ အမဲလိုက္ ေခြးမ်ား ေရာက္ရွိလာပါက ခ်က္ခ်င္း ေတြ႕ျမင္ကာ ေရွာင္ရွားႏိုင္ရန္ ျဖစ္၏။

ထို႔ေနာက္ က်န္ မေကာင္းေသာ မ်က္စိတဖက္ ကိုမူ ပင္လယ္ဘက္သို႔ လွည့္ထား၏။ အဘယ္ေၾကာင့္ ဆိုေသာ္ ပင္လယ္မွ မည္သည့္ ေဘးရန္မွ် သူ႔ထံ က်ေရာက္မည္ မဟုတ္ ဟူ၍ ယူဆေသာ ေၾကာင့္ပင္။

သို႔ေသာ္ သူ၏ ယူဆခ်က္ကား လြဲမွားခဲ့ ေလၿပီ။ ပင္လယ္မွ သေဘၤာသား တစုသည္ သေဘၤာ ဆိုက္ကပ္ ၿပီးေနာက္ ကမ္းပါးသို႔ တက္လာရာတြင္ ဒရယ္ကို ႐ုတ္တရက္ ေတြ႕ျမင္ ၾကေလ၏။ ဒရယ္မူကား သေဘၤာသားတို႔အား မျမင္ေပ။

ထို႔ေၾကာင့္ သေဘၤာသားတို႔သည္ ေလးျဖင့္ ပစ္လိုက္ေလရာ ဒရယ္ကို အလြယ္တကူပင္ ထိမွန္သြား၏။ ဒရယ္လည္း ျမားဆိပ္တက္၍ ေသအံ့ဆဲဆဲ ျဖစ္ရာမွ "ငါသည္ အစက ကုန္းအရပ္ မွသာ ေဘးရန္ ေပၚမည္ဟု ထင္မွတ္ခဲ့သည္။

ယခုေသာ္ကား ငါမထင္သည့္ ပင္လယ္ အရပ္မွ ေဘးရန္ ေပၚေပါက္သျဖင့္ ငါသည္ ပ်က္စီးျခင္းသို႔ ေရာက္ခဲ့ရ ေပသည္။ ငါကား မိုက္မဲလွစြာ တကား" ဟူ၍ ဝမ္းနည္းစြာျဖင့္ ညည္းညဴးေလ သတည္း။

ဒါေၾကာင့္ ေလာကႀကီးမွာ အဖက္ဖက္က ကိုယ့္အေပၚ ရန္သူေတြ ရွိတာေၾကာင့္ သတိရွိရွိႏွင့္ ေနထိုင္တတ္ ရပါမယ္။ Crd

Post a Comment

0 Comments