ငှက်ကလေးနှင့် ကျောက်စရစ်ခဲများ
တခါတုန်းက ငှက်ကလေး တကောင် ရှိတယ်။ လေထဲမှာ ပျံသန်းပြီး ပိုးကောင်လေး တွေကို ဖမ်းပြီး စားသုံးတယ်။ ဒါပေမယ့် သူမှာ အကျင့်တခု ရှိတယ်။
သူဟာ သူ့ဘဝမှာ တခုခု ဖြစ်လာတိုင်း သူက ကျောက်စရစ်ခဲလေး တလုံးပေါ်မှာ မှတ်ပြီး သယ်ဆောင်ထားလေ့ ရှိတယ်။
ကောင်းတာပဲ ဖြစ်ဖြစ်၊ မကောင်းတာပဲ ဖြစ်ဖြစ် မှတ်သား သယ်ဆောင် ထားတယ်။ သူဟာ ပျံသန်းသွားလာနေတဲ့ အခါတိုင်းမှာလည်း ကျောက်စရစ်ခဲလေး တွေကို မချန်ထားခဲ့ပဲ အမြဲ ကိုယ်နဲ့ မကွာ ဆောင်ထားတယ်။
သူ့ရဲ့ ကျောက်စရစ်ခဲလေး တွေကိုလည်း သေချာ ခွဲထားပါ သေးတယ်။ ပျော်စရာ ကျောက်စရစ်ခဲလေးတွေ၊ ဝမ်းနည်းစရာ ကျောက်စရစ်ခဲတွေ စသဖြင့် ခွဲသိမ်း ထားပါတယ်။
အစပိုင်းတွေ မှာတော့ ငှက်လေးက လွတ်လပ်စွာ ပျံသန်းနိုင် ပါတယ်။ အချိန် ကြာလာတာနဲ့ အမျှ ကျောက်စရစ်လေးတွေ များလာပြီး ငှက်ကလေးဟာ အမြင့်ကို မပျံနိုင် တော့ပါဘူး။ ဒီလိုနဲ့ ငှက်ကလေးဟာ တဖြည်းဖြည်းနဲ့ လုံးဝ မပျံသန်းနိုင်ပဲ မြေပေါ်မှာပဲ နေရပါတော့တယ်။
ဒါပေမယ့် ငှက်ကလေးက သူ့ရဲ့ အဖိုးတန် လှတဲ့ မှတ်တမ်း ကျောက်စရစ်ခဲတွေကို စွန့်ပစ်ဖို့ လုံးဝ စိတ်မကူးခဲ့ ပါဘူး။ နောက်ဆုံးတော့ ငှက်ကလေးဟာ ဆာလောင်မှုနဲ့ သေဆုံးသွား ပါတော့တယ်။
ငှက်ကလေး သေသွားတော့ ကျန်ရစ်ခဲ့တာက တန်ဖိုး မရှိတဲ့ ကျောက်စရစ်ခဲတွေပဲ ဖြစ်ပါတယ်။
တခါတရံမှာ လွတ်လပ်စွာနဲ့ ပိုပြီး မြင့်မြင့် ပျံသန်းနိုင်ဖို့ အတွက် ဆုတ်ကိုင်ထားမှု တွေကို စွန့်လွှတ်တတ်ဖို့ လိုပါတယ်။ phoomyatchal
Zawgyi
Post a Comment
0 Comments