ငှက်ကလေးရဲ့ အိမ်

တခါတုန်းက လိပ်တကောင်ဟာ သစ်ပင်အောက်မှာ အနားယူ နေပါတယ်။ ထိုသစ်ပင် မှာလည်း ငှက်တကောင်က အသိုက်လုပ်ပြီး နေထိုင်ပါတယ်။

တခါမှာတော့ လိပ်က ငှက်ကို လှောင်ပြောင် လိုက်ပါတယ်။ "သင့်ရဲ့ အိမ်ကိုလည်း ကြည့်ပါအုံး၊ ကျိုးလွယ် ပဲ့လွယ်တဲ့ အကိုင်းတွေနဲ့ လုပ်ထားတယ်။ အမိုးလည်း မရှိဘူး စုတ်ပြတ်နေတာပဲ။

ကိုယ့်အတွက် ဆောက်တဲ့ အိမ်ကို ဘာလို့ စုတ်ပြတ်အောင် ဆောက်ရတာလဲ။ ငါ့အခွံ ဆိုရင် မင်းရဲ့ အသိုက် ထက်တောင် ပိုကောင်းသေး" လို့ လှောင်လိုက် ပါတယ်။

ထိုအခါ ငှက်ကလေးက "ဟုတ်ပါတယ်။ ကျိုးပဲ့ လွယ်တဲ့ အကိုင်းတွေနဲ့ ဆောက်ထားတာပါ။ ပြီးတော့ သဘာဝတရားကို မြင်ရအောင် ဖွင့်ထားတာပါ။ စုတ်ပြတ်နေ ပေမယ့် ငါကိုယ်တိုင် ဆောက်လုပ် ထားတာ ဖြစ်လို့ ငါ ကြိုက်တယ်" လို့ ဖြေပါတယ်။

လိပ်က "ငါထင်တယ် မင်းအသိုက်က တခြား အသိုက်တွေနဲ့ အတူတူပါပဲ။ ဘာမှ မထူးပါဘူး။ ငါ့ထက်တော့ ပိုမကောင်းနိုင် ပါဘူး။ ငါ့အခွံတွေ ကိုတောင် မင်း မနာလို ဖြစ်နေအုံးမှာ" လို့ ပြောလိုက် ပြန်တယ်။

ထိုအခါမှာတော့ ငှက်ကလေးက "ဆန့်ကျင်ဘက်ပါပဲ။ ငါ့အတွက်၊ ငါ့ မိသားစုတွေ၊ ငါ့သူငယ်ချင်းတွေ အတွက်တော့ ငါ့အိမ်က အကောင်းဆုံးပဲ။

မင်းရဲ့ အခွံ့က မင်းတယောက်က လွဲပြီး တခြားသူတွေ အတွက် အဆင်မပြေ နိုင်ဘူး။ မင်းအတွက်တော့ အကောင်းဆုံးအိမ် ဖြစ်ရင် ဖြစ်မှာပေါ့။ ငါ့အတွက်တော့ ငါ့အိမ်ကသာ အကောင်းဆုံးပဲ" လို့ ပြန်ပြောလိုက် ပါတယ်။

အထီးကျန်နေတဲ့ အိမ်ကြီး အိမ်ကောင်းထက် ဆင်းရဲ နိမ့်ကျနေ ပေမယ့် ဖော်ရွေတဲ့ မိတ်ဆွေ အပေါင်းအသင်း တွေနဲ့ စုပြုံ နေရတာက ပိုပျော်စရာ ကောင်းပါတယ်။

ဘယ်လောက်ပဲ ခိုင်ခံတဲ့ အိမ်ကြီး ဖြစ်ပါစေ၊ ကိုယ့်ကို ချစ်ခင်သူတွေ မရှိဘဲ အထီးကျန်နေ ရတာက ဘဝမှာ ဘယ်လောက်တောင် ကြေကွဲစရာ ကောင်းလိုက် မလဲ။

ငွေ မပေါပေမယ့် သင့်ကို ချစ်ခင်တဲ့ သူတွေနဲ့ နေရခြင်းက ဘဝမှာ ချမ်းသာခြင်း တမျိုးပါပဲ။ ငွေနဲ့တောင် ဝယ်မရနိုင်တဲ့ စိတ်ချမ်းသာခြင်းမျိုးပါ။ phoomyatchal

Post a Comment

0 Comments