ကျောက်တုံးကြီးနဲ့ သံဆူးလေး

ဗွီဒီယို ကလစ် တခု ကြည့်လိုက်ရတယ်။ သဲကျောက်လို ကျောက်တုံးကြီး တတုံးကို သံဆူးလေး တွေနဲ့ အတန်းလိုက် လက်တထွာခြားစီ ရိုက်ထည့်နေတာ။

ကျောက်တုံးကြီးက အခိုင်အမာ။ လူတရပ် ကျော်လောက် ကြီးတယ်။ အဲဒါကို သံဆူးတွေ ရိုက်ထည့်နေရုံနဲ့ ကျောက်တုံးက မဖြုံ၊ ဘာမှ မဖြစ်။ သံဆူးကြောင့် ပဲ့ထွက်သွားတာ လေးတွေတော့ ရှိတာပေါ့။ ဒါပေမယ့် ဘာဆို ဘာမှ မဖြစ်ဘူး။

ဒါပေမယ့် အဲဒီ လူက အတန်းလိုက် စိုက်ထည့်ထားတဲ့ ကျောက်ဆူးလေးတွေကို တချက်ခြင်း တူနဲ့ လိုက်ထုရင်း ထုရင်း လူတရပ်ကျော်လောက် ကြီးတဲ့ ကျောက်တုံးကြီးက သံဆူးလေးတွေ စိုက်ထားတဲ့ အတန်းလိုက်အတိုင်း ထက်ခြမ်း ကွဲသွားတယ်။

ပြောချင်တာက ဒီလောက် ခိုင်မာပြီး မကွဲနိုင်တဲ့ ကျောက်တုံးကြီးဟာ သံဆူးလေးတွေနဲ့ ညီညီညာညာ ဟန်ချက်ညီညီ ထိုးထည့်ပြီး ခွဲလိုက်တဲ့ အခါ နောက်ဆုံး ကွဲသွားတာပဲ။

ထက်ခြမ်း မကွဲခင် အချိန်အထိ အဲဒီ ကျောက်တုံးကြီးဟာ လုံးဝကို မကွဲနိုင်သလို ခိုင်ခိုင်မာမာ ပုံစံပဲ။

ကွဲခါနီး သုံး လေးချက်လောက် ရောက်မှ အက်ကြောင်း အသေးလေး ပေါ်လာတယ်။ အဲဒါကို အားစိုက်ပြီး ထုလိုက်တဲ့ အခါ ဝုန်းခနဲ လူတရပ်ကျော် ကျောက်တုံးကြီး ၂ ခြမ်းကွဲ ပြိုပျက် သွားတော့တယ်။

ပြောချင်တာကတော့ ဘယ်လောက်ပဲ ကြီးမားခိုင်ခံ့တဲ့ ကျောက်တုံးကြီး ဖြစ်နေပါစေ အားလုံး ညီညွတ်ပြီး အားစိုက် တွန်းနေရင် ကျွန်တော်တို့ မသိလိုက်ခင်မှာပဲ ကွဲကြေသွားမှာ အသေအချာပဲ ဆိုတာ။

မကွဲသေးဘူးလား ဆိုပြီး စိုးရိမ်မနေပါနဲ့။ အားစိုက်ပြီး ညီညီညာညာနဲ့ ဆူးတွေ ရိုက်ထည့်နေဖို့ပဲ လိုတာပါ။ ကိုထိုက်

Zawgyi

ေက်ာက္တုံးႀကီးနဲ႔ သံဆူးေလး

ဗြီဒီယို ကလစ္ တခု ၾကည့္လိုက္ရတယ္။ သဲေက်ာက္လို ေက်ာက္တုံးႀကီး တတုံးကို သံဆူးေလး ေတြနဲ႔ အတန္းလိုက္ လက္တထြာျခားစီ ႐ိုက္ထည့္ေနတာ။

ေက်ာက္တုံးႀကီးက အခိုင္အမာ။ လူတရပ္ ေက်ာ္ေလာက္ ႀကီးတယ္။ အဲဒါကို သံဆူးေတြ ႐ိုက္ထည့္ေန႐ုံနဲ႔ ေက်ာက္တုံးက မၿဖဳံ၊ ဘာမွ မျဖစ္။ သံဆူးေၾကာင့္ ပဲ့ထြက္သြားတာ ေလးေတြေတာ့ ရွိတာေပါ့။ ဒါေပမယ့္ ဘာဆို ဘာမွ မျဖစ္ဘူး။

ဒါေပမယ့္ အဲဒီ လူက အတန္းလိုက္ စိုက္ထည့္ထားတဲ့ ေက်ာက္ဆူးေလးေတြကို တခ်က္ျခင္း တူနဲ႔ လိုက္ထုရင္း ထုရင္း လူတရပ္ေက်ာ္ေလာက္ ႀကီးတဲ့ ေက်ာက္တုံးႀကီးက သံဆူးေလးေတြ စိုက္ထားတဲ့ အတန္းလိုက္အတိုင္း ထက္ျခမ္း ကြဲသြားတယ္။

ေျပာခ်င္တာက ဒီေလာက္ ခိုင္မာၿပီး မကြဲႏိုင္တဲ့ ေက်ာက္တုံးႀကီးဟာ သံဆူးေလးေတြနဲ႔ ညီညီညာညာ ဟန္ခ်က္ညီညီ ထိုးထည့္ၿပီး ခြဲလိုက္တဲ့ အခါ ေနာက္ဆုံး ကြဲသြားတာပဲ။ ထက္ျခမ္း မကြဲခင္ အခ်ိန္အထိ အဲဒီ ေက်ာက္တုံးႀကီးဟာ လုံးဝကို မကြဲႏိုင္သလို ခိုင္ခိုင္မာမာ ပုံစံပဲ။

ကြဲခါနီး သုံး ေလးခ်က္ေလာက္ ေရာက္မွ အက္ေၾကာင္း အေသးေလး ေပၚလာတယ္။ အဲဒါကို အားစိုက္ၿပီး ထုလိုက္တဲ့ အခါ ဝုန္းခနဲ လူတရပ္ေက်ာ္ ေက်ာက္တုံးႀကီး ၂ ျခမ္းကြဲ ၿပိဳပ်က္ သြားေတာ့တယ္။

ေျပာခ်င္တာကေတာ့ ဘယ္ေလာက္ပဲ ႀကီးမားခိုင္ခံ့တဲ့ ေက်ာက္တုံးႀကီး ျဖစ္ေနပါေစ အားလုံး ညီၫြတ္ၿပီး အားစိုက္ တြန္းေနရင္ ကြၽန္ေတာ္တို႔ မသိလိုက္ခင္မွာပဲ ကြဲေၾကသြားမွာ အေသအခ်ာပဲ ဆိုတာ။ မကြဲေသးဘူးလား ဆိုၿပီး စိုးရိမ္မေနပါနဲ႔။ အားစိုက္ၿပီး ညီညီညာညာနဲ႔ ဆူးေတြ ႐ိုက္ထည့္ေနဖို႔ပဲ လိုတာပါ။ ကိုထိုက္

Post a Comment

0 Comments