ကျေနပ်လိုက်ပါ

တခါတုန်းက ခွေးကလေး တကောင်ဟာ အသားတုံး တတုံးကို ခိုးယူလာတယ်။ ခိုးယူလာတဲ့ အသားတုံးကို ပါးစပ်ကလေးနဲ့ ကိုက်ချီရင်း ဖြေးညင်းစွာ စီးဆင်းနေတဲ့ စမ်းချောင်းကလေး တစင်းရဲ့ တံတားတခု ပေါ်ကနေ သူဟာ ဖြတ်သွားနေ ပါတယ်။

ခွေးကလေးဟာ အောက်ကို ငုံ့ကြည့်လိုက်တော့ သူ့ရဲ့ အရိပ်ကို သူ မြင်တာပေါ့။ စမ်းချောင်းကလေးနဲ့ တံတားက တထွာလောက်ပဲ ကွာပါတယ်။ ဒါပေမယ့် သူဟာ သူ့အရိပ်လို့ မထင်ခဲ့ဘူး။

ခွေးကလေးဟာ တခြားတကောင်က အသားတုံး တခုကို ကိုက်ချီလာတယ်လို့ သူ့စိတ်ထဲမှာ ထင်မြင်မိတယ်။ အဲဒီ အသားတုံးကို ရယူချင်တဲ့ အတွက်နဲ့ လောဘတကြီး ဆတ်ခနဲ ကိုက်ယူလိုက်တဲ့ အခါ သူ့မှာ နဂိုရှိနေတဲ့ အသားတုံးဟာ စမ်းချောင်းကလေးထဲကို ပြုတ်ကျ ပျောက်ဆုံးသွား ပါတော့တယ်။

ဒီပုံပြင်လေးက အားလုံးနီးပါး ကြားဖူးကြ ပါတယ်။ ဘဝမှာလည်း ဒီပုံပြင်လေးလို ပါပဲ။ လူတွေဟာ မိမိမှာ ရှိတာလေးနဲ့ ကျေနပ်မှု မရှိကြပါ။ ထို့ကြောင့်လည်း လောဘတရား ပွားများကြတာပေါ့။

ပုထုဇဉ် လူသား ဟူသမျှဟာ လောဘတရားတော့ အနည်းအများ ကိုယ်စီ ရှိကြမှာ ဖြစ်ပါတယ်။ မိမိမှာ ရှိတာလေးနဲ့ ကျေနပ် တင်းတိမ်မှု မရှိပဲ လောဘတွေ အရမ်းကြီးနေရင် မိမိ လိုချင်တာလည်း မရလိုက်၊ မိမိမှာ ရှိတာတွေလည်း ဆုံးရှုံးသွား တတ်ပါတယ်။

မိမိမှာ ရှိတာလေးနဲ့ ကျေကျေနပ်နပ်နဲ့ တင်းတိမ်စွာ နေထိုင်မှသာ ကိုယ့်ပစ္စည်းဥစ္စာလည်း ဆုံးရှုံးမှာ မဟုတ်ပါ။ လိုတာထက် လောဘ ပိုများလေလေ ဒုက္ခကြီးကြီးနဲ့ ကြုံတွေ့ရမယ့် နီးစပ် လေလေပါ။ ရှိတာလေးနဲ့ ကျေနပ်မှု ရှိကြပါလို့ တိုက်တွန်းရင်း။ Crd

Zawgyi

ေက်နပ္လိုက္ပါ

တခါတုန္းက ေခြးကေလး တေကာင္ဟာ အသားတုံး တတုံးကို ခိုးယူလာတယ္။ ခိုးယူလာတဲ့ အသားတုံးကို ပါးစပ္ကေလးနဲ႔ ကိုက္ခ်ီရင္း ေျဖးညင္းစြာ စီးဆင္းေနတဲ့ စမ္းေခ်ာင္းကေလး တစင္းရဲ႕ တံတားတခု ေပၚကေန သူဟာ ျဖတ္သြားေန ပါတယ္။

ေခြးကေလးဟာ ေအာက္ကို ငုံ႔ၾကည့္လိုက္ေတာ့ သူ႔ရဲ႕ အရိပ္ကို သူ ျမင္တာေပါ့။ စမ္းေခ်ာင္းကေလးနဲ႔ တံတားက တထြာေလာက္ပဲ ကြာပါတယ္။ ဒါေပမယ့္ သူဟာ သူ႔အရိပ္လို႔ မထင္ခဲ့ဘူး။

ေခြးကေလးဟာ တျခားတေကာင္က အသားတုံး တခုကို ကိုက္ခ်ီလာတယ္လို႔ သူ႔စိတ္ထဲမွာ ထင္ျမင္မိတယ္။ အဲဒီ အသားတုံးကို ရယူခ်င္တဲ့ အတြက္နဲ႔ ေလာဘတႀကီး ဆတ္ခနဲ ကိုက္ယူလိုက္တဲ့ အခါ သူ႔မွာ နဂိုရွိေနတဲ့ အသားတုံးဟာ စမ္းေခ်ာင္းကေလးထဲကို ျပဳတ္က် ေပ်ာက္ဆုံးသြား ပါေတာ့တယ္။

ဒီပုံျပင္ေလးက အားလုံးနီးပါး ၾကားဖူးၾက ပါတယ္။ ဘဝမွာလည္း ဒီပုံျပင္ေလးလို ပါပဲ။ လူေတြဟာ မိမိမွာ ရွိတာေလးနဲ႔ ေက်နပ္မႈ မရွိၾကပါ။ ထို႔ေၾကာင့္လည္း ေလာဘတရား ပြားမ်ားၾကတာေပါ့။

ပုထုဇဥ္ လူသား ဟူသမွ်ဟာ ေလာဘတရားေတာ့ အနည္းအမ်ား ကိုယ္စီ ရွိၾကမွာ ျဖစ္ပါတယ္။ မိမိမွာ ရွိတာေလးနဲ႔ ေက်နပ္ တင္းတိမ္မႈ မရွိပဲ ေလာဘေတြ အရမ္းႀကီးေနရင္ မိမိ လိုခ်င္တာလည္း မရလိုက္၊ မိမိမွာ ရွိတာေတြလည္း ဆုံးရႈံးသြား တတ္ပါတယ္။

မိမိမွာ ရွိတာေလးနဲ႔ ေက်ေက်နပ္နပ္နဲ႔ တင္းတိမ္စြာ ေနထိုင္မွသာ ကိုယ့္ပစၥည္းဥစၥာလည္း ဆုံးရႈံးမွာ မဟုတ္ပါ။ လိုတာထက္ ေလာဘ ပိုမ်ားေလေလ ဒုကၡႀကီးႀကီးနဲ႔ ႀကဳံေတြ႕ရမယ့္ နီးစပ္ ေလေလပါ။ ရွိတာေလးနဲ႔ ေက်နပ္မႈ ရွိၾကပါလို႔ တိုက္တြန္းရင္း။ Crd

Post a Comment

0 Comments