အလှဆုံး မိန်းမ

လောကမှာ ကိုယ့်အလုပ် ကိုယ်လုပ် ကိုယ့်အကြောင်းပဲ ကိုယ်စိတ်ဝင်စားပြီး ကိုယ့်ဝင်ငွေနဲ့ ကိုယ်ရပ်တည် နိုင်တဲ့ မိန်းမက အလှဆုံးသော မိန်းမပဲ။

သူများနဲ့ မပြိုင်ပဲ သူအင်အားနဲ့သူ ပြိုင်ပြီး သူ့ဘဝအတွက် သူကြိုးစား အောင်မြင်မှုတွေဆီ လျှောက်လှမ်းနေတဲ့ မိန်းမက အလှဆုံးသော မိန်းမပဲ။

သူများအကြောင်း မပြောသလို သူများကို လိုက်မကြည့်ပဲ ကိုယ့်အနာဂတ် အိပ်မက်တွေ အတွက်သာ တစိုက်မတ်မတ် အကောင်အထည် ဖော်ဖို့ ကြိုးစားနေတဲ့ မိန်းမကသာ အလှဆုံးသော မိန်းမပဲ။

တနေ့ တနေ့ ကုသိုလ် ပညာ ဥစ္စာတွေနဲ့ ပျော်မွေ့ပြီး မေတ္တာ စေတနာနဲ့ သူတပါးကိုပါ လမ်းပြပေး နေတဲ့ မိန်းမကသာ အလှဆုံးသော မိန်းမပါ။ ကိုယ်ပိုင် အစွမ်းအစ၊ ကိုယ်ပိုင် အလင်းရောင်နဲ့ မိမိ သူတပါး နှစ်ပါးလုံး အတွက် ထွန်းလင်း တောက်ပနေတဲ့ မိန်းမက လောက မှာ အလှဆုံးသော မိန်းမပါပဲ။

မိန်းမတယောက် အနေနဲ့ ဘဝမှာ ဝမ်းနည်းစရာ၊ နာကျင် ကြေကွဲစရာ၊ အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ မျက်ရည်ကျခွင့် ရှိသလို ငိုကြွေးခွင့်လည်း ရှိပါတယ်။

ဒါပေမယ့် အဲဒီ မျက်ရည်တွေ နဲ့တော့ ရှေ့လာမယ့် အခွင့်အလမ်းတွေ ပျော်ရွှင်ခြင်း တွေကို မမြင်ရတော့ လောက်အောင် ဖုံးကွယ် မနေသင့်ဘူး။

အပြုံးတွေနဲ့ ဆက်လျှောက်ပါ။ ကျနေတဲ့ မျက်ရည်တွေ သုတ်လိုက်ပြီး ဝမ်းနည်း ပူဆွေးခြင်းနဲ့ သောက ဖြစ်စရာ ကိစ္စတွေကို အမြန်ဆုံး ဖယ်ထုတ်ကာ အပြုံးတွေနဲ့ ရှေ့ဆက် လျှောက်နိုင်မှ လှပတဲ့ အနာဂတ်ကို ဖန်တီးနိုင်မှာပါ။ Crd

Zawgyi

အလွဆုံး မိန္းမ

ေလာကမွာ ကိုယ့္အလုပ္ ကိုယ္လုပ္ ကိုယ့္အေၾကာင္းပဲ ကိုယ္စိတ္ဝင္စားၿပီး ကိုယ့္ဝင္ေငြနဲ႔ ကိုယ္ရပ္တည္ ႏိုင္တဲ့ မိန္းမက အလွဆုံးေသာ မိန္းမပဲ။ သူမ်ားနဲ႔ မၿပိဳင္ပဲ သူအင္အားနဲ႔သူ ၿပိဳင္ၿပီး သူ႔ဘဝအတြက္ သူႀကိဳးစား ေအာင္ျမင္မႈေတြဆီ ေလွ်ာက္လွမ္းေနတဲ့ မိန္းမက အလွဆုံးေသာ မိန္းမပဲ။

သူမ်ားအေၾကာင္း မေျပာသလို သူမ်ားကို လိုက္မၾကည့္ပဲ ကိုယ့္အနာဂတ္ အိပ္မက္ေတြ အတြက္သာ တစိုက္မတ္မတ္ အေကာင္အထည္ ေဖာ္ဖို႔ ႀကိဳးစားေနတဲ့ မိန္းမကသာ အလွဆုံးေသာ မိန္းမပဲ။

တေန႔ တေန႔ ကုသိုလ္ ပညာ ဥစၥာေတြနဲ႔ ေပ်ာ္ေမြ႕ၿပီး ေမတၱာ ေစတနာနဲ႔ သူတပါးကိုပါ လမ္းျပေပး ေနတဲ့ မိန္းမကသာ အလွဆုံးေသာ မိန္းမပါ။ ကိုယ္ပိုင္ အစြမ္းအစ၊ ကိုယ္ပိုင္ အလင္းေရာင္နဲ႔ မိမိ သူတပါး ႏွစ္ပါးလုံး အတြက္ ထြန္းလင္း ေတာက္ပေနတဲ့ မိန္းမက ေလာက မွာ အလွဆုံးေသာ မိန္းမပါပဲ။

မိန္းမတေယာက္ အေနနဲ႔ ဘဝမွာ ဝမ္းနည္းစရာ၊ နာက်င္ ေၾကကြဲစရာ၊ အရႈံးေတြနဲ႔ ရင္ဆိုင္ရတဲ့အခါ မ်က္ရည္က်ခြင့္ ရွိသလို ငိုေႂကြးခြင့္လည္း ရွိပါတယ္။

ဒါေပမယ့္ အဲဒီ မ်က္ရည္ေတြ နဲ႔ေတာ့ ေရွ႕လာမယ့္ အခြင့္အလမ္းေတြ ေပ်ာ္႐ႊင္ျခင္း ေတြကို မျမင္ရေတာ့ ေလာက္ေအာင္ ဖုံးကြယ္ မေနသင့္ဘူး။

အၿပဳံးေတြနဲ႔ ဆက္ေလွ်ာက္ပါ။ က်ေနတဲ့ မ်က္ရည္ေတြ သုတ္လိုက္ၿပီး ဝမ္းနည္း ပူေဆြးျခင္းနဲ႔ ေသာက ျဖစ္စရာ ကိစၥေတြကို အျမန္ဆုံး ဖယ္ထုတ္ကာ အၿပဳံးေတြနဲ႔ ေရွ႕ဆက္ ေလွ်ာက္ႏိုင္မွ လွပတဲ့ အနာဂတ္ကို ဖန္တီးႏိုင္မွာပါ။ Crd

Post a Comment

0 Comments