ဘာဘယ်နှင့် သူခိုး

တခါတုန်းက သူဌေးကြီး တဦးရဲ့ အိမ်ကို သူခိုး ဝင်ခိုးတာ တန်ဖိုးရှိတာ တွေပဲ‌ ရွေးပြီး ပါသွားတယ်။ သူဌေးကြီး ကလည်း သူခိုးဟာ မိမိရဲ့ ဝန်ထမ်းများ ထဲက တဦးသာ ဖြစ်ရမယ် လို့ သံသယ ရှိခဲ့တယ်။

ဒါကြောင့် သူက Birbal (အိန္ဒိယပုံပြင်များမှ ပညာရှိ) ထံကို သွားပြီး အဖြစ်အပျက်ကို ပြောပြခဲ့တယ်။ Birbal ကလည်း သူဌေးကြီး အိမ်ကို ရထားလုံးနဲ့ လိုက်လာခဲ့ပြီး သူဌေးကြီးရဲ့ ဝန်ထမ်း အားလုံးကို စုစည်းပြီး တယောက်ချင်းစီကို ပစ္စည်း ခိုးမခိုး မေးမြန်း ခဲ့တယ်။

လူတိုင်းက ငြင်းကြတယ်။ Birbal ဟာ တခဏမျှ စဉ်းစားပြီးနောက် အထူး ပြုလုပ်ထားပြီး အရှည် တူညီတဲ့ သစ်သားတုတ်‌တွေကို ရထားလုံးပေါ်က ထုတ်ယူပေးခဲ့ပြီး သူဌေးကြီးရဲ့ ဝန်ထမ်းတွေကို ပြောလိုက်တယ်။

"ဒီတုတ်တွေက သာမန် တုတ်တွေ မဟုတ်ဘူး၊ နတ်မင်းကြီး ပေးထားတဲ့ တုတ်တွေပဲ။ မနက်ဖြန် နံနက်မှာ သူခိုးအစစ်ရဲ့ တုတ်က ၂ လက်မ ပိုရှည်လာ လိမ့်မယ်" လို့ ပြောခဲ့ပြီး ဝန်ထမ်း‌တွေကို အိမ်ပြန် လွှတ်လိုက်တယ်။

နောက်တနေ့ နံနက်မှာ ဝန်ထမ်း‌တွေကို Birbal က ပြန်ခေါ်လိုက်ပြီး သူတို့ တုတ်ချောင်းတွေကို ပြန်ပေးဖို့ ပြောတယ်။ တုတ်ချောင်း တချောင်းမှ ပိုရှည်နေတာ မရှိပဲ ဝန်ထမ်းတဦးရဲ့ တုတ်တချောင်း ကတော့ ၂ လက်မ တိုနေ ခဲ့တယ်။ တိုနေတဲ့ တုတ်ပိုင်ရှင် ဝန်ထမ်းကို Birbal က ညွှန်ပြပြီး သူဟာ သူခိုးပဲ လို့ ပြောလိုက်တယ်။

နောက်ပိုင်းမှာ သူဌေးကြီးက Birbal ကို "သူခိုးကို ဘယ်လို ဖမ်းမိတာလဲ" လို့ မေးခဲ့တယ်။ Birbalက "သူ့ရဲ့ တုတ်တွေက မနက်မှာ ၂ လက်မလောက် ပိုရှည်လာမှာကို စိုးရိမ်တဲ့ အတွက် သူခိုးဟာ ညမှာကတည်းက ၂ လက်မလောက် ဖြတ်ထားခဲ့တာ" လို့ ပြောပါတယ်။ အမှန်တရားကို ဖုံးကွယ်ထားလို့ မရပါဘူး။ Crd

Zawgyi

ဘာဘယ္နွင့္ သူခိုး

တခါတုန္းက သူေဌးႀကီး တဦးရဲ႕ အိမ္ကို သူခိုး ဝင္ခိုးတာ တန္ဖိုးရွိတာ ေတြပဲ‌ ေ႐ြးၿပီး ပါသြားတယ္။ သူေဌးႀကီး ကလည္း သူခိုးဟာ မိမိရဲ႕ ဝန္ထမ္းမ်ား ထဲက တဦးသာ ျဖစ္ရမယ္ လို႔ သံသယ ရွိခဲ့တယ္။

ဒါေၾကာင့္ သူက Birbal (အိႏၵိယပုံျပင္မ်ားမွ ပညာရွိ) ထံကို သြားၿပီး အျဖစ္အပ်က္ကို ေျပာျပခဲ့တယ္။ Birbal ကလည္း သူေဌးႀကီး အိမ္ကို ရထားလုံးနဲ႔ လိုက္လာခဲ့ၿပီး သူေဌးႀကီးရဲ႕ ဝန္ထမ္း အားလုံးကို စုစည္းၿပီး တေယာက္ခ်င္းစီကို ပစၥည္း ခိုးမခိုး ေမးျမန္း ခဲ့တယ္။

လူတိုင္းက ျငင္းၾကတယ္။ Birbal ဟာ တခဏမွ် စဥ္းစားၿပီးေနာက္ အထူး ျပဳလုပ္ထားၿပီး အရွည္ တူညီတဲ့ သစ္သားတုတ္‌ေတြကို ရထားလုံးေပၚက ထုတ္ယူေပးခဲ့ၿပီး သူေဌးႀကီးရဲ႕ ဝန္ထမ္းေတြကို ေျပာလိုက္တယ္။

"ဒီတုတ္ေတြက သာမန္ တုတ္ေတြ မဟုတ္ဘူး၊ နတ္မင္းႀကီး ေပးထားတဲ့ တုတ္ေတြပဲ။ မနက္ျဖန္ နံနက္မွာ သူခိုးအစစ္ရဲ႕ တုတ္က ၂ လက္မ ပိုရွည္လာ လိမ့္မယ္" လို႔ ေျပာခဲ့ၿပီး ဝန္ထမ္း‌ေတြကို အိမ္ျပန္ လႊတ္လိုက္တယ္။

ေနာက္တေန႔ နံနက္မွာ ဝန္ထမ္း‌ေတြကို Birbal က ျပန္ေခၚလိုက္ၿပီး သူတို႔ တုတ္ေခ်ာင္းေတြကို ျပန္ေပးဖို႔ ေျပာတယ္။ တုတ္ေခ်ာင္း တေခ်ာင္းမွ ပိုရွည္ေနတာ မရွိပဲ ဝန္ထမ္းတဦးရဲ႕ တုတ္တေခ်ာင္း ကေတာ့ ၂ လက္မ တိုေန ခဲ့တယ္။ တိုေနတဲ့ တုတ္ပိုင္ရွင္ ဝန္ထမ္းကို Birbal က ၫႊန္ျပၿပီး သူဟာ သူခိုးပဲ လို႔ ေျပာလိုက္တယ္။

ေနာက္ပိုင္းမွာ သူေဌးႀကီးက Birbal ကို "သူခိုးကို ဘယ္လို ဖမ္းမိတာလဲ" လို႔ ေမးခဲ့တယ္။ Birbalက "သူ႔ရဲ႕ တုတ္ေတြက မနက္မွာ ၂ လက္မေလာက္ ပိုရွည္လာမွာကို စိုးရိမ္တဲ့ အတြက္ သူခိုးဟာ ညမွာကတည္းက ၂ လက္မေလာက္ ျဖတ္ထားခဲ့တာ" လို႔ ေျပာပါတယ္။ အမွန္တရားကို ဖံုးကြယ္ထားလို့ မရပါဘူး။ Crd

Post a Comment

0 Comments