ရိုးသားပါ မတုံးအ ပါနှင့်

တခါက သေးငယ်တဲ့ တိုင်းပြည် တပြည်မှာ Zheng လို့ခေါ်တဲ့ ခပ်တုံးတုံး လူတယောက် နေထိုင်သတဲ့။ တနေ့တော့ သူဟာ သူ့ခြေ ထောက်တွေ အတွက် ရှူးဖိနစ်အသစ် ဝယ်ချင်တဲ့စိတ် ဖြစ်ပေါ်လာ ခဲ့တယ်။

ပထမဆုံး Zheng ဟာ သူ့ခြေထောက်ကို ပေတံနဲ့ တိုင်းပြီး ရလာတဲ့ အတိုင်းအတာကို စာရွက်ပေါ် ချရေးခဲ့တယ်။ ပြီးတော့ ဖိနပ်ဆိုင်ကို အလျင်အမြန် ထွက်လာခဲ့ ပါတယ်။

ဖိနပ်ဆိုင် ရောက်တဲ့အခါမှာ သူ့အိပ်ကပ်ထဲ စမ်းကြည့်တဲ့အခါ ဖိနပ် အတိုင်းအတာ မှတ်ထားတဲ့ စာရွက်က အိမ်မှာ ကျန်နေခဲ့ပြီ ဆိုတာ သူ သိလိုက်ရတယ်။

သူက အားနာစွာနဲ့ပဲ ဖိနပ်ဆိုင်ရှင်ကို ပြောတယ်။ "အိမ်မှာ ကျွန်တော့် ဖိနပ်အတိုင်း ကျန်ခဲ့တယ်ဗျာ။ ဘယ်အရွယ်အစားလဲ မသိဘူး။ ကျနော် အမြန်ဆုံး သွားယူပါ့မယ်။ တမိနစ်လောက် ပါပဲ"

အဲဒီလိုပြောပြီး သူဟာ မြန်နိုင်သမျှ မြန်အောင် ပြေးပြီး အိမ်ကို ပြန်လာခဲ့တယ်။

အိမ်ပြန်ရောက်တဲ့ အခါ ဖိနပ် အရွယ်အစားကို မှတ်ထားတဲ့ စာရွက်ကို တွေ့ပြီး ဖိနပ်ဆိုင်ကို ပြန်လာခဲ့တယ်။

ဒါပေမယ့် ကံမကောင်း စွာနဲ့ပဲ ဖိနပ်ဆိုင်က ပိတ်သွားခဲ့ ပါပြီ။ သူ ကြိုးစားပြေးပြီး ယူခဲ့ပေမယ့်လည်း ဖိနပ်အသစ်တွေ မရခဲ့ပါဘူး။

အဲဒီနောက်မှာ သူ့အဖြစ်အပျက်ကို မြင်တဲ့ လူတယောက်က မေးတယ်။ "ဖိနပ် ဝယ်ဖို့က ခင်ဗျားအတွက်လား တယောက်ယောက်အတွက် လားဗျ"

"ကျွန်တော့်အတွက် ပါဗျ" လို့ Zheng က ပြန်ဖြေတယ်။ "ဟင် ဒါဆို ခင်ဗျား ခြေထောက်တွေကို ဖိနပ်ဆိုင်မှာ တခါတည်း စီးကြည့်ပြီး ဘာလို့ မတိုင်းခဲ့တာလဲ" လို့ ထိုလူက ပြောပါတော့တယ်။

တုံးလွန်း အလွန်းတယ် ဆိုတာ ရိုးသားတယ် ကောက်ကျစ်တယ်နဲ့ မဆိုင်ပါဘူး။ လောကကြီးမှာ တုံးလွန်းသူ တွေဟာ လိုချင်တဲ့အရာတခုကို ခက်ခက်ခဲခဲ ယူကြရသလို ဆုံးရှုံးမှုတွေလည်း အမြဲ ကြုံရလေ့ ရှိပါတယ်။ သက်တန့်ချို

Post a Comment

0 Comments