အချောင်ခိုတဲ့ မြေခွေး

တခါက အရမ်း အစားမက်တဲ့ မြေခွေးတကောင် ရှိတယ်။ တနေ့ မှာတော့ အဲ့ဒီမြေခွေးဟာ ဟိုဟို ဒီဒီ အစာရှာ ထွက်နေပေမယ့် ဘာအစာမှ ရှာမတွေ့ သေးပါဘူး။

နောက်ဆုံးမှာတော့ မြေခွေးဟာ သစ်ပင် အခေါင်းပေါက် တခုထဲက ပေါင်မုန့် တလုံးနဲ့ အသားတတုံး တွေ့ပါတော့တယ်။ အဲ့ဒီမှာတော့ အစားမက်တဲ့ မြေခွေးဟာ အခေါင်းပေါက် ထဲကို ဖျစ်ညှစ် ဝင်သွားပြီး အစာတွေကို အကုန် စားလိုက် ပါတော့တယ်။

အဲဒီ အစားအစာ တွေဟာ သစ်ခုတ်သမား တယောက်က သူပြန်လာရင် စားမယ် ဆိုပြီး ထားခဲ့တဲ့ အစားအစာပဲ ဖြစ်ပါတယ်။မြေခွေးဟာ စားကောင်းကောင်းနဲ့ စားနေချိန်မှာ ဗိုက်တင်းကားပြီး သစ်ခေါင်းထဲ ကနေ အပြင်ကို ပြန်မထွက်နိုင် တော့တာကို သတိထားမိ လိုက်ပါတယ်။

အဲဒီအချိန်မှာပဲ သစ်ခုတ်သမား ပြန်လာတော့ သစ်ပင် အခေါင်းပေါက် ထဲမှာ သူ့ရဲ့ အစားအစာတွေ တွေ့ရမယ့် အစား မြေခွေး တကောင်သာ တွေ့ပါတော့တယ်။

နောက်ဆုံးမှာတော့ သစ်ခုတ်သမားဟာ သူစားမယ့် စားစရာ မရှိတော့တဲ့ အတွက် မြေခွေးကို သတ်ပြီး စားလိုက် ပါတော့တယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ဒီအကြောင်းအရာလေးက ပေးတဲ့ သင်ခန်းစာလေး ကတော့ ဘဝမှာ အနေသာလို့ အသာနေခဲ့ရင် အသေစောကာ ကိုယ်ကျိုး နည်းရပါလိမ့်မယ်။

ဘဝမှာ ထောင်ချောက် တခု ရှိပါတယ်။ အဲ့ဒီ ထောင်ချောက်က "သက်သာခြင်း" ဆိုတာပါပဲ။ ကိုယ်အပင်ပန်းခံ ကြိုးစားနိုင်တဲ့ အရွယ်မှာ အလွယ်လမ်းကို မလိုက်မိ ပါစေနဲ့။ Crd

Zawgyi

အေခ်ာင္လိုက္ေသာ ေျမေခြး

တခါက အရမ္း အစားမက္တဲ့ ေျမေခြးတေကာင္ ရွိတယ္။ တေန႔ မွာေတာ့ အဲ့ဒီေျမေခြးဟာ ဟိုဟို ဒီဒီ အစာရွာ ထြက္ေနေပမယ့္ ဘာအစာမွ ရွာမေတြ႕ ေသးပါဘူး။

ေနာက္ဆုံးမွာေတာ့ ေျမေခြးဟာ သစ္ပင္ အေခါင္းေပါက္ တခုထဲက ေပါင္မုန႔္ တလုံးနဲ႔ အသားတတုံး ေတြ႕ပါေတာ့တယ္။ အဲ့ဒီမွာေတာ့ အစားမက္တဲ့ ေျမေခြးဟာ အေခါင္းေပါက္ ထဲကို ဖ်စ္ညႇစ္ ဝင္သြားၿပီး အစာေတြကို အကုန္ စားလိုက္ ပါေတာ့တယ္။

အဲဒီ အစားအစာ ေတြဟာ သစ္ခုတ္သမား တေယာက္က သူျပန္လာရင္ စားမယ္ ဆိုၿပီး ထားခဲ့တဲ့ အစားအစာပဲ ျဖစ္ပါတယ္။ေျမေခြးဟာ စားေကာင္းေကာင္းနဲ႔ စားေနခ်ိန္မွာ ဗိုက္တင္းကားၿပီး သစ္ေခါင္းထဲ ကေန အျပင္ကို ျပန္မထြက္ႏိုင္ ေတာ့တာကို သတိထားမိ လိုက္ပါတယ္။

အဲဒီအခ်ိန္မွာပဲ သစ္ခုတ္သမား ျပန္လာေတာ့ သစ္ပင္ အေခါင္းေပါက္ ထဲမွာ သူ႔ရဲ႕ အစားအစာေတြ ေတြ႕ရမယ့္ အစား ေျမေခြး တေကာင္သာ ေတြ႕ပါေတာ့တယ္။ ေနာက္ဆုံးမွာေတာ့ သစ္ခုတ္သမားဟာ သူစားမယ့္ စားစရာ မရွိေတာ့တဲ့ အတြက္ ေျမေခြးကို သတ္ၿပီး စားလိုက္ ပါေတာ့တယ္။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ ဒီအေၾကာင္းအရာေလးက ေပးတဲ့ သင္ခန္းစာေလး ကေတာ့ ဘဝမွာ အေနသာလို႔ အသာေနခဲ့ရင္ အေသေစာကာ ကိုယ္က်ိဳး နည္းရပါလိမ့္မယ္။

ဘဝမွာ ေထာင္ေခ်ာက္ တခု ရွိပါတယ္။ အဲ့ဒီ ေထာင္ေခ်ာက္က "သက္သာျခင္း" ဆိုတာပါပဲ။ ကိုယ္အပင္ပန္းခံ ႀကိဳးစားႏိုင္တဲ့ အ႐ြယ္မွာ အလြယ္လမ္းကို မလိုက္မိ ပါေစနဲ႔။ Crd

Post a Comment

0 Comments