ချစ်ခြင်းမေတ္တာနှင့် ဒေါသ

တခါတုန်းက လူတယောက်ဟာ သူ့ရဲ့ ကားအသစ်ကို ပေါလစ် တိုက်နေတယ်။ အဲဒီ အချိန်မှာ သူ့ရဲ့ ၆ နှစ် အရွယ် သားလေးဟာ ကျောက်ခဲနဲ့ ကားရဲ့ ဘေးခြမ်းမှာ ခြစ်လိုက်တယ်။

သူတော်တော် စိတ်ဆိုးသွားပြီ သူ့သားရဲ့ လက်ကို ဂွနဲ့ သတိမထားမိပဲ အချက်ပေါင်း များစွာ ထုရိုက်မိ သွားတယ်။ ဆေးရုံးရောက်တော့ သားလေးရဲ့ လက်ချောင်းလေး တွေဟာ ကျိုးကြေကုန်လို့ မတတ်သာပဲ အကုန် ဖြတ်လိုက်ရ ရှာတယ်။

ဖခင်ကို တွေ့တော့ နာကျည်းနေတဲ့ မျက်ဝန်းတွေနဲ့ "ဖေဖေ သားရဲ့ လက်ချောင်းတွေ ပြန်ပေါက်လာ မှာလား" လို့ မေးရှာတယ်။ ဖခင်ဟာ အရမ်း ခံစားသွား ရပြီး ပြောစရာ စကားတွေ ပျောက်ဆုံး သွားတယ်။

အဲဒါနဲ့ သူ့ကားဆီကို ပြန်သွားပြီး သူ့ရဲ့ ကားအသစ်ကို အချက်ပေါင်း များစွာ ကန်တယ်။ မောပန်းပြီး ကားအနားမှာ ငုတ်တုတ်ထိုင်ရင်း သူ့ရဲ့ သားငယ် ခြစ်ထားတဲ့ ခဲခြစ်ရာကို ကြည့်မိတယ်။ အဲဒီမှာ သားငယ် ရေးထားတာက "ဖေဖေကို ချစ်တယ်" တဲ့။

သူဘယ်လိုမှ မခံစားနိုင်ပဲ နောက်တနေ့မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင် လိုက်တယ်။ ဒေါသနဲ့ ချစ်ခြင်းမေတ္တာမှာ အကန့်အသတ် ဆိုတာ မရှိဘူး။ အချစ်ကိုသာ ရွေးချယ်ပြီး လှပပြီး နှစ်လိုဖွယ် ကောင်းတဲ့ ဘဝကိုသာ ရွေးချယ်ပါ။

အရာဝတ္ထု ဆိုတာ အသုံးပြုဖို့၊ လူဆိုတာ ချစ်ဖို့။ ဒီနေ့ကစပြီး စိတ်ထဲမှာ သတိထားပြီး မှတ်သားသွားပါ။ အရာဝတ္ထုတွေ ဆိုတာ အသုံးပြုဖို့၊ လူတွေ ဆိုတာ ချစ်ဖို့ပါ။

ဒါပေမယ့် ယနေ့ လောကကြီးရဲ့ ပြသနာက လူတွေကို အသုံးပြုပြီး အရာဝတ္ထု တွေကို ချစ်နေကြတယ်။ Crd and phoomyatchal

Zawgyi

ခ်စ္ျခင္းေမတၱာႏွင့္ ေဒါသ

တခါတုန္းက လူတေယာက္ဟာ သူ႔ရဲ႕ ကားအသစ္ကို ေပါလစ္ တိုက္ေနတယ္။ အဲဒီ အခ်ိန္မွာ သူ႔ရဲ႕ ၆ ႏွစ္ အ႐ြယ္ သားေလးဟာ ေက်ာက္ခဲနဲ႔ ကားရဲ႕ ေဘးျခမ္းမွာ ျခစ္လိုက္တယ္။

သူေတာ္ေတာ္ စိတ္ဆိုးသြားၿပီ သူ႔သားရဲ႕ လက္ကို ဂြနဲ႔ သတိမထားမိပဲ အခ်က္ေပါင္း မ်ားစြာ ထု႐ိုက္မိ သြားတယ္။ ေဆး႐ုံးေရာက္ေတာ့ သားေလးရဲ႕ လက္ေခ်ာင္းေလး ေတြဟာ က်ိဳးေၾကကုန္လို႔ မတတ္သာပဲ အကုန္ ျဖတ္လိုက္ရ ရွာတယ္။

ဖခင္ကို ေတြ႕ေတာ့ နာက်ည္းေနတဲ့ မ်က္ဝန္းေတြနဲ႔ "ေဖေဖ သားရဲ႕ လက္ေခ်ာင္းေတြ ျပန္ေပါက္လာ မွာလား" လို႔ ေမးရွာတယ္။ ဖခင္ဟာ အရမ္း ခံစားသြား ရၿပီး ေျပာစရာ စကားေတြ ေပ်ာက္ဆုံး သြားတယ္။

အဲဒါနဲ႔ သူ႔ကားဆီကို ျပန္သြားၿပီး သူ႔ရဲ႕ ကားအသစ္ကို အခ်က္ေပါင္း မ်ားစြာ ကန္တယ္။ ေမာပန္းၿပီး ကားအနားမွာ ငုတ္တုတ္ထိုင္ရင္း သူ႔ရဲ႕ သားငယ္ ျခစ္ထားတဲ့ ခဲျခစ္ရာကို ၾကည့္မိတယ္။ အဲဒီမွာ သားငယ္ ေရးထားတာက "ေဖေဖကို ခ်စ္တယ္" တဲ့။

သူဘယ္လိုမွ မခံစားႏိုင္ပဲ ေနာက္တေန႔မွာ ကိုယ့္ကိုယ္ကို အဆုံးစီရင္ လိုက္တယ္။ ေဒါသနဲ႔ ခ်စ္ျခင္းေမတၱာမွာ အကန႔္အသတ္ ဆိုတာ မရွိဘူး။ အခ်စ္ကိုသာ ေ႐ြးခ်ယ္ၿပီး လွပၿပီး ႏွစ္လိုဖြယ္ ေကာင္းတဲ့ ဘဝကိုသာ ေ႐ြးခ်ယ္ပါ။

အရာဝတၳဳ ဆိုတာ အသုံးျပဳဖို႔၊ လူဆိုတာ ခ်စ္ဖို႔။ ဒီေန႔ကစၿပီး စိတ္ထဲမွာ သတိထားၿပီး မွတ္သားသြားပါ။ အရာဝတၳဳေတြ ဆိုတာ အသုံးျပဳဖို႔၊ လူေတြ ဆိုတာ ခ်စ္ဖို႔ပါ။ ဒါေပမယ့္ ယေန႔ ေလာကႀကီးရဲ႕ ျပသနာက လူေတြကို အသုံးျပဳၿပီး အရာဝတၳဳ ေတြကို ခ်စ္ေနၾကတယ္။ Crd and phoomyatchal

Post a Comment

0 Comments