ကိုယ့်စိတ်နဲ့ ကိုယ်ရှင်သန်ပါ

ချစ်တယ် ချစ်တယ်နဲ့ ပစ်ပယ် သွားတတ်တဲ့ သူတွေ ရှိမယ်။ စာနာတယ် သနားတယ်နဲ့ နှိမ်သွားတတ်တဲ့ သူတွေ ရှိမယ်။ ကူညီတယ် ကူညီတယ်နဲ့ အခွင့်အရေး ယူသွားတတ်တဲ့ သူတွေ ရှိမယ်။ ချီးကျူးတယ် ချီးကျူးတယ်နဲ့ အပုပ်ချ သွားတတ်တဲ့ သူတွေ ရှိမယ်။

လောကကြီး ထဲမှာ နှုတ်ဖျားက ပျားသကာလို ချိုနေပေမဲ့ အတွင်းသဘောက ပုပ်ပွနေ တတ်ကြတာကို သိထားပါ။ ဘဝသင်ခန်းစာ ဆိုတာ ကိုယ်တိုင် ကြုံတွေ့ ဖြတ်သန်းဖူးမှ သိတာ ဆိုပေမဲ့ ကြိုတင် သိရှိထားတော့ စိတ်ဆင်းရဲတဲ့ ဒုက္ခ ခံစားရမှုကို ရှောင်ရှားနိုင် ပါလိမ့်မယ်။

ဒါကြောင့် နှုတ်ခမ်းဖျားက စကားတွေမှာ သာယာပြီး လူတိုင်းကိုလည်း လွယ်လွယ် မချစ်ပါနဲ့။ လူတိုင်းကိုလည်း အထင် မကြီးပါနဲ့။ လူတိုင်း ကိုလည်း အယုံမလွယ် ပါနဲ့။ လူတိုင်းကိုလည်း အားမကိုးမိ ပါစေနဲ့။

လူဆိုတာ အားနည်းချက် ကိုမှ ချနင်းသွားတတ် ကြတယ်။ မြေပျော့ရင် ခြေရာ ကျန်သလို စိတ်ပျော့ရင် တသက်လုံး ဒဏ်ရာ ထင်ကျန်နေ တတ်တယ်။

မိမိအားနည်းချက်၊ အခက်အခဲများကို ဘယ်တော့မှ ထုတ်ဖော် မပြပါနဲ့။ အမြဲတမ်း စိတ်ဓာတ် မာကျောရဲရင့်သူ ဖြစ်နေပါစေ။ မိမိဘဝကို မိမိကိုယ်တိုင် လျှောက်လှမ်းကြရာမှာ မိမိကိုယ်ကို အားကိုးပါ ယုံကြည်ပါ ရဲရင့်ပါ။

ဇွဲလုံလ ဝီရိယထားပါ၊ စိတ်ဓာတ် မာကျောပါ၊ ဘယ်အရာကိုမှ တွေးမကြောက်ပါနဲ့။ ဖြစ်ပျက်ပြီးခဲ့သမျှ အရာတွေကို ပြန်လှည့် မကြည့်ပါနဲ့။

မိမိရပ်နေတဲ့ ခြေအစုံ နေရာတိုင်းမှာ မိမိသွေးသား စိတ်ဝိညဉ်တို့ တည်ကြည် ခိုင်မြဲနေပါစေ။ မိမိဘဝကို ကိုယ့်အား ကိုယ်ကိုး၊ ကိုယ့်စိတ်နဲ့ ကိုယ်ရှင်သန်ပါ။ crd

Zawgyi

ကိုယ့္စိတ္နဲ႔ ကိုယ္ရွင္သန္ပါ

ခ်စ္တယ္ ခ်စ္တယ္နဲ႔ ပစ္ပယ္ သြားတတ္တဲ့ သူေတြ ရွိမယ္။ စာနာတယ္ သနားတယ္နဲ႔ ႏွိမ္သြားတတ္တဲ့ သူေတြ ရွိမယ္။ ကူညီတယ္ ကူညီတယ္နဲ႔ အခြင့္အေရး ယူသြားတတ္တဲ့ သူေတြ ရွိမယ္။ ခ်ီးက်ဴးတယ္ ခ်ီးက်ဴးတယ္နဲ႔ အပုပ္ခ် သြားတတ္တဲ့ သူေတြ ရွိမယ္။

ေလာကႀကီး ထဲမွာ ႏႈတ္ဖ်ားက ပ်ားသကာလို ခ်ိဳေနေပမဲ့ အတြင္းသေဘာက ပုပ္ပြေန တတ္ၾကတာကို သိထားပါ။ ဘဝသင္ခန္းစာ ဆိုတာ ကိုယ္တိုင္ ႀကဳံေတြ႕ ျဖတ္သန္းဖူးမွ သိတာ ဆိုေပမဲ့ ႀကိဳတင္ သိရွိထားေတာ့ စိတ္ဆင္းရဲတဲ့ ဒုကၡ ခံစားရမႈကို ေရွာင္ရွားႏိုင္ ပါလိမ့္မယ္။

ဒါေၾကာင့္ ႏႈတ္ခမ္းဖ်ားက စကားေတြမွာ သာယာၿပီး လူတိုင္းကိုလည္း လြယ္လြယ္ မခ်စ္ပါနဲ႔။ လူတိုင္းကိုလည္း အထင္ မႀကီးပါနဲ႔။ လူတိုင္း ကိုလည္း အယုံမလြယ္ ပါနဲ႔။ လူတိုင္းကိုလည္း အားမကိုးမိ ပါေစနဲ႔။

လူဆိုတာ အားနည္းခ်က္ ကိုမွ ခ်နင္းသြားတတ္ ၾကတယ္။ ေျမေပ်ာ့ရင္ ေျခရာ က်န္သလို စိတ္ေပ်ာ့ရင္ တသက္လုံး ဒဏ္ရာ ထင္က်န္ေန တတ္တယ္။

မိမိအားနည္းခ်က္၊ အခက္အခဲမ်ားကို ဘယ္ေတာ့မွ ထုတ္ေဖာ္ မျပပါနဲ႔။ အၿမဲတမ္း စိတ္ဓာတ္ မာေက်ာရဲရင့္သူ ျဖစ္ေနပါေစ။ မိမိဘဝကို မိမိကိုယ္တိုင္ ေလွ်ာက္လွမ္းၾကရာမွာ မိမိကိုယ္ကို အားကိုးပါ ယုံၾကည္ပါ ရဲရင့္ပါ။

ဇြဲလုံလ ဝီရိယထားပါ၊ စိတ္ဓာတ္ မာေက်ာပါ၊ ဘယ္အရာကိုမွ ေတြးမေၾကာက္ပါနဲ႔။ ျဖစ္ပ်က္ၿပီးခဲ့သမွ် အရာေတြကို ျပန္လွည့္ မၾကည့္ပါနဲ႔။ မိမိရပ္ေနတဲ့ ေျခအစုံ ေနရာတိုင္းမွာ မိမိေသြးသား စိတ္ဝိညဥ္တို႔ တည္ၾကည္ ခိုင္ၿမဲေနပါေစ။ မိမိဘဝကို ကိုယ့္အား ကိုယ္ကိုး၊ ကိုယ့္စိတ္နဲ႔ ကိုယ္ရွင္သန္ပါ။ crd

Post a Comment

0 Comments