ကျန်းမာရေးနဲ့ညီညွတ်ပြီး ကိုယ်အလေးချိန်ကို တကယ်ကျစေမယ့်နည်းလမ်း (၉) ခု

ကိုယ်အလေးချိန်ကျစေဖို့ နည်းလမ်းတွေက အများကြီးရှိပါတယ်။ အချို့နည်းလမ်းတွေက ကျန်းမာရေးနဲ့ညီညွတ်ပြီး အချို့နည်းလမ်းတွေက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။

ကိုယ်အလေးချိန်ချတဲ့နည်းလမ်း မမှန်ကန်တဲ့အခါ ကျန်းမာရေးကို ထိခိုက်လာပြီး အချိန်အနည်းငယ်အတွင်း ကိုယ်အလေးချိန်ကလည်း ပြန်တက်လာမှာပါ။ အဲဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်ပြီး ကိုယ်အလေးချိန်ကျစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အစီအစဉ်ဆွဲပါ။

ကိုယ်အလေးချိန်ချတော့မယ်ဆိုရင် သင်လိုချင်တဲ့ကိုယ်အလေးချိန်၊ နေ့စဉ်စားမယ့်အစားအသောက်ပုံစံ၊ နားမယ့်ရက်၊ ဝယ်ရမယ့်အစားအစာတွေကို စာရင်းပြုလုပ်ထားပါ။ နေ့စဉ်စားမယ့်အစားအစာတွေကို စီစဉ်ထားတာက ချက်ပြုတ်တဲ့အချိန်သက်သာပြီး အများကြီးလည်း မစားမိတော့ပါဘူး။ ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအစာတွေကိုလည်း ရှောင်ပြီးသားဖြစ်စေပါတယ်။

၂။ ရေခဲသေတ္တာကို သန့်ရှင်းရေးလုပ်ပါ။

ရေခဲသေတ္တာထဲမှာ အသင့်စားအစားအစာတွေ၊ ကယ်လိုရီများတဲ့အစားအစာတွေ ရှိနေရင် စိတ်ကို မထိန်းနိုင်တဲ့အခါ စားမိနေမှာပါ။ အဲဒါကြောင့် ရေခဲသေတ္တာထဲမှာ စီစဉ်ထားတဲ့အစားအစာတွေကိုသာထားပြီး အသင့်စားအစားအစာတွေ၊ အချိုရည်တွေ၊ ကယ်လိုရီများတဲ့အစားအစာတွေကို ဖယ်ထုတ်လိုက်ပါ။

၃။ အာဟာရမျှတအောင်စားပါ။

ကိုယ်အလေးချိန်ကျအောင်လို့ အချို့အစားအစာတွေကို လုံးဝဖြတ်တောက်ပစ်လိုက်တာမျိုး မလုပ်သင့်ပါဘူး။ အာလူး၊ ထမင်း၊ ဂျုံတို့ကို အနည်းငယ်သာစားပါ။ အမျှင်ဓာတ်များတဲ့ အစားအစာတွေဖြစ်တဲ့ ထောပတ်သီး၊ ပန်းသီး၊ ရက်စ်ဘယ်ရီသီး၊ ငှက်ပျောသီး၊ မုန်လာဥနီနဲ့ ပန်းဂေါ်ဖီစိမ်းတို့ကို များများစားပါ။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အသားဓာတ်ကိုလည်း နေ့စဉ်ထည့်သွင်းပြီး စားသင့်ပါတယ်။

၄။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေကို ရှောင်ပါ။

ကယ်လိုရီတွေ၊ အချိုတွေ အရမ်းများတဲ့အချိုရည်၊ ဆိုဒါ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ပီဇာ၊ ဘာဂါ၊ ဆီကြော်စာ၊ အဆီတွေကို ရှောင်တဲ့အခါ ကိုယ်အလေးချိန်က သိသိသာသာ ကျသွားမှာပါ။

၅။ အစားအစာကို လုံးဝဖြတ်တောက်လိုက်တာကို ရှောင်ပါ။

ကိုယ်အလေးချိန်ချဖို့ဆိုရင် အစားအစာတွေ အားလုံးကို လုံးဝဖြတ်တောက်လိုက်စရာမလိုပါဘူး။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေကိုသာ ဖြတ်တောက်ပစ်လိုက်ဖို့ လိုတာပါ။ ဘာတစ်ခုကိုမှ မစားမိအောင် နေလိုက်တာက သင့်ကို အစားစားချင်စိတ်တွေ ပိုတိုးလာစေပါတယ်။

၆။ ရေများများသောက်ပါ။

ကိုယ်အလေးချိန် ကျဖို့အတွက်သာမက ကျန်းမာရေးဖို့ကောင်းဖို့အတွက်ဆိုရင် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ စုပ်ယူနိုင်ဖို့ ရေက ကူညီပေးပါတယ်။ ရေများများသောက်တဲ့အခါ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပြီးသား ဖြစ်စေပါတယ်။

၇။ ဇွဲရှိပါ။

စားချင်တဲ့အစားအစာတွေကို စားနေရာကနေ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို ပြောင်းလဲစားသောက်လိုက်တာက အစပိုင်းမှာ မလွယ်ကူပါဘူး။ ခဏလောက်စားပြီးတာနဲ့ ငြီးငွေ့လာပြီး အရင်လိုပဲ ပြန်စားချင်လာမှာပါ။ အဲဒီအခါ ကိုယ်အလေးချိန်က ကျလာမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ဇွဲရှိရှိနဲ့ စိတ်ထိန်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို စားသုံးပါ။

၈။ အိပ်ရေးဝဝအိပ်ပါ။

အိပ်ရေးမဝတဲ့အခါမှာ တစ်နေကုန်လုံး အစားစားချင်စိတ်တွေပဲ ဖြစ်နေတတ်ပါတယ်။ အိပ်ရေးမဝတာကြောင့် ခန္ဓာကိုယ်မှာ ဟော်မုန်းမမျှတဘဲ အစားစားချင်စိတ်က ပိုဖြစ်နေတာပါ။ အိပ်ရေးမဝတာကြောင့် အချိုတွေကို ပိုစားချင်လာပြီး ကိုယ်အလေးချိန်က ပိုတက်လာမှာပါ။

၉။ အခြားသူများနဲ့ အတူတူကိုယ်အလေးချိန်ချပါ။

တစ်ခါတရံမှာ သင်တစ်ယောက်တည်းကိုယ်အလေးချိန်ချနေတာထက် လူအများနဲ့ တစ်ညီတစ်ညာတည်း ကိုယ်အလေးချိန်ချတာက ပိုပြီး အဆင်ပြေစေပါတယ်။ အဲဒါကြောင့် သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့အတူ ကိုယ်အလေးချိန်ကို အတူတူချတာ သင့်ကို ပိုအားတက်စေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုလည်း အမြဲလိုလို စားဖြစ်သွားစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments