ကြည်လင်စိုပြေလှပတဲ့ အသားအရေကို ရဖို့အတွက် ပြုလုပ်သင့်တဲ့အချက်များ

နေရောင်ခြည်ပြင်းတဲ့ ဒီလိုရာသီဥတုမျိုးမှာ အသားအရေကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အသားအရေ ကြည်လင်စိုပြေလှပဖို့အတွက် ဘယ်လိုအချက်တွေကို ပြုလုပ်သင့်လဲဆိုတာ love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ရေဓာတ်ဖြည့်ပါ။

အသားအရေလှပဖို့အတွက် မျက်နှာတစ်ခုတည်းကိုပဲ ထိန်းသိမ်းနေလို့မရပါဘူး။ နှုတ်ခမ်းအပါအဝင် ခြေထောက်နဲ့ လက်ကိုပါ ရေဓာတ်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် ရေများများသောက်သင့်သလို ရေဓာတ်ဖြည့်ခရင်မ်တွေကိုလည်း လိမ်းပေးသင့်ပါတယ်။ နှုတ်ခမ်းအတွက်တော့ ရေဓာတ်ဖြည့်ဖို့ lip balm ကို အသုံးပြုပါ။

၂။ ကြေးချွတ်ပါ။

အသားအရေကြည်လင်ဖို့အတွက်ဆိုရင် ကြေးချွတ်ဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့် ခဏခဏကြေးချွတ်ပေးစရာ မလိုပါဘူး။ တစ်ပတ်ကို တစ်ကြိမ်နှစ်ကြိမ်ခန့်ဆိုရင် လုံလောက်ပါပြီ။ Scrub တွေနဲ့ ကြေးချွတ်တာက ဆဲလ်သေတွေကို ဖယ်ရှားပြီး အသားအရေကို ကြည်လာစေပါတယ်။

၃။ ရေများများသောက်ပါ။

အသားအရေလှပဖို့ မရှိမဖြစ်လိုအပ်တာတော့ ရေများများသောက်တာပါ။ တစ်နေ့ကို အနည်းဆုံး ရေတစ်လီတာခွဲခန့် သောက်သင့်ပါတယ်။ ရေများများမသောက်ဖြစ်ရင် သဘာဝသစ်သီးအရည်တွေကို သောက်လို့လည်း ရပါတယ်။

၄။ Carotene နဲ့ vitamin E

ကြည်လင်လှပတဲ့ အသားအရေလှပဖို့ နေ့စဉ်အစားအစာထဲမှာ Carotene နဲ့ vitamin E ကို ထည့်သွင်းစားသုံးပါ။ Carotene နဲ့ vitamin E က အသားအရေကို တင်းရင်းလှပစေပါတယ်။ မုန်လာဥနီ၊ ကန်စွန်းဥ၊ တရုတ်ဆီးသီးတို့မှာ Carotene ပါဝင်ပါတယ်။ ဆီ၊ အစေ့အဆံတို့မှာတော့ vitamin E များများ ပါရှိပါတယ်။

နေပူဆာလှုံမယ်ဆိုရင်

နေပူဆာလှုံမယ်ဆိုရင် နာရီပေါင်းများစွာ မလှုံသင့်ပါဘူး။ မနက်ပိုင်းနေရောင်ခြည်ကသာ အကောင်းဆုံးပါ။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့ sunscreen ကိုတော့ မဖြစ်မနေလိမ်းသင့်ပါတယ်နော်။

Zombie (lovemedia)

Post a Comment

0 Comments