အစားအစာကို ချင့်ချိန်စားတာနဲ့ လေ့ကျင့်ခန်းလုပ်တာက ကိုယ်အလေးချိန်ကျစေဖို့ ကူညီပေးပါတယ်။ ဒါပေမယ့် နေ့စဉ်လေ့ကျင့်ခန်းလုပ်ရတာကတော့ ပင်ပန်းတဲ့အရာပါ။ ဝမ်းသာစရာကောင်းတဲ့ တစ်ချက်ကတော့ အိပ်နေရင်းတောင်မှ ကိုယ်အလေးချိန်ကျစေမယ့် နည်းလမ်းတွေ ရှိပါတယ်။
၁။ မအိပ်ခင်မှာ ပရိုတိန်းပါတဲ့ သောက်စရာတွေကို သောက်သုံးပါ။
ကိုယ်အလေးချိန်ကျဖို့အတွက် မအိပ်ခင်မှာ ပရိုတိန်းပါဝင်တဲ့သောက်စရာတွေကို ၃၀ဂရမ်ခန့် သောက်သုံးပါ။ အဲဒီအခါ ခန္ဓာကိုယ်ထဲ ကယ်လိုရီတွေ အိပ်နေစဉ်မှာတောင် လောင်ကျွမ်းပါတယ်။ ပရိုတိန်းက ကြွက်သားတွေ ပြုပြင်တဲ့နေရာမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။
၂။ ညစာကို နည်းနည်းပဲစားပါ။
ညစာကို လုံးဝမစားတာက ပိုကောင်းပါတယ်။ ဒါပေမယ့် ညစာစားချင်တဲ့အခါမှာတော့ နည်းနည်းပဲစားပါ။ ညနက်တဲ့အခါမှ စားလေ ကိုယ်အလေးချိန်ပိုတက်လေပါပဲ။
၃။ ညအိပ်ရာဝင်ချိန်ကို ပုံမှန်ထားပါ။
များပြားတဲ့အလုပ်တွေ၊ ရုပ်ရှင်တွေ၊ ဆက်စရာဖုန်းတွေ စတဲ့အလုပ်တွေပြီးတဲ့နောက်မှာတော့ အိပ်ချိန်က နောက်ကျသွားတတ်ပါတယ်။ အဲဒါကြောင့် တစ်နေ့ကို ၈ နာရီပြည့်အောင် အိပ်စက်ပါ။ အိပ်ချိန်ကိုလည်း အတိအကျထားပြီး အိပ်ရာဝင်ချိန်ရောက်ရင် ချက်ချင်းအိပ်သင့်ပါတယ်။
၄။ ညဘက်မအိပ်ခင်မှာ လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ပါ။
ညဘက်မှာ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ကို လန်းဆန်းစေတာကြောင့် အိပ်တဲ့အချိန်မှာ တော်တော်နဲ့ အိပ်မပျော်ဘဲ ဖြစ်နေမှာပါ။ အဲဒါကြောင့် လေ့ကျင့်ခန်းကို မနက်ခင်းပိုင်းမှာပဲ ပြုလုပ်သင့်ပါတယ်။ ညဘက်မှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်လည်း အိပ်ချိန်နဲ့ ၄ နာရီခန့် ခွာပြီးမှသာ ပြုလုပ်ပါ။
၅။ အိပ်ခန်းထဲက လျှပ်စစ်ပစ္စည်းတွေ အားလုံးကို ပိတ်ပြီးမှ အိပ်ပါ။
လျှပ်စစ်ပစ္စည်းတွေကနေ ထွက်တဲ့ အပြာရောင်အလင်းတန်းတွေက အိပ်စက်မှုကို အနှောင့်အယှက်ပေးပါတယ်။ မအိပ်ခင်မှာ ဖုန်းသုံးတာကို လျှော့လိုက်ရင် အိပ်ရေးဝပြီး ခန္ဓာကိုယ်ကို ဝစေတဲ့ဟော်မုန်းတွေ ထွက်တာလည်း နည်းပါးသွားမှာပါ။
၆။ အပူချိန်ညှိကိရိယာကို ပိတ်ပြီးမှ အိပ်ပါ။
အေးတဲ့အိပ်ခန်းထဲမှာ အိပ်တဲ့အခါ ဗိုက်ကအဆီတွေက လောင်ကျွမ်းပြီး ခန္ဓာကိုယ်ကို နွေးအောင်ပြုလုပ်ပေးပါတယ်။ အဲဒါကြောင့် ညဘက်မှာ အခန်းအပူချိန်ထက် အနည်းငယ်အေးတဲ့အခန်းမှာသာ အိပ်ပါ။
၇။ မှောင်တဲ့အခန်းမှာ အိပ်ပါ။
မှောင်တဲ့အခါမှာ အိပ်တဲ့အခါမှာ မယ်လတိုနင်ဟော်မုန်း ပိုထွက်လာပါတယ်။ မယ်လတိုနင်ဟော်မုန်းက ကောင်းကောင်းမွန်မွန်အိပ်ပျော်စေပြီး ကယ်လိုရီလောင်ကျွမ်းဖို့အတွက်လည်း အထောက်အကူ ဖြစ်စေါပတယ်။
၈။ အဝတ်အစားတွေကို ချွတ်ပြီးမှ အိပ်ပါ။
ဒီအချက်ကတော့ အနည်းငယ်ထူးဆန်းနေပါလိမ့်မယ်။ အဝတ်အစားတွေကို ချွတ်ပြီး အိပ်တဲ့အခါ ခန္ဓာကိုယ်က အေးလာတာကြောင့် ခန္ဓာကိုယ်နွေးဖို့ ဝမ်းဗိုက်မှာရှိတဲ့အဆီတွေက လောင်ကျွမ်းပေးရပါတယ်။ အဲဒါကြောင့် ညဘက်မှာ အဝတ်အစားချွတ်အိပ်တာက ကယ်လိုရီကို ပိုပြီးလောင်ကျွမ်းစေပါတယ်။
Zombie (lovemedia)
0 Comments