ကြောင်တွေမှာ ရာသီဥတုကို ခန့်မှန်းနိုင်တဲ့အစွမ်းရှိလား

ကြောင်နဲ့အခြားသော တိရစ္ဆာန်လေးတွေက လူသားတွေထက် ရာသီဥတုကို ခန့်မှန်းနိုင်ပါတယ်။ ကြောင်လေးတွက လူသားတွေထက် အသံနဲ့ အနံ့တွေကို ပိုပြီး အာရုံခံနိုင်ပါတယ်။ အဲဒါကြောင့် ကြောင်လေးတွေက ရာသီဥတုကို ဘယ်လိုခန့်မှန်းနိုင်လဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

ကြောင်နဲ့ပတ်သက်ပြီးတော့ ယုံကြည်မှုများ

ယခုခေတ်မှာ သိပ္ပံပညာတွေ ထွန်းကားနေပေမယ့် ကြောင်နဲ့ပတ်သက်ပြီးတော့ အယူအဆယုံကြည်မှုတွေ ရှိနေကြဆဲပါပဲ။

- ကြောင်နှာချေရင် မိုးရွာတော့မယ်။

- ကြောင်က ပါးစပ်ဟပြီး ပက်လက်လှန်နေရင် မုန်တိုင်းလာနေပြီ။

- ဆောင်းရာသီမှာ ကြောင်က သူ့မျက်နှာကို သန့်ရှင်းလုပ်နေပြီး နောက်ကျောနဲ့ မီးလှုံနေရင် နှင်းတွေ အရည်ပျော်တော့မယ်။

- ကြောင်က ဟောက်နေရင် ရာသီဥတု ဆိုးရွားမယ်။

- ကြောင်က နားရွက်နောက်ဘက်ကို သန့်ရှင်းရေးလုပ်နေရင် မိုးရွာတော့မယ် စသဖြင့် ကြောင်နဲ့ပတ်သက်ပြီးတော့ ရာသီဥတုခန့်မှန်းမှုတွေဟာ ရှေးလူကြီးတွေမှာ ရှိခဲ့ကြပါတယ်။

ကြောင်တွေက တကယ်ပဲ အာရုံခံစားမှု ကောင်းတာလား။

ကြောင်တွေက အာရုံခံစားမှုအားကောင်းတာကြောင့် လေထုထဲမှာ ဖိအားကျသွားတာ၊ မုန်တိုင်းလာနေတာကို သိနိုင်စွမ်းရှိပါတယ်။ ကြောင်တွေက မိုးချုန်းသံတွေကို နားထောင်ပြီး မုန်တိုင်းက အဝေးမှာ လာနေပြီလား၊ မုန်တိုင်းအားပျော့နေပြီလား ဆိုတာကိုလည်း ခန့်မှန်းနိုင်ပါတယ်။

ကြောင်ရဲ့ခံစားချက်က ရာသီဥတုအပေါ်မူတည်ပြီး ပြောင်းလဲသွားလား။

ကြောင်တွေရဲ့ခံစားချက်က ရာသီဥတုပေါ်မူတည်ပြီး ပြောင်းလဲလေ့ရှိပါတယ်။ လေထုဖိအား၊ အပူချိန်၊ နေ့အလင်းရောင်ပေါ်မူတည်ပြီး ကြောင်တွေရဲ့စိတ်က အမျိုးမျိုးပြောင်းလဲနေပါတယ်။ ဥပမာအားဖြင့် အေးတဲ့ရာသီဥတုမှာ ကြောင်တွေက ပိုပြီး တက်ကြွ၊ ပိုဆော့ပါတယ်။

သူတို့ခန္ဓာကိုယ်ကို နွေးထွေးစေလိုတာကြောင့် ဆောင်းရာသီတွေမှာ ကြောင်တွေက အဆော့သန်ပါတယ်။ အေးတဲ့လတွေမှာ ကြောင်တွေက အစားပိုစားလာပါတယ်။ ကြောင်တွေက ရာသီဥတုပေါ်မှာမူတည်ပြီး စိတ်အပြောင်းအလဲမြန်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments