Skin care တဲ့အခါ Toner နဲ့ tonic တို့ကြားက ခြားနားချက်

Skin care ပစ္စည်းတွေက အမျိုးအစားပေါင်းများစွာ ရှိတာကြောင့် ပထမဆုံးအကြိမ် ကြည့်လိုက်မယ်ဆိုရင်တော့ ခွဲခြားရခက်နေမှာပါ။ တစ်ခါတရံမှာ skin care ပစ္စည်းတွေက နာမည်တွေ ခပ်ဆင်ဆင် တူနေတတ်ပါတယ်။

နာမည်တူပေမယ့် သူတို့ရဲ့အကျိုးအာနိသင်ချင်းကတော့ မတူပါဘူး။ ဒီနေ့မှာတော့ toner နဲ့ tonic တို့ရဲ့ ခြားနားပုံအကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။

Toner နဲ့ toinc နှစ်မျိုးလုံးကို အရည်ပုံစံနဲ့ ထုတ်လုပ်ထားကြပါတယ်။ အသားအရေကို သန့်စင်ပြီးချိန်၊ ဆီရမ်နဲ့ ခရင်မ်တွေမလိမ်းခင်အချိန်မှာ နှစ်မျိုးလုံးကို အသုံးပြုကြပါတယ်။

Toner

အသားအရေကို အတွင်းထဲအထိ နက်နက်ရှိုင်းရှိုင်းသန့်စင်ပေးဖို့၊ မိတ်ကပ်အညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက် toner ကိုအသုံးပြုကြပါတယ်။ အဆီပြန်တဲ့မျက်နှာ၊ ရောင်ရမ်းလွယ်တဲ့မျက်နှာအတွက်ပါ တိုနာက သက်သာအောင် ပြုလုပ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။

အသားအရေကို ရေဓာတ်ဖြည့်ဖို့အတွက် toner မှာ အာဟာရဓာတ်တွေ အပိုပါဝင်သေးပါတယ်။ Witch hazel, alpha hydroxy acids (AHAs)က တိုနာမှာ တွေ့ရလေ့ရှိတဲ့ပါဝင်ပစ္စည်းတွေပါ။

အဲဒီပါဝင်ပစ္စည်းတွေက အသားအရေထဲက အဆီတွေ၊ ချွေးပေါက်ပိတ်တာတွေကို သေသေချာချာ ဖယ်ရှားပေးပါတယ်။ ချွေးပေါက်ကျယ်သူတွေအတွက် toner ကို အသုံးပြုပေးဖို့ လိုအပ်ပါတယ်။

Tonic

Tonic က အသားအရေကို အေးမြစေပြီး ရေဓာတ်ဖြည့်ပေးပါတယ်။ နေ့စဉ်အသားအရေ ထိန်းသိမ်းတဲ့အခါမှာ tonic ကို အသုံးပြုရင် မျက်နှာအသားအရေက စိုစိုအိအိလေး ဖြစ်နေစေမှာပါ။ Tonic မှာ hyaluronic acid နဲ့ နှင်းဆီရည်ပါဝင်ပါတယ်။ အချို့နေရာတွေမှာ tonic ကို essences လို့ ခေါ်ကြပါတယ်။

ဘာကို ရွေးချယ်မလဲ။

Skincare ပစ္စည်းတွေကို ရွေးချယ်တဲ့အခါ မိမိရဲ့အသားအရေပေါ်မူတည်ပြီး ရွေးချယ်သင့်ပါတယ်။ ဥပမာအားဖြင့် အဆီပြန်တဲ့ အသားအရေရှိသူဆိုရင် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ toner တွေကို ရွေးချယ်နိုင်ပါတယ်။

ဒါပေမယ့် နေ့စဉ်အသားအရေ ထိန်းသိမ်းတဲ့အခါမှာ toner ကိုရော tonic ကိုပါ ထည့်သွင်းအသုံးပြုသင့်ပါတယ်။

Zombie ( lovemedia)

Post a Comment

0 Comments