အိမ်သာပိုက်ထဲပိတ်ဆို့နေတဲ့အခါ ဒီနည်းလမ်း (၅) ခုကို အသုံးပြုပါ

အိမ်သာက ပိတ်ဆို့နေပြီဆိုရင် စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။ ဒါပေမယ့် ဖြေရှင်းဖို့နည်းလမ်းလေးတွေကို သိထားရင်တော့ ဒီပြဿနာကို ခေါင်းစားစရာမလိုတော့ပါဘူး။

နည်းလမ်း ၁

တစ်ခါတရံမှာ ရေနွေးပူပူဟာ ပိတ်ဆို့နေတာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ရေနွေးပူပူကို ယူလာပြီး ရေပြွန်ထဲ လောင်းချလိုက်ပါ။ အဲဒီနောက် ခဏစောင့်ပေးပါ။ ပိတ်နေတဲ့ရေတွေက တဖြည်းဖြည်းချင်း ကျသွားတယ်ဆိုရင်တော့ ရပါပြီ။ အဲဒီနောက် ၂ ကြိမ်ခန့်ရေဆွဲချပြီး သန့်ရှင်းရေးလုပ်လိုက်ပါ။

နည်းလမ်း ၂

ရေနွေးလောင်းချလို့ အဆင်မပြေသေးရင် သို့မဟုတ် အချိန်အကြာကြီး မစောင့်နိုင်ဘူးဆိုရင် ဆပ်ပြာရည်ကို အသုံးပြုနိုင်ပါတယ်။ ဆပ်ပြာရည်ခွက်ရဲ့ လေးပုံတစ်ပုံကို အိမ်သာထဲ လောင်းထည့်လိုက်ပါ။ ၅မိနစ်ကနေ ၁၀မိနစ်ခန့် ဒီတိုင်းထားလိုက်ပါ။

အဲဒီနောက် ရေနွေးပူပူကို ထပ်လောင်းထည့်ပြီး စောင့်လိုက်ပါ။ ရေကို ထပ်ဆွဲချပြီး ပိုက်ပိတ်နေသေးလားဆိုတာ စစ်ဆေးကြည့်ပါ။ ဆပ်ပြာက ပိတ်ဆို့နေတဲ့အရာတွေကို ဖယ်ရှားပေးနိုင်တဲ့အစွမ်းရှိပါတယ်။

နည်းလမ်း ၃

အိမ်သာထဲမှာ ရေတွေအရမ်းပြည့်လျှံနေရင် အနည်းငယ် ခပ်ထုတ်လိုက်ပါ။ အဲဒီနောက် မုန့်ဖုတ်ဆိုဒါ ဘူးတစ်ဝက်ကို လောင်းထည့်လိုက်ပါ။ ရှာလကာရည်တစ်ခွက်ကိုလည်း ထပ်ထည့်လိုက်ပါ။ အဲဒီနောက် ၂၅ မိနစ်ခန့် ကြာအောင် စောင့်ပါ။ ၂၅ မိနစ်စောင့်ပြီးရင် ရေနွေး ၁ ဂါလံခန့်ကို အိမ်သာထဲ ထည်လောင်းထည့်ပါ။

နည်းလမ်း ၄

ဓာတုပစ္စည်းတွေကလည်း အိမ်သာထဲ ပိတ်ဆို့နေတာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဘူးမှာ ရေးထားတဲ့ အညွှန်းကို ဖတ်ပြီး အိမ်သာထဲပိတ်ဆို့နေတာတွေကို ဖယ်ရှားပေးတဲ့ ဓာတုဆေးရည်ကို လောင်းထည့်ပါ။ အညွှန်းမှာ ပါတဲ့အချိန်အတိုင်း စောင့်ပေးပါ။ အဲဒီနောက် အိမ်သာရေကို ဆွဲချလိုက်ပါ။

နည်းလမ်း ၅

အထက်ပါနည်းလမ်းတွေနဲ့ အဆင်မပြေတဲ့အခါ ရာဘာတပ်တုတ်တံဖြစ်တဲ့ plunger ကိုလည်း အသုံးပြုနိုင်ပါတယ်။ plunger နဲ့ဖြည်းဖြည်းချင်းထိုးချရင် ပိတ်နေတဲ့အရာတွေက တစ်မိနစ်အတွင်း ကျသွားပါတယ်။

ဒါပေမယ့် စိတ်ရှည်လက်ရှည်ထိုးချဖို့တော့ လိုအပ်ပါတယ်။ plunger နဲ့ ထိုးချလိုက်ရင် အိမ်သာတွင်းထဲမှာ ဖိအားတွေဖြစ်ပေါ်ပြီး ပိတ်ဆို့နေတာတွေကို ကျသွားတာပါ။

ပိတ်ဆို့နေတဲ့အရာက ပိုက်နဲ့အလှမ်းဝေးနေတယ်ဆိုရင်တော့ plunger နဲ့ ထိုးလို့မရတော့ပါဘူး။ အဲဒါကြောင့် ကွေးလို့ရတဲ့ ခိုင်မာတဲ့ဝါယာကြိုးတစ်ချောင်းထိပ်မှာ အဝတ်စတစ်ခုကို ပတ်ပါ။

အဲဒီနောက် ရေပြွန်ကွေးသွားတဲ့အတိုင်း ဖြည်းဖြည်းချင်းထိုးချပါ။ ပိတ်ဆို့နေတာတွေ မရှိတော့ဘူးဆိုရင် အိမ်သာကို သန့်ရှင်းရေးလုပ်လိုက်လို့ရပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments