ကြွေပြားတွေကြားထဲမှာရှိနေတတ်တဲ့ အညစ်အကြေးတွေကိုအလွယ်တကူ ဖယ်ရှားနည်း (၇) နည်း

မီးဖိုခန်းနဲ့ ရေချိုးခန်းထဲမှာ ရှိတဲ့ ကြွေပြားလေးတွေကြားထဲမှာ အချိန်တွေ ကြာလာတဲ့အခါ ဆီဂျီးတွေ၊ ဖုန်အမှုန်တွေ၊ ရေညှိတွေ စုလာတတ်ပါတယ်။ ကြွေပြားတွေကြားက အညစ်အကြေးတွေကို ဖယ်ရှားဖို့က လွယ်ကူပါတယ်။ ဘယ်လိုနည်းလမ်းလေးတွေနဲ့ ဖယ်ရှားလို့ရနိုင်မလဲဆိုတာ love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

နည်းလမ်း ၁

ရှာလကာရည်က ဘက်တီးရီးယားတွေ၊ ဆီဂျီးတွေတွေကို ဖယ်ရှားပေးနိုင်တဲ့အစွမ်း ရှိပါတယ်။ အရောင်ပါတဲ့ကြွေပြားနဲ့ အရောင်မပါတဲ့ကြွေပြားတို့မှာပါ မုန့်ဖုတ်ဆိုဒါကို အသုံးပြုလို့ရပါတယ်။

ရှာလကာရည်နဲ့ ရေနွေးကို ဆတူရောပါ။ ကြွေပြားတွေပေါ်မှာ ရှာလကာရည်နဲ့ ရေနွေးရောထားတာကို သုတ်လိမ်းပြီး ၅ မိနစ်ခန့်ထားပါ။ ပြီးနောက် ဘရက်ရှ်ကြမ်းကြမ်းတစ်ခုနဲ့ ရေဆေးချလိုက်ပါ။

နည်းလမ်း ၂

သံပုရာရည်မှာလည်း ချွတ်ရခက်တဲ့အစွန်းတွေကို ဖယ်ရှားပေးနိုင်တဲ့အစွမ်းရှိပါတယ်။ ဒါ့အပြင် သံပုရာရည်က သဘာဝသန့်စင်ဆေးရည်ပါ။ သံပုရာရည်နဲ့ သန့်ရှင်းလိုက်ရင် မွှေးပျံ့တဲ့ရနံကိုပါ ကျန်ရှိနေစေပါတယ်။ သံပုရာရည်ကို လိုသလောက်ညှစ်ထားလိုက်ပါ။

သံပုရာရည်နဲ့ ကြွေပြားတွေကြားထဲကို လိုက်ပွတ်ပေးပြီး ၁၀ မိနစ်ခန့်ထားပါ။ အဲဒီနောက် သွားတိုက်တံလေးနဲ့ ထပ်မံပွတ်ပေးပါ။ ရေစိုဝတ်လေးနဲ့ လိုက်သုတ်ပြီးတဲ့အခါ ကြွေပြားတွေကြားမှာ ဆီဂျီးတွေ၊ ရေညှိတွေမကျန်တော့တဲ့အပြင် ရနံ့လေးလည်း မွှေးပျံ့နေမှာပါ။

နည်းလမ်း ၃

မုန့်ဖုတ်ဆိုဒါကတော့ သန့်ရှင်းရေးလုပ်တဲ့နေရာမှာ အရမ်းကို အသုံးဝင်ပါတယ်။ ကြွေပြားတွေကို မထိခိုက်စေဘဲ သန့်စင်ပေးနိုင်တဲ့အရာပါ။ မုန့်ဖုတ်ဆိုဒါနဲ့ ဆပ်ပြာရည်ကို အနှစ်ရအောင် ရောလိုက်ပါ။ အဲဒီနောက် ကြွေပြားတွေကြားထဲကို လိုက်သုတ်ပေးပြီး မိနစ် ၂၀ ခန့်ထားပေးပါ။ သွားတိုက်တံအဟောင်းတစ်ချောင်းနဲ့ လိုက်ပွတ်ပေးပြီးရင် ရေဆေးချလိုက်လို့ရပါပြီ။

နည်းလမ်း ၄

အမိုးနီးယားက အရောင်ပါတဲ့ပစ္စည်းတစ်မျိုးဖြစ်ပြီးတော့ အိမ်သန့်ရှင်းသုံးပစ္စည်းတွေမှာ အသုံးများပါတယ်။ ဘက်တီးရီးယားတွေနဲ့ အညစ်အကြေးတွေ၊ ဆီဂျီးတွေကိုလည်း ပြောင်စင်စေပါတယ်။ ဒါပေမယ့် အရေပြားကို မထိစေအောင်တော့ သတိထားသင့်ပါတယ်။ အမိုးနီးယားကို အသုံးပြုတဲ့အခါ လက်အိတ်၊ မျက်မှန်တို့ကို အသုံးပြုပါ။

ရေနွေး ၇ ခွက်၊ မုန့်ဖုတ်ဆိုဒါ ခွက်တစ်ဝက်၊ အမိုးနီးယား ခွက်ရဲ့ ၃ ပုံ ၁ ပုံ၊ ရှာလကာရည်ခွက်ရဲ့ ၄ ပုံ ၁ ပုံကို ပုံးတစ်ခုထဲမှာ နံ့အောင် ရောမွှေပါ။ ဖော့တစ်ခုကို ပုံးထဲကို နှစ်ပြီးနောက် ကြွေပြားနံရံတွေကြားကို လိုက်သုတ်ပေးပါ။ အဲဒီနောက် မိနစ်အနည်းငယ်စောင့်ပါ။ တစ်ဖန် ကြွေပြားနံရံကြားတွေကို ဘရက်ရှ်နဲ့ ပွတ်တိုက်ပြီးနောက် ရေဆေးချပါ။

နည်းလမ်း ၅

ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အရည်ကို သန့်ရှင်းရေးသုံးပစ္စည်းတွေမှာ အသုံးများပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်က ဘက်တီးရီးယားနဲ့ မှိုတွေကို ဖယ်ရှားပေးနိုင်ပြီး ကြွေပြားတွေကိုလည်း ဖြူစင်သွားစေပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ကို ကြွေပြားတွေကြားမှာ သုတ်ပြီး ၁၀ မိနစ်ခန့်ထားပါ။

ဒါမှမဟုတ် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ကို ဖျန်းဘူးထဲ ထည့်ပြီး ကြွေပြားထဲ ကြားထဲကို လိုက်ဖျန်းလည်း ရပါတယ်။ ဘရက်ရှ်အကြမ်းတစ်ချောင်းနဲ့ ကြွေပြားတွေကို လိုက်ပွတ်တိုက်ပေးပါ။ အဲဒီနောက် ရေနဲ့ ပြောင်အောင် ဆေးချပါ။

နည်းလမ်း ၆

ကြေပြားတွေကြားထဲမှာ အစွန်းတွေက ချွတ်ရခက်နေတယ်ဆိုရင် ကလိုရင်းအစွန်းချွတ်ဆေးကို သုံးလို့ရပါတယ်။ ကလိုရင်းအစွန်းချွတ်ဆေးကို ရေနဲ့ ရောပြီး ကြွေပြားတွေကြားထဲကို လိုက်သုတ်ပေးပါ။

ဒီနည်းကို သုံးမယ်ဆိုရင် mask နဲ့ လက်အိတ်ကိုလည်း ဝတ်သင့်ပါတယ်။ အဒီနောက် သွားတိုက်တံအဟောင်းတစ်ချောင်းနဲ့ ကြွေပြားတွေကြားထဲကို ပွတ်တိုက်ပါ။ မိနစ် ၃၀ ခန့်ထားပြီးရင် ရေနွေးနဲ့ ဆေးချပါ။

ကလိုရင်းအစွန်းချွတ်ဆေးကို အသုံးပြုပြီးတဲ့အခါမှာ ကြွေပြားတွေက အရောင်မှိန်သွားတတ်ပါတယ်။ ကလိုရင်းအစွန်းချွတ်ဆေးကို အခြားသန့်ရှင်းရေးသုံးပစ္စည်းတွေဖြစ်တဲ့ အမိုးနီးယားတို့နဲ့ ရောမသုံးသင့်ပါဘူး။

နည်းလမ်း ၇

ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ မုန့်ဖုတ်ဆိုဒါကို ပန်းကန်လုံးတစ်လုံးထဲမှာ ပျစ်သွားအောင် ရောမွှေပါ။ အဲဒီနောက် ကြွေပြားနံရံတွေကြားထဲကို သွားတိုက်ဆေးကို အသုံးပြုပြီး ပွတ်တိုက်ပေးပါ။ ၁၀ မိနစ်ခန့် ကြာအောင် စောင့်ပြီးရင် သွားတိုက်တံနဲ့ ထပ်ပြီး ပွတ်တိုက်ပါ။ နောက်ဆုံးမှာတော့ ရေစိုအဝတ်နဲ့ ထပ်မံသန့်ရှင်းရေးလုပ်ပါ။

Zombie (lovemedia)

Post a Comment

0 Comments