ရေပြီးရင် လက်ဖက်ခြောက်ဟာ ကမ္ဘာပေါ်မှာ လူသောက်အများဆုံး သောက်စရာတစ်ခုပါ။ လက်ဖက်ခြောက်သောက်တာက ကျန်းမာရေးအတွက် အများကြီး အကျိုးပြုပါတယ်။ ဒါ့အပြင် လက်ဖက်ခြောက်အိတ်ခွံလေးတွေကလည်း အသုံးဝင်ပါသေးတယ်။
၁။ ပြူတင်းပေါက်မှန်တွေကို သန့်ရှင်းပေးခြင်း
အသုံးပြုပြီးသားလက်ဖက်ခြောက်အိတ်လေးတွေကို စုပြီး မိနစ် ၂၀ ခန့် ရေထဲမှာ စိမ်ထားပါ။ ရလာတဲ့အရည်ကို ဖျန်းဘူးထဲမှာ ထည့်ပြီး ပြူတင်းပေါက်မှန်တွေကို သန့်ရှင်းရေးလုပ်ရာမှာ အသုံးပြုလို့ရပါတယ်။
ပြီးနောက် သတင်းစာစက္ကူနဲ့ လိုက်သုတ်ပေးပါ။ အဲဒီအခါ ပြူတင်းပေါက်မှန်တွေကို သိသိသာသာ ကြည်လင်လာပါတယ်။
၂။ သစ်သားမျက်နှာပြင်ကို သန့်ရှင်းပေးခြင်း
လက်ဖက်ခြောက်အိတ်လေးတွေကို ရေနွေးထဲမှာ ၁၀ မိနစ်ခန့်စိမ်ထားပါ။ ရလာတဲ့အရည်ကို သစ်သားမျက်နှာပြင်တွေမှာ သုတ်ပေးနိုင်ပါတယ်။
၃။ အပင်မှာ ပိုးမွှားတွေ မကပ်ဖို့ ကာကွယ်ပေးခြင်း
လက်ဖက်ခြောက်အိတ်လေးတွေကို ရေနွေးထဲမှာ စိမ်ပါ။ ရလာတဲ့အရည်ကို ဖျန်းဘူးထဲမှာ ထည့်ထားပါ။ အဲဒီနောက် အပင်လေးတွေကို ဖျန်းပေးရင် ပိုးမွှားတွေ မကပ်နိုင်တော့ပါဘူး။
၄။ ဟင်းချက်ရာတွင် အသုံးပြုနိုင်ခြင်း
လက်ဖက်ခြောက်မှာ သဘာဝဆိုးဆေးပါဝင်တာကြောင့် ဟင်းချက်တဲ့အခါ အသားနူးညံ့စေဖို့၊ အရောင်လှစေဖို့ အရမ်းအသုံးဝင်ပါတယ်။ လက်ဖက်ခြောက်ထုပ်လေးတွေ စိမ်ထားတဲ့အရည်နဲ့ အသားတွေကို နှပ်ထားပြီး ကြိုက်နှစ်သက်သလို ချက်လိုက်ရုံပါပဲ။
၅။ လက်က အနံ့ဆိုးတွေကို ဖယ်ရှားပေးခြင်း
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အသားတွေ လှီးပြီးတဲ့အခါမှာ လက်မှာ အနံ့ဆိုးတွေ ကျန်နေတတ်ပါတယ်။ အဲဒီအခါ လက်ဖက်ခြောက်အိတ်လေးနဲ့ လက်ကို ပွတ်ပြီးမှ ဆေးလိုက်ပါ။ အနံ့ဆိုးတွေ ပျောက်ပြီး သင်းပျံ့တဲ့ရနံ့ပါ လက်မှာ ကျန်ရစ်စေပါတယ်။
၆။ ဖိနပ်က အနံ့ဆိုးတွေကို ဖယ်ရှားပေးခြင်း
ဖိနပ်ကို အချိန်အကြာကြီးစီးပြီး အနံ့ဆိုးတွေ ရှိနေရင် စိတ်ပူစရာမလိုတော့ပါဘူး။ သုံးပြီးသား လက်ဖက်ခြောက်အိတ်လေးတွေကို ဖိနပ်ထဲမှာ ၂ ရက်လောက် ထည့်ထားလိုက်ပါ။ လက်ဖက်ခြောက်က အနံ့ဆိုးတွေကိုလည်း စုပ်ယူပေးပါတယ်။
၇။ မျက်နှာအသားအရေကို လှပစေခြင်း
လက်ဖက်မှာ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် မျက်နှာအသားအရေအတွက် အများကြီး အကျိုးရှိစေပါတယ်။ သုံးပြီးသားလက်ဖက်ခြောက်အိတ်လေးတွေကိုအေးအောင် ထားပြီး မျက်နှာအနှံ့ပွတ်တိုက်ပေးရုံပါပဲ။
၈။ ပိုးမွှားတွေကို ဝေးဝေးပြေးစေခြင်း
အိမ်မှာ ပုရွက်ဆိတ်တွေ၊ ခြတွေ၊ ပိုးဟပ်၊ ပင့်ကူတွေ အရမ်းများနေတဲ့အခါ လက်ဖက်ခြောက်အိတ်အဟောင်းလေးတွေကို သူတို့ရှိတတ်တဲ့နေရာတွေမှာ ထားလိုက်ပါ။ လက်ဖက်ခြောက်က ပိုးမွှားတွေကို သဘာဝအတိုင်း ဝေးဝေးပြေးစေပါတယ်။
၉။ ပန်းကန်ကို ပြောင်လက်စေခြင်း
ပန်းကန်မှာ ဆီတွေ ကပ်နေတဲ့အခါ၊ ဒယ်အိုးမှာ ဂျိုးတူးတာတွေ များနေတဲ့အခါ လက်ဖက်ခြောက်အိတ်ကို အသုံးပြုနိုင်ပါတယ်။ အသုံးပြုပြီးသား လက်ဖက်ခြောက်အိတ်ကို ရေစိမ်ပြီး ရလာတဲ့ရေကို ဆပ်ပြာရည်အနည်းငယ် ရောလိုက်ပါ။ အဲဒီနောက် ပန်းကန်တွေကို ဆေးလိုက်ရင် ချွတ်ရခက်တဲ့ ဆီဂျီးတွေ၊ ဂျိုးတူးတာတွေ ပြောင်သွားပါတယ်။
၁၀။ ရေချိုးတဲ့အခါ အသုံးပြုနိုင်ခြင်း
လက်ဖက်ခြောက်မှာ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် အသားအရေကို လှပစေပါတယ်။ သုံးပြီးသားလက်ဖက်ခြောက်အိတ်တွေက အလကားမဖြစ်တော့ပါဘူး။ ရေချိုးကန်ရှိတဲ့အခါ ရေချိုးကန်ထဲမှာ လက်ဖက်ခြောက်အိတ်လေးကို စိမ်ထားပြီး ရေချိုးပါ။ ရေချိုးကန်မရှိတဲ့အခါ ရေပန်းမှာ လက်ဖက်ခြောက်အိတ်ကို ကပ်ထားပြီး ရေချိူးလို့ရပါတယ်။
Zombie (lovemedia)
0 Comments