ဆံသားလှပဖို့ဆိုရင် သုံးစွဲတဲ့ခေါင်းလျှော်ရည်ကလည်း အရေးပါပါတယ်။ ခေါင်းလျှော်ရည်ရွေးချယ်တဲ့အခါ ပါဝင်တဲ့ပစ္စည်းတွေကိုလည်း သေချာဖတ်ရှုသင့်ပါတယ်။ Sodium lauryl, sulfate, sodium laureth တို့ပါဝင်တဲ့ခေါင်းလျှော်ရည်တွေကို ရှောင်ကြဉ်သင့်ပါတယ်။
ခေါင်းလျှော်ရည်မှာပါဝင်တဲ့ sulfate က ဆံပင်နဲ့ အရေပြားကို တကယ်ထိခိုက်စေလား ဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
Sulfate ဆိုတာ ဘာလဲ။
Sulfate က ဆံပင်ကို သန့်စင်ပေးပြီး အမြှုပ်ထွက်စေတဲ့ ခေါင်းလျှော်ရည်ထဲက ပါဝင်ပစ္စည်းတစ်မျိုးပါ။ Sulfate ကို အဝတ်လျှော်ဆပ်ပြာ၊ အိမ်သန့်ရေးဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေမှာ တွေ့နိုင်ပါတယ်။
Sulfate က ခေါင်းလျှော်ရည်ထဲမှာဆိုရင် Sodium lauryl sulfate နဲ့ sodium laureth sulfate ဆိုပြီး အမျိုးအစားနှစ်မျိုးအနေနဲ့ ပါဝင်ပါတယ်။ ဒီနှစ်မျိုးက အမြှုပ်ထွက်စေပြီး ဆံပင်က အညစ်အကြေးနဲ့ ဆီတွေကို ဖယ်ရှားပေးပါတယ်။
ခေါင်းလျှော်ရည်အများစုမှာတော့ ဒီနှစ်မျိုးက အမြဲလိုလိုပါဝင်လေ့ ရှိပါတယ်။ Sulfate ပါဝင်တဲ့ ခေါင်းလျှော်ရည်တွေဟာ အန္တရာယ်ဖြစ်စေတယ်၊ ကင်ဆာဖြစ်စေတယ်ဆိုပြီး အချို့တွေက ယုံကြည်ကြပါတယ်။
ဒါပေမယ့် ဒီလိုယုံကြည်နေတာနဲ့ ပတ်သက်ပြီး သုတေသနပညာရှင်တွေက အတည်မပြုသေးပါဘူး။ တကယ်တော့ ခေါင်းလျှော်ရည်ကို သေချာအသုံးပြုမယ်ဆိုရင် Sulfate က ဘာပြဿနာမှာ မဖြစ်စေပါဘူး။ ဒါပေမယ့် Sulfate ပါဝင်တဲ့ခေါင်းလျှော်ရည်က ပါးစပ်ထဲ ဝင်မသွားဖို့တော့ အရေးကြီးပါတယ်။
ဦးရေပြား အမြဲကျန်းမာနေစေဖို့ သဘာဝအဆီတွေကလည်း လိုအပ်ပါတယ်။ ဥပအမာအနေဖြင့် သင်က အသားအရေ ထိလွယ်ရှလွယ်သူဆိုရင်၊ ဦးရေပြားက ခေါင်းလျှော်ရည်အများစုနဲ့မတည့်ရင် Sulfate မပါဝင်တဲ့ ခေါင်းလျှော်ရည်ကိုသာ အသုံးပြုသင့်ပါတယ်။
Sulfate ပါဝင်တဲ့ခေါင်းလျှော်ရည်ကို ရှောင်ကြဉ်သင့်သူများ
သင့်ရဲ့ဆံပင်က ခြောက်သွေ့ပြီးတော့ ထိခိုက်လွယ်တယ်ဆိုရင် Sulfate ပါဝင်တဲ့ခေါင်းလျှော်ရည်ကို မသုံးသင့်ပါဘူး။ နှင်းခူနာ၊ အရေပြားရောင်ရမ်းနာကျင်တတ်သူ၊ အသားအရေ ထိလွယ်ရှလွယ်သူဆိုရင်လည်း Sulfate ပါဝင်တဲ့ခေါင်းလျှော်ရည်ကို မသုံးသင့်ပါဘူး။
Sulfate ပါဝင်တဲ့ခေါင်းလျှော်ရည်နဲ့ မတည့်တဲ့အခါ
- အသားအရေနီမြန်းလာတာ
- အရေပြားမှာ အင်ပြင်တွေ ထွက်လာတာ
- ရောင်ရမ်းလာတာ
- ယားယံလာတာတို့ဖြစ်စေပါတယ်။
Zombie (lovemedia)
0 Comments