ခေါင်းမာတဲ့ကလေးတွေကို မဆူပဲ ပြောစကားနားထောင်တတ်အောင် သင်ပေးနိုင်တဲ့နည်း (၅) မျိုး

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ကလေး ၆၂% ဟာ မိဘတွေရဲ့ စကားကို နားမထောင်ပဲ ကလန်ကဆန် လုပ်ကြပါတယ်။ ဒီလို ကလေးတွေကြောင့်လည်း မိဘတွေ စိတ်ရှုပ်ရပါတယ်။

ဒါကြောင့် သူတို့ကို မဆူဘဲ စကားနားထောင်တတ်အောင် လုပ်လို့ရမယ့် နည်းလမ်းတွေကို love media ကနေ ပြောပြပေးချင်ပါတယ်။

၁။ ကိုယ့်ဘက်ပါအောင် အတင်းမဆွဲပါနဲ့။

ကလေးတစ်ဦးဟာ သင်တောင်းဆိုတဲ့အရာ ဒါမှမဟုတ် သင်သတ်မှတ်ထားတဲ့ စည်းကမ်းကို မလိုက်နာချင်တဲ့အခါ ပြန်ပြောတတ်လာပါတယ်။ မကြာခဏဆိုသလို သင့်စကားကိုနားမထောင်ပဲ လေးစားစိတ်တွေ ပျောက်လာနိုင်ပါတယ်။ ဒီလို ဖြစ်လာရင် သူတို့ကို အတင်းအကျပ်မလုပ်ခိုင်းဘဲနဲ့ အကျိုးသင့်အကြောင်းသင့်ရှင်းပြသင့်ပါတယ်။

၂။ အမိန့်မပေးပါနဲ့။

ကလေးကို တစ်ခုခုလုပ်စေချင်ရင် အမိန့်ပေးသလိုမပြောသင့်ပါဘူး။ အမိန့်ပေးမယ့်အစား စကားလုံးတွေကိုပျော့ပျော့ပျောင်းပျောင်းသုံးသင့်ပါတယ်။ "ကျေးဇူးပြု၍" နှင့် "ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားလုံးလေးတွေကို သုံးပေးပါ။

"တံမြက်စည်းလှည်းလိုက်"လို့ ပြောမယ့်အစား "ကြမ်းပြင်မှာ အမှိုက်တွေပွနေတယ်။ သားလေးရှင်းလိုက်ရင် ပြောင်သွားမှာပဲ"လို့ ပြောပါ။

၃။ အဓိပ္ပါယ်မဲ့ ခြိမ်းခြောက်မှုတွေကို ရှောင်ပါ။

မိဘတွေက သားသမီးတွေရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို မစဉ်းစားမိပဲ ခြိမ်းခြောက်မှုအမှားတွေ လုပ်မိတတ်ကြပါတယ်။ နောက်ပြောင်တဲ့ ခြိမ်းခြောက်မှုတစ်ခုကတောင် မိဘနှင့် ကလေးကြား ယုံကြည်မှုကို ထိခိုက်နိုင်ပါတယ်။

ဒါကြောင့် အကျိုးမရှိတဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်မယ့်အစား သင်ပြောင်းလဲသင့်တဲ့ အပြုအမူတွေနှင့် လက်တွေ့ကျတဲ့ အကျိုးဆက်တွေကို ပြန်စဉ်းစားပါ။ ကြီးကြီးကျယ်ကျယ် ခြိမ်းခြောက်မယ့်အစား ညင်ညင်သာသာနဲ့ သူတို့လက်ခံလာအောင် ပြောပေးပါ။

၄။ အသံကို မြှင့်ပြောတာကို လျှောပါ။

မိဘတွေက လေသံမာတဲ့အခါ ကလေးတွေက ကြောက်လန့်ပြီး အန္တရာယ်ဖြစ်နေပြီလို့ ထင်တတ်ကြပါတယ်။ ဒီခံစားချက်တွေက ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားမှု ကျဆင်းစေနိုင်ပါတယ်။

ဒါ့အပြင် မိဘတွေရဲ့ ဒေါသသံကို ကြားရတဲ့အခါ ကလေးမှာလည်း ဒေါသဖြစ်တတ်ပါတယ်။ ကိုယ်ပြောချင်တာတွေပြောနေတာထက် တစ်ဖက်သားရဲ့အမြင်ကို နားလည်အောင် အဖြေရှာသင့်ပါတယ်။

အငြင်းအခုံဖြစ်နေတာကို ကောင်းမွန်တဲ့ ဆွေးနွေးမှုအဖြစ်ကို ရောက်အောင်ပြောင်းလဲပါ။ အိမ်စာလုပ်ဖို့ ကလေးတွေကို အော်ငေါက်မည့်အစား "အိမ်စာမလုပ်ခင် မိနစ် ၂၀ လောက် ဖုန်းကိုင်ရရင် ဘယ်လိုလုပ်မလဲ" လို့ ပြောကြည့်ပါ။

၅။ စကားတစ်ခွန်းကိုပဲ ထပ်ခါထပ်ခါ မပြောသင့်ပါဘူး။

စကားတစ်ခွန်းကို ထပ်ခါထပ်ခါပြောခြင်းက ညွှန်ကြားချက်တွေလုပ်ရင် ဒါမှမဟုတ် တောင်းဆိုချက်တွေ လုပ်တဲ့အချိန်မှာတော့ အရမ်းအသုံးဝင်ပါတယ်။ ဒါပေမယ့် သင့်ကလေး နားမထောင်ချင်တာကို ထပ်ခါတလဲလဲ ပြောနေမိရင်တော့ သူတို့အတွက် စိတ်ပျက်စရာနှင့် ရှုပ်ထွေးမှုတွေဖြစ်လာနိုင်ပါတယ်။

သင်ကိုယ်တိုင် ထပ်ခါတလဲလဲ ကြိမ်းမောင်းနေရင်လည်း နှစ်ဖက်စလုံးအတွက် မလိုလားအပ်တဲ့ စိုးရိမ်ပူပန်မှုနှင့် စိတ်ပျက်မှုတွေကို ဖန်တီးပေးနိုင်ပါတယ်။ ဒါ့အပြင် မှားယွင်းတဲ့ သင်ခန်းစာတွေကိုလည်း သင်ပေးသလို ဖြစ်နေပါတယ်။

Zombie ( lovemedia)

Post a Comment

0 Comments