ကြက်သွန်နီတွေ ပုပ်မသွားအောင် သိမ်းဆည်းနည်း

ကြက်သွန်နီက ဟင်းလျာတိုင်းနီးပါးမှာ မဖြစ်မနေအသုံးဝင်တဲ့အရာပါ။ ကြက်သွန်နီကို ရေခဲသေတ္တာထဲမှာ သေသေချာချာ သိမ်းဆည်းထားတဲ့အခါ ၃ လကနေ ၆ လအထိ အထားခံပါတယ်။

အခွံမသင်ရသေးတဲ့ကြက်သွန်နီတွေကို သိမ်းဆည်းနည်း

အခွံမခွာရသေးတဲ့ ကြက်သွန်နီတွေကို အေးပြီးခြောက်သွေ့တဲ့နေရာ၊ လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ကောင်းကောင်းမရတဲ့နေရာမှာ သိမ်းဆည်းပါ။

ကြက်သွန်နီကို ခြင်းထဲမှာ ပိတ်ထားပြီး သိမ်းလို့လည်း ရပါတယ်။ ကြက်သွန်နီကို ရေခဲသေတ္တာထဲမှာ မသိမ်းထားသင့်ပါဘူး။ ကြက်သွန်နီက အအေးဓာတ်ကို စုပ်ယူပြီး မြန်မြန်ပုပ်သွားတတ်ပါတယ်။

ကြက်သွန်နီကို ပလက်စတစ်အိတ်နဲ့ ခပ်ထူထူ ချည်အိတ်တွေထဲမှာလည်း မသိမ်းသင့်ပါဘူး။ ဇကာပါတဲ့အိတ် သို့မဟုတ် လေဝင်လေထွက်ကောင်းတဲ့ခြင်းထဲမှာ သိမ်းထားလို့ရပါတယ်။

အဲဒီအခါ ကြက်သွန်နီတွေက ၂ လကနေ ၃ လအထိ အထားခံပါတယ်။

ထက်ခြမ်းခြမ်းထားတဲ့ ကြက်သွန်နီတွေကို သိမ်းဆည်းနည်း

ကြက်သွန်နီတွေကို ဟင်းချက်တဲ့အခါ လွယ်ကူစေဖို့ ကြိုတင်ပြီး ထက်ခြမ်းခြမ်းထားလည်းရပါတယ်။ ထက်ခြမ်းခြမ်းထားတဲ့ ကြက်သွန်နီတွေကို ဇစ်ပါတဲ့အိတ်အထူ သို့မဟုတ် ပလက်စတစ်ဘူးထဲမှာ အလုံပိတ်သိမ်းထားပါ။

ထက်ခြမ်းခြမ်းထားတဲ့ ကြက်သွန်နီတွေကို ပူနွေးတဲ့အစားအသောက်တွေကို ချက်ပြုတ်ရမှာပဲ သုံးလို့ကောင်းပါတယ်။ လတ်လတ်ဆတ်ဆတ်စားမယ့်အစားအစာဆိုရင်တော့ ထက်ခြမ်းခြမ်းထားတဲ့ ကြက်သွန်နီတွေက အရသာမရှိတော့ပါဘူး။ ထက်ခြမ်းခြမ်းထားတဲ့ ကြက်သွန်နီတွေကို ဒီလိုနည်းနဲ့ သိမ်းမယ်ဆိုရင် ၂ ပတ်အထိ အထားခံပါတယ်။

အတုံးသေးလေးတွေ တုံးထားတဲ့ ကြက်သွန်နီတွေကို သိမ်းဆည်းနည်း

အတုံးသေးလေးတွေ တုံးထားတဲ့ ကြက်သွန်နီကို ပလက်စတစ်ဘူးထဲမှာ သိမ်းပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားပါ။ ရေခဲသေတ္တာထဲမှာ ကြာကြာသိမ်းလေ ကြက်သွန်နီမှာပါဝင်တဲ့ ဗီတာမင်တွေက လျော့ပါးလေပါပဲ။ အတုံးသေးသေးလေးတွေ တုံးထားတဲ့ ကြက်သွန်နီတွေကို ရေခဲသေတ္တာထဲမှာ ၇ ရက်ကနေ ၁၀ ရက်အထိ အထားခံပါတယ်။

ကြက်သွန်နီတွေကို အေးခဲထားလို့ရလား။

အခြားအစားအစာတွေလိုပဲ ကြက်သွန်နီကိုလည်း ရေခဲသေတ္ထာမှာ အေးခဲထားလို့ရပါတယ်။ ဒါပေမယ့် အခွံမခွာရသေးတဲ့ ကြက်သွန်နီတွေကိုတော့ အေးခဲမထားသင့်ပါဘူး။ အတုံးသေးတွေ တုံးထားတဲ့ကြက်သွန်နီတွေကို သေသေချာချာပိတ်ပြီး အေးခဲထားလို့ရပါတယ်။ ကြက်သွန်နီတွေကို အေးခဲထားမယ်ဆိုရင် ၆ လအထိ အထားခံပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments