တန်ဖိုးကြီးပစ္စည်းတွေမသုံးဘဲ သင့်အိပ်ခန်းကို ဇိမ်ခံအိပ်ခန်းသဖွယ် ပြောင်းလဲနိုင်မယ့်နည်းလမ်း (၈) ခု

တစ်နေကုန်ပင်ပန်းပြီးနောက်မှာတော့ အိပ်ခန်းက သင့်အတွက် အကောင်းဆုံးအပန်းပြေစေတဲ့နေရာပါ။ အိပ်ခန်းက သန့်ရှင်းသပ်ရပ်ပြီး လှပနေတဲ့အခါ သင့်စိတ်က ပျော်ရွှင်လာမှာပါ။ အဲဒါကြောင့် တန်ဖိုးကြီး ပစ္စည်းတွေမသုံးဘဲ အိပ်ခန်းကို လှပအောင် ပြင်ဆင်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အဖြူရောင်တဘက်

ရောင်စုံတဘက်တွေကို ချစ်စရာကောင်းပါတယ်။ ဒါပေမယ့် ဦးနှောက်ခြောက်မခံပါနဲ့။ အဖြူရောင်တဘက်ကိုသာ အသုံးပြုပါ။ သင့်ရဲ့အိပ်ခန်းက ရှင်းသန့်ပြီး ဟိုတယ်ရောက်သွားသလို ခံစားရမှာပါ။

၂။ အဖြူရောင်အိပ်ရာခင်း

အဖြူရောင်အိပ်ရာခင်းတွေက သန့်ရှင်းရေးလုပ်ရတာ ပိုပြီး လွယ်ကူပါတယ်။ ပြီးတော့ အမြဲတမ်းသစ်လွင်တဲ့ပုံစံလည်း ဖြစ်စေပါတယ်။ အရောင်တွေပါတဲ့ အိပ်ရာခင်းတွေထက် အဖြူရောင်အိပ်ရာခင်းက သင့်အိပ်ခန်းကို ပိုတင့်တယ်သွားစေပါတယ်။

၃။ အသီးတွေနဲ့ အလှဆင်ပါ။

အခန်းကို အလှဆင်တဲ့ဒီဇိုင်နာတွေက သစ်သီးအတုတွေထက် သစ်သီးအစစ်ကို အိပ်ခန်းထဲမှာ ထားကြပါတယ်။ အိပ်ခန်းထဲမှာ ပန်းအိုးထားတာထက် သစ်သီးလေးတွေ ထားတာက သင့်အိပ်ခန်းကို ရိုးရိုးရှင်းရှင်းနဲ့ လှသွားစေပါတယ်။

၄။ မီးသီး

အိပ်ခန်းကို မီးအလင်းရောင်လေးတွေနဲ့ အလှဆင်မယ်ဆိုရင် စားပွဲတင်မီးသီး၊ ဖယောင်းတိုင်၊ မီးကြိုးလေးတွေ အသုံးပြုပါ။ အဲဒီအခါ သင့်အိပ်ခန်းက နေချင့်စဖွယ်လှလှပပလေး ဖြစ်သွားမှာပါ။

၅။ မှန်ကို ဘောင်တပ်ပါ။

အိပ်ခန်းထဲမှာ မှန်ထားမယ်ဆိုရင် ဘောင်မပါတဲ့မှန်တွေက ကြည့်မလှတော့ပါဘူး။ အဲဒါကြောင့် ဘေးဘောင်ပါတဲ့မှန်ကို ထည့်ပါ။ သင့်အခန်းနဲ့ အရမ်းကို လိုက်ဖက်လှပပြီး ကြည့်မဝဖြစ်နေတော့မှာပါ။

၆။ သန့်ရှင်းရေးသုံးပစ္စည်းတွေကို တစ်စုတစ်စည်းတည်း ထားပါ။

ရေချိူးခန်းထဲမှာ မျက်နှာသစ်ဆေး၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဘရက်ရှ်တွေကို တစ်နေရာစီမထားဘဲ စုစုစည်းစည်းထားတာက ပိုပြီး သပ်သပ်ရပ်ရပ်ရှိစေပါတယ်။ ဒါ့အပြင် ခေါင်းလျှော်ရည်၊ ကိုယ်တိုက်ဆပ်ပြာတွေကို ဖန်ပုလင်းလှလှလေးတွေထဲ ပြောင်းထည့်လိုက်ပါ။ ရိုးရှင်းပေမယ့် လှပနေမှာပါ။

၇။ ဖြန့်ကျဲမထားပါနဲ့။

ရေချိုးခန်းထဲမှာ မျက်နှာသစ်ကန်က ရှုပ်ပွနေရင် သင့်ရဲ့စိတ်လည်း ကြည်လင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ပစ္စည်းတွေကို ဖြန့်ကျဲမထားဘဲ သူ့နေရာနဲ့သူ စီစီရီရီထားပါ။

၈။ စကျင်ကြွေပြားတွေကို အသုံးပြုပါ။

ကြွေပြားတွေက ညစ်ပတ်ပြီး ကြေးတွေချွတ်ရခက်နေတတ်ပါတယ်။ အဲဒီအခါ အခန်းကို အကျည်းတန်စေပါတယ်။ အဲဒါကြောင့် ညစ်ပတ်နေတဲ့ကြွေပြားတွေနေရာမှာ စကျင်ကြွေပြားတွေ ကပ်လိုက်ပါ။ သင့်ရဲ့အိပ်ခန်းက သပ်ရပ်လှပပြီး အခြားနေရာအလား ခံစားမိစေမှာပါ။

Zombie ( lovemedia)

Post a Comment

0 Comments