မျက်စိနာတာကို အချိန်အနည်းငယ်အတွင်း သက်သာစေမယ့် နည်းလမ်း (၇) ခု

မျက်ခွံထဲက ဂလင်းက ပိတ်မိနေပြီး ဘက်တီးရီးတွေက အထဲမှာ ပေါက်ဖွားနေတဲ့အခါမှာ မျက်စိနာတတ်ပါတယ်။ မျက်စိနာတာက အရမ်းကို နေရခက်ပြီး သင့်ကို အဆင်မပြေဖြစ်စေမှာပါ။

အဲဒါကြောင့် မျက်စိနာတာကို အလွယ်တကူနဲ့ အချိန်အနည်းငယ်အတွင်း သက်သာသွားစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မျက်ခွံကို သန့်ရှင်းရေးလုပ်ပါ။

မျက်ခွံနေရာကို နူးညံ့တဲ့ဆပ်ပြာ၊ ရေနဲ့ သန့်ရှင်းရေးလုပ်ပါ။ ကလေးတွေသုံးတဲ့ ခေါင်းလျှော်ရည်အနည်းငယ်ကို ရေနဲ့ ရောပြီးတော့လည်း နားကြပ်တံ၊ ပိတ်ပါးတို့ကို အသုံးပြုပြီး မျက်ခွံတစ်ဝိုက်ကို သန့်ရှင်းရေးလုပ်ပေးလို့ရပါတယ်။

၂။ ရေနွေးကပ်ပါ။

လက်ကို ဆပ်ပြာနဲ့ သေချာဆေးပါ။ အဲဒီနောက် သန့်ရှင်းတဲ့ပိတ်စတစ်ထည်ကို ရေနွေးထဲမှာ ခဏနှစ်ထားပါ။ ပြီးနောက်မှာတော့ ပိတ်စကို ရေအနည်းငယ်ညှစ်လိုက်ပြီး မျက်လုံးပေါ်မှာ ၅ မိနစ်ကနေ ၁၅ မိနစ်ကြာ အုပ်ထားပေးပါ။

၃။ လက်ဖက်ခြောက်အိတ်

လက်ဖက်ခြောက်အိတ်လေးကလည်း နာကျင်ရောင်ရမ်းတာကို လျော့ကျစေပါတယ်။ သူ့မှာ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးတဲ့အစွမ်းလည်း ရှိပါတယ်။ လက်ဖက်ခြောက်အိတ်ကို ခွက်တစ်လုံးထဲမှာ စိမ်ထားပါ။

ခဏကြာတဲ့နောက်မှာ လက်ဖက်ခြောက်အိတ်ကို ခွက်ထဲကနေ ပြန်ထုတ်ပြီး ခဏမျှ အအေးခံထားပါ။ လက်ဖက်ခြောက်အိတ်ကို မျက်လုံးပေါ်မှာ ၅ မိနစ်ကနေ ၁၀ မိနစ်ကြာ ကပ်ထားပေးပါ။

၄။ နှိပ်နယ်ပေးပါ။

လက်ကို သန့်ရှင်းအောင်ဆေးပြီး မျက်လုံးတစ်ဝိုက်ကို ညင်ညင်သာသာ နှိပ်နယ်ပေးတာကလည်း ပိတ်နေတဲ့ဂလင်းတွေကို ပွင့်သွားစေပါတယ်။

၅။ မျက်စိနာချိန်မှာ မိတ်ကပ်မလိမ်းသင့်သေးပါဘူး။

မိတ်ကပ်က မျက်စိနာတာကို ပိုဆိုးစေပြီး အနာကျက်မယ့်အချိန်ကိုလည်း ကြန့်ကြာစေပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါ ဘရက်ရှ်၊ ဖော့တို့ကနေ ပါလာတတ်တဲ့ ဘက်တီးရီးယားတွေက အနာကို ပိုဆိုးစေပါတယ်။ အဲဒါကြောင့် မျက်စိနာနေချိန်မှာ ခဏကြာ မိတ်ကပ်မလိမ်းသင့်သေးပါဘူး။

၆။ မျက်ကပ်မှန်

မျက်စိနာနေချိန်မှာ မျက်ကပ်မှန်အစား မျက်မှန်ကိုသာ အသုံးပြုသင့်ပါတယ်။ မျက်စိနာတာကနေ ဖြစ်လာတဲ့ ဘက်တီးရီးယားပိုးတွေဟာ မျက်ကပ်မှန်ထဲကို ဝင်သွားစေပြီး ပိုးဝင်သွားနိုင်ပါတယ်။

၇။ မျက်စိနာနေတာကို မကိုင်သင့်ပါဘူး။

မျက်စိနာနေတဲ့အခါ ညှစ်တာက ပြည်တွေ ထွက်လာပြီး ပိုးတွေလည်း ပျံ့နှံ့သွားပါတယ်။ အဲဒါကြောင့် မျက်စိနာနေတာကို ခဏခဏကိုင်တာ၊ ညှစ်တာမျိုးကို ရှောင်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments