ကလေးတွေကို ပြုစုစောင့်ရှောက်တာနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆ (၇) ချက်

ကလေးတစ်ယောက်ကို ကျန်းမာဉာဏ်ကောင်းအောင် ပြုစုစောင့်ရှောက်ရတာ မလွယ်ကူပါဘူး။ ကလေးကို စောင့်ရှောက်တဲ့အခါ ဘေးပတ်ဝန်းကျင်က တစ်ယောက်တစ်မျိုးပြောတဲ့စကားတွေက မိဘတွေအတွက် အရမ်းကို အခက်တွေ့စေပါတယ်။

အဲဒါကြောင့် ကလေးတွေကို ပြုစုစောင့်ရှောက်တာနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အချိုကျွေးရင် ကလေးက ပျော်ရွှင်သွားတယ်။

ကလေးတွေကို ပျော်ရွှင်အောင်လို့ အချိုတွေ၊ ချိုချဉ်တွေ ကျွေးသင့်ကြောင်း အချို့တွေက ပြောကြပါတယ်။ ဒါပေမယ့် လေ့လာချက်တွေအရ ကလေးတွေက အချိုကြောင့် ပျော်ရွှင်တာမဟုတ်ပါဘူး။ သူတို့အတွက် စိတ်လှုပ်ရှားစရာရှိလို့သာ ပျော်ရွှင်တာပါ။

၂။ ကလေးကို အငြင်းစကား အမြဲပြောတာက အပြစ်ရှာတယ်လို့ ခံစားရစေတယ်။

ကလေးကို လိုအပ်တဲ့အချိန်မှာ အငြင်းစကားပြောတာက ဘာမှမဖြစ်ပါဘူး။ တကယ်တော့ ကလေးကို အလိုမလိုက်ဘဲ သူ့အကန့်အသတ်နဲ့သူသာ ထားသင့်တာပါ။ စကားလုံးတွေထက် လက်ရှိအခြေအနေက ပိုပြီး အရေးကြီးပါတယ်။

၃။ ကလေးကို အမြဲတမ်း ဦးစားပေးသင့်တယ်။

ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့အတွက် မိဘတွေဟာလည်း ကျန်းမာနေသင့်ပါတယ်။ ကလေးတွေကို အမြဲတမ်းဦးစားပေးနေရင် မိဘတွေအတွက် ကိုယ်ပိုင်အချိန်တွေနည်းပြီး ကျန်းမာရေးကိုလည်း ဂရုစိုက်ဖြစ်တော့မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ကလေးကို ဦးစားပေးသင့်သလို မိဘတွေကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ဦးစားပေးဖို့ လိုအပ်ပါတယ်။

၄။ ကလေးကို အရမ်းမချီသင့်ဘူး။

မိဘတွေရဲ့ အာရုံစိုက်မှု၊ ဂရုစိုက်မှုတွေက ကလေးတွေအတွက် လိုအပ်ပါတယ်။ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံဖို့၊ တိုးတက်ဖို့ မိဘရဲ့အငွေ့အသက်က အများကြီး အရေးပါပါတယ်။ အဲဒါကြောင့် မိဘရဲ့နွေးထွေးမှု၊ အသက်ရှူသံကို ကလေးခံစားသိရှိနိုင်ဖို့ နီးနီးကပ်ကပ်နေသင့်ပါတယ်။

၅။ ကလေးငိုတဲ့အခါ ခဏလေး နို့တိုက်သင့်တယ်။

ကလေးငိုတဲ့အခါမှာ အငိုတိတ်သွားအောင် နို့တိုက်သင့်တယ်လို့ အချို့တွေက အကြံပေးတတ်ကြပါတယ်။ ကလေးငိုတာက ဗိုက်ဆာလို့လည်း ဖြစ်နိုင်သလို အထီးကျန်တာ၊ အိပ်ချင်တာနဲ့ အခြားအကြောင်းအချက်တွေကြောင့် ငိုတာလည်းဖြစ်နိုင်ပါတယ်။

ကလေးငိုတဲ့အခါ ချော့မြူပေးတာ၊ ခေါင်းကို ဖွဖွလေးပွတ်သပ်ပေးတာ၊ ချိုသာတဲ့သံစည်လေးတွေ ဖွင့်ပေးတာက ကလေးကို အငိုတိတ်စေပါတယ်။

၆။ အားကစားလုပ်တာက အရပ်ရှည်စေတယ်။

သင့်ကလေး အရပ်ရှည်လာဖို့အတွက် အားကစားတင်မက အာဟာရနဲ့လည်း သက်ဆိုင်ပါသေးတယ်။ အားကစားလုပ်နေပေမယ့်လည်း အာဟာရမပြည့်ဝတဲ့အခါ၊ အိပ်ချိန်နည်းတဲ့အခါ ကလေးက အရပ်ရှည်လာမှာမဟုတ်ပါဘူး။

ဒါပေမယ့် ဒီအချက်က ကလေးတွေကို အားကစား မလုပ်သင့်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အားကစားလုပ်တာက သင့်ကလေးကို အသင်းအဖွဲ့နဲ့လုပ်ဆောင်တတ်လာစေသလို စိတ်ဓာတ်လည်း ခိုင်မာလာစေပါတယ်။

၇။ တစ်ခါတရံမှာ ကလေးကို ရိုက်ပြီး ဆုံးမသင့်တယ်။

သင့်ကလေး အပြစ်လုပ်ထားတဲ့အခါ ကိုယ်ထိလက်ရောက်မဆုံးမသင့်ပါဘူး။ ကိုယ်ထိလက်ရောက်ဆုံးမလိုက်တဲ့အခါ ကလေးဆီမှာ ဒေါသကြီးတဲ့အကျင့်ရရှိသွားပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း ထိခိုက်သွားစေပါတယ်။

အဲဒီအစား ကလေးနဲ့အတူ ဆွေးနွေးအဖြေရှာတာ၊ နားဝင်အောင်ရှင်းပြတာ၊ မိဘနဲ့ ကလေးကြား ယုံကြည်မှုတည်ဆောက်တာက ပြဿနာပေါင်းများစွာကို ဖြေရှင်းပြီးသားဖြစ်သွားစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments