အများသုံးအိမ်သာတွေက ကျန်းမာရေးအတွက် စိတ်ချရနိုင်လား

လူကြားသူကြားထဲမှာ အိမ်သာတက်ချင်ရင် အရမ်းအခက်တွေ့ပါတယ်။ အိမ်သာတွေရှိရင် အဆင်ပြေပေမယ့် အိမ်သာမရှိတဲ့နေရာကိုရောက်နေရင် အဆင်မပြေနိုင်ပါဘူး။ လူအများစုပြောနေကြဖြစ်တဲ့ အများသုံးအိမ်သာတွေက သန့်စင်ရဲ့လားဆိုတာကို အဖြေရှာခဲ့ကြပါတယ်။

၁။ အန္တရာယ်အရှိဆုံးနေရာတွေက အလုံခြုံဆုံးပါပဲ။

အိမ်သာထိုင်ခုံအောက် ဒါမှမဟုတ် အဖုံးအောက်မှာ ဘက်တီးရီးယား ဘယ်လောက်ရှိနေတယ် ဆိုတာကို ဘယ်သူမှမသိပါဘူး။ ကုမ္ပဏီတစ်ခုကတော့ အများသုံးအိမ်သာတစ်ခုမှာ ဘတ်တီးရီးယားတွေ ဘယ်လောက်ရှိတယ်ဆိုတာ သိချင်လို့ နမူနာတွေကို စုဆောင်းခဲ့ပါတယ်။

ကွဲပြားခြားနားပြီးသေးငယ်တဲ့ဇီဝသက်ရှိပေါင်း 50,000 ကျော်ကို တွေ့ရှိခဲ့ရပါတယ်။ အရီဇိုးနားပြည်နယ်က သိပ္ပံပညာရှင်တွေကတော့ တူညီတဲ့ အဖြေတစ်ခုပေးခဲ့ပါတယ်။ ရေချိုးခန်းအတွင်းမှာရှိတဲ့ ဘက်တီးရီးယားအားလုံးရဲ့ 19% ကို အိမ်သာမှာ တွေ့ရှိနိုင်ပြီး ကျန်တာတွေကို ရေချိုးကန်နှင့် ဇလုံတွေမှာ တွေ့နိုင်ပါတယ်။

ဒါ့အပြင် ကြမ်းပြင်တွေ၊ နံရံတွေ၊ တံခါးလက်ကိုင်တွေနှင့် ရေထုတ်ခလုတ်တွေပေါ်မှာလည်း ဘက်တီးရီးယားပိုးတွေ ရှိနေပါတယ်။

၂။ သတိထားပြီး ကြည့်ရှုပါ။

အများသုံးအိမ်သာကို အသုံးမပြုခင်မှာ တချို့အရာတွေကို သတိထားပါ။ အိမ်သာရဲ့ ညာဘက်မှာ ဆပ်ပြာ၊ အိမ်သာသုံးစက္ကူနှင့် နံရံပေါ်မှာ သန့်ရှင်းရေးအချိန်ဇယား ရှိသင့်ပါတယ်။ အချိန်ဇယားကို စစ်ဆေးပါ။

၃။ ပထမ အိမ်သာကိုပဲရွေးပါ။

အံ့သြစရာကောင်းပေမယ့် သိပ္ပံပညာရှင်တွေရဲ့ အဆိုအရတော့ သန့်စင်ခန်းတစ်ခုမှာ အိမ်သာ၂ ခန်းပဲရှိရင်တောင် လူတွေက ဒုတိယတစ်ခုကို ရွေးချယ်ဖို့ ပိုများပါတယ်။ ဒါကြောင့် အများသုံးအိမ်သာထဲဝင်တဲ့အခါ ပထမအိမ်သာထဲကိုပဲ သွားပါ။ လူနည်းနည်းပဲသုံးတော့ ပိုသန့်ပါတယ်။

၄။ လိုက်လျောညီထွေဖြစ်အောင် လုပ်ပါ။

သင့်အိတ် ဒါမှမဟုတ် သင့်ပစ္စည်းတွေကို တင်ဖို့လိုအပ်ရင် အိမ်သာအပြင်ဘက်က အလုံခြုံဆုံးနေရာကို ရွေးပါ။ ဒါပေမယ့် သင့်မှာ ရွေးချယ်စရာမရှိသလို သင့်အိတ်ကို ကိုင်ထားမယ့်သူမရှိရင် သင့်ပစ္စည်းတွေကို ကြမ်းပြင်ပေါ်မှာ မချထားပါနဲ့။ အလုံခြုံဆုံးနေရာကတော့ အိမ်သာကန်ပါ။

၅။ မှန်ကန်စွာထိုင်ပါ။

လူ့သမိုင်းတစ်လျှောက်လုံးမှာ အိမ်သာသုံးခဲ့တဲ့ကာလက သိပ်မကြာသေးပါဘူး။ ပညာရှင်တွေက လူသားတွေအားလုံး လက်ရှိအသုံးပြုနေတဲ့ အိမ်သာတွေကို ဒီဇိုင်းဆွဲခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီလို အိမ်သာထိုင်တဲ့အခါ အနေအထားက သဘာဝမကျပါဘူး။

90° အနေအထားက တင်းမာမှုကို ဖြစ်စေပြီး ဝမ်းချုပ်ခြင်းနှင့် လိပ်ခေါင်းရောဂါတွေအထိ ဖြစ်စေနိုင်ပါတယ်။ 35° အနေအထားကတော့ သဘာဝအတိုင်းဖြစ်ပြီး အရာအားလုံး သဘာဝအတိုင်းထွက်သွားနိုင်ပါတယ်။

ဒါကြောင့် အများသုံးအိမ်သာတွေမှာ 35° အနေအထားနဲ့ ထိုင်တာက ပိုကောင်းပါတယ်။ ဒါပေမယ့် အဲ့လိုအိမ်သာတွေပေါ်မှာ မတ်တပ်ရပ်ခွင့်မပြုကြောင်း သတိတော့ထားသင့်ပါတယ်။

၆။ အိမ်သာသုံးစက္ကူကို ခွက်ပေါ်မှာ မတင်ပါနဲ့

အများသုံးအိမ်သာသုံးတဲ့အခါ လူတော်တော်များများက အိမ်သာသုံးစက္ကူကို ခွက်ပေါ်မှာ တင်ထားကြပါတယ်။ ဒီဆုံးဖြတ်ချက်က ဘယ်လောက်ပဲ ကောင်းနေပါစေ၊ ဒါဟာ အဆိုးဆုံးတွေထဲက တစ်ခုပါပဲ။ အိမ်သာထိုင်ခုံတွေကို အလွန်စမတ်ကျတဲ့ပုံစံနဲ့ တည်ဆောက်ထားပါတယ်။

သူတို့ရဲ့ ပုံစံနဲ့ ချောမွေ့တဲ့ မျက်နှာပြင်ဟာ ဘက်တီးရီးယားတွေ မပြန့်ပွားစေပါဘူး။ လူအများစုက အိမ်သာကိုသုံးပြီးရင် အဖုံးအုပ်ပြီး ရေဆေးချဖို့ မေ့ကြပြီး ဒီတိုင်းပဲရေဆေးချလိုက်တာကြောင့် စက္ကူလိပ်အပါအဝင် အိမ်သာတစ်ခုလုံးမှာ ဘက်တီးရီးယားပိုတွေ ပျံ့နှံ့သွားပါတော့တယ်။ စက္ကူက အစိုဓာတ်ကို ကောင်းကောင်းစုပ်ယူတာကြောင့် ဘက်တီးရီးယားတွေ ပွားများနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာပါတယ်။

၇။ မှန်မှန်ကန်ကန် ပြုလုပ်ပါ။

အိမ်သာသုံးပြီးတဲ့အခါ မှန်မှန်ကန်ကန် ထွက်သွားဖို့ လိုပါတယ်။ မတ်တပ်ရပ်ပြီး အဖုံးပိတ်ပြီးမှသာ အိမ်သာအဖုံးကို ပိတ်ပါ။

၈။ လက်ကို သေချာဆေးပါ။

အိမ်သာထဲမှာ အန္တရာယ်ရှိတဲ့ ပိုးမွှားများစွာ ရှိနေသောကြောင့် လက်ကို သေချာဆေးကြောပါ။ တစ်မိနစ်အတွင်း ၂ ကြိမ်ကနေ ၅ ကြိမ်အထိ မျက်နှာကို ထိလိုက်ခြင်းဟာ မလိုလားအပ်တဲ့ ပိုးမွှားတွေကို ပါးစပ်နဲ့အနီးဆုံးမှာထားလိုက်သလိုပါပဲ။

ဒါကြောင့် အများသုံးအိမ်သာကို သွားတိုင်း လက်ကို အနည်းဆုံး တစ်မိနစ်လောက် ဆပ်ပြာနဲ့ အမြဲဆေးသင့်ပါတယ်။ လက်ဆေးပြီးရင်လည်း ဘာကိုမှမထိဘဲ သန့်စင်ခန်းကနေ ဒီတိုင်းထွက်လာသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments