ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုမှာ အသားအရေနဲ့ဆံပင်က ထိလွယ်ရှလွယ် ဖြစ်လာပါတယ်။ ခရမ်းလွန်ရောင်ခြည်ကလည်း မြင့်တာကြောင့် နေပူထဲ ထွက်တာနဲ့ အသားအရေနဲ့ ဆံပင်ကို ကာကွယ်ဖို့ လိုအပ်မှာပါ။
အဲဒါကြောင့် ပူပြင်းတဲ့ရာသီဥတုမှာ ဘယ်လိုနည်းတွေနဲ့ အသားအရေထိန်းသိမ်းနိုင်မလဲ ဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
အသားအရေကို ကာကွယ်ဖို့အတွက်
နည်းလမ်း ၁
အပြင်သွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ အိမ်ထဲမှာနေတာပဲဖြစ်ဖြစ် sunscreen ကို လိမ်းပါ။ ဒါ့အပြင် နေပူဒဏ်ကနေ ကာကွယ်ဖို့ လုံခြုံတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။ မျက်နှာနဲ့ လည်ပင်းကို နေမလောင်ဖို့ ဦးထုပ်ဆောင်းတာက အကောင်းဆုံးနည်းလမ်းပါ။
နည်းလမ်း ၂
ရေကူးကန်ထဲမှာ ရေမကူးခင် သို့မဟုတ် အပြင်မသွားခင်မှာ ခန္ဓာကိုယ်ကို အုန်းဆီ၊ baby oil လိမ်းပေးပါ။ ရေကူးကန်ထဲမှာ ထည့်ထားတဲ့ ကလိုရင်းက အသားအရေကို ခြောက်သွေ့စေပါတယ်။ အဲဒါကို ကာကွယ်ဖို့အတွက် ခန္ဓာကိုယ်မှာ ဆီတစ်မျိုးမျိုး လိမ်းသင့်ပါတယ်။
နည်းလမ်း ၃
ရေကူးကန်ထဲမှာ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေ မရှိစေဖို့ ကလိုရင်းတွေ ခပ်ထားတတ်ပါတယ်။ ဒါပေမယ့် ကလိုရင်းက အသားအရေအတွက်တော့ မကောင်းပါဘူး။ အဲဒါကြောင့် အသားအရေထဲကို ကလိုရင်းတွေ အရမ်းစိမ့်မဝင်စေဖို့ ရေမကူးခင်မှာ ရေချိုးသွားသင့်ပါတယ်။
နည်းလမ်း ၄
နေပူထဲမှာ အချိန်အကြာကြီးနေရင် အရေးအကြောင်းနဲ့ နေလောင်ဒဏ်တွေ ဖြစ်လာစေပါတယ်။ အဲဒါကို ကာကွယ်ဖို့အတွက် sunscreen ကို အမြဲဆောင်ထားင့်ပါတယ်။ Sunscreen ကို ရွေးချယ်တဲ့အခါ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်တဲ့ SPF 30 အနည်းဆုံးပါတာကို ရွေးသင့်ပါတယ်။
Tip
မနက် ၁၀ နာရီကြားနဲ့ နေ့လယ် ၂ နာရီကြားကနေ နေရောင်ခြည်မှာ ခရမ်းလွန်ရောင်ခြည်တွေ အများကြီးပါတာကြောင့် အဲဒီအချိန်တွေမှာ အပြင်သွားတာကို လျှော့ချသင့်ပါတယ်။
ဆံပင်ကို ကာကွယ်ဖို့အတွက်
နည်းလမ်း ၁
SPF/UV ကို ကာကွယ်ပေးတဲ့ ဖျန်းဆေးကို ဆံပင်မှာ ဖျန်းပေးပါ။ ဒီလိုဖျန်းဆေးတွေက ဆံပင်ကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးပြီး ဆံပင်အရောင်ဆိုးထားရင်လည်း အရောင်မလွင့်စေပါဘူး။
နည်းလမ်း ၂
ရေငန်က ဆံပင်အရောင်ဆိုးထားရင် အရောင်လွင့်ပြယ်လွယ်စေပါတယ်။ ဆံပင်ကိုလည်း ကြမ်းလာစေပြီး အဖျားတွေကိုလည်း နှစ်ခွဖြစ်စေပါတယ်။ အဲဒါကြောင့် ပင်လယ်ထဲမှာ ရေကူးတော့မယ်ဆိုရင် leave-in conditioner ကို ဆံပင်မှာ လိမ်းပြီးမှာ ရေကူးပါ။
နည်းလမ်း ၃
ကြက်သီးနွေးရေ၊ ပျားရည်၊ ထောပတ်ထုတ်ယူပြီးတဲ့နွားနို့တို့ကို ရောစပ်ပြီး ဆံပင်မှာ ပေါင်းထားပေးပါ။ ပျားရည်က ဆံပင်ကို အစိုဓာတ်ရရှိအောင် ထိန်းသိမ်းပေးပါတယ်။ ဆံပင်ကိုလည်း ပိုးသွားလိုမျိုး ပျော့ပျောင်းလာစေပါတယ်။
Zombie ( lovemedia)
0 Comments