လူအများစုဟာ ငွေစုဖို့ထက် တခြားအပိုပစ္စည်းတွေဝယ်ရင်း ကုန်သွားတတ်ကြတာ များပါတယ်။ ဒါကြောင့် တချို့ပစ္စည်းတွေကို ဝယ်စရာမလိုပဲ ကိုယ်တိုင်ဘယ်လိုလုပ်ရမလဲ ဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။
၁။ မုန့်အိတ်
National Geographicရဲ့ အဆိုအရ ပလတ်စတစ်အိတ်နဲ့ ထုပ်ပိုးတာဟာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီးတော့ အိတ်တွေက ပြန်သုံးလို့လည်း မရပါဘူး။
အပူချိန်အရမ်းမြင့်သွားရင်လည်း အစားအစာတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါနေပါတယ်။ ဒါကြောင့် ချည်နဲ့လုပ်ထားတဲ့ အိတ်ကိုသုံးတာပဲဖြစ်ဖြစ်၊ ဖက်နဲ့ထည့်တာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။
၂။ ပုဝါ
စက္ကူတွေကို ကုန်တိုင်းဝယ်နေရင် ကုန်ကျစရိတ် များနိုင်ပါတယ်။ ဒါကြောင့် အဝတ်စတွေကို သုံးပါ။ ပြန်လျှော်ပြီးသုံးနိုင်သလို ခဏခဏလည်း ဝယ်နေစရာမလိုပါဘူး။
၃။ ခံတွင်းဆေး
ခံတွင်းဆေးတွေက သွားပေါက်ခြင်းနှင့် ခံတွင်းနံ့ဆိုးခြင်းကို ကာကွယ်နိုင်ပေမယ့်လည်း အချို့သောအန္တရာယ်တွေ ရှိပါသေးတယ်။ ခံတွင်းသန့်ဆေးတွေက သင့်ပါးစပ်တွင်းမှာရှိတဲ့ မိုက်ခရိုဇီဝကို ထိခိုက်စေပြီး သွားတွေကို စွန်းထင်းစေပါတယ်။ ဒါကြောင့် ခံတွင်းသန့်ဆေးကို သဘာဝပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်သင့်ပါတယ်။
၄။ Facial Cotton Pad
တစ်ခါသုံး မိတ်ကပ်ဖျက်တဲ့ဟာကို ချည်သားနဲ့ ပြုလုပ်ထားပေမယ့် ပလတ်စတစ် ပါဝင်ပါတယ်။ ဒါ့အပြင် နေ့တိုင်း မိတ်ကပ်ဖျက်ရင် အပတ်တိုင်း Facial Pad တစ်ထုပ် ဝယ်ရပါလိမ့်မယ်။ ၄ ခါ ၅ ခါလောက်လုပ်ပြီး နွမ်းသွားတဲ့အထိ သုံးတာက ပိုကောင်းပါတယ်။
၅။ အိမ်မွေးတိရစ္ဆာန်အစာ
အိမ်မွေးတိရိစ္ဆာန်အစာတွေမှာပါတဲ့ အရာတွေက သင့်အကောင်လေးတွေအတွက် အန္တရာယ်မရှိဘူးလို့ မပြောနိုင်ပါဘူး။ အများစုက GMO ဖြစ်ပြီး သကြား၊ အရိုးတုနှင့် အသားတုတွေပဲ ပါဝင်နေပါတယ်။
အိမ်မွေးတိရိစ္ဆာန်အစာကို သင်ကိုယ်တိုင်ပြုလုပ်ရင် ပိုအန္တရာယ်ကင်းပါတယ်။ သင့်အကောင်လေးက အာဟာရချို့တဲ့နေရင်လည်း လိုအပ်တဲ့အရာတွေကို သင်ကိုယ်တိုင်ထည့်နိုင်ပါတယ်။
၆။ ပေါင်မုန့်ခြောက်မှုန့်
ပေါင်မုန့်ခြောက်မှုန့်တွေကို လုပ်ရတာလွယ်ပေမယ့် လူအများစုက အခုထိလိုရင် ဝယ်နေကြတုန်းပါပဲ။ ဒါကို အိမ်မှာ ကိုယ်တိုင်လုပ်နိုင်ပြီး ဝယ်တာထက်တောင် ပိုများဦးမှာပါ။ အရသာပျက်နေတဲ့ ပေါင်မုန့်အချို့ကို ရှာပြီး အတုံးအတုံးလေးတွေလုပ်ပါ။ ခြောက်သွားရင် ချေလိုက်ပါ။ အမြန်ခြောက်ချင်တယ်ဆိုရင် ပေါင်မုန့်မီးကင်စက်ထဲ ထည့်ပါ။
၇။ ပန်းကန်ဆေးရေမြှုပ်
ရေမြှုပ်အများစုက သုံးပြီးတစ်ပတ်လောက်ကြာရင် အနံ့အသက်ဆိုးတွေ ထွက်လာတတ်ပါတယ်။ ပြန်သုံးလို့ရတာ မှန်ပေမယ့်လည်း အနည်းဆုံးတော့ ဆေးကြောပြီး ပြန်သုံးသင့်ပါတယ်။
၈။ Pads
တစ်ခါသုံး pads တွေက ပတ်ဝန်းကျင်အတွက်သာမက သင့်ကျန်းမာရေးအတွက်ပါ အန္တရာယ်ရှိနိုင်ပါတယ်။ အဆိပ်အတောက်ဒိုင်အောက်ဆင်းတွေလည်း ပါနေပါတယ်။ ပြီးတော့ အညွှန်းမှာ ဖော်ပြထားခြင်းမရှိတဲ့ အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေဖြစ်တဲ့ acetone၊ styrene နှင့် အခြားအရာတွေလည်း ရှိပါသေးတယ်။
ဒါကြောင့် ပြန်သုံးနိုင်တဲ့ padsတွေကို ကိုယ်တိုင်လုပ်ပါ။ လစဉ် ငွေချွေတာမိပြီး သင့်ကျန်းမာရေးကို ကာကွယ်ပြီးသားလည်း ဖြစ်ပါတယ်။
Zombie (lovemedia)
0 Comments