မစားသင့်တဲ့၊ ဝယ်ဖို့မသင့်တော်တဲ့ အသားရဲ့လက္ခဏာ (၃) ခု

အသားကို အခန်းအပူချိန်မှာ ကြာကြာထားတဲ့အခါ ဘက်တီးရီးယားတွေ ပေါက်ဖွားပြီး ပုပ်သိုးသွားတတ်ပါတယ်။ ပုပ်သိုးနေတဲ့အသားကို ချက်စားတဲ့အခါ အစာအိမ်ကျန်းမာရေးအတွက် ထိခိုက်စေမှာပါ။ အဲဒါကြောင့် မစားသင့်တော့တဲ့ အသားရဲ့လက္ခဏာတွေအကြောင်းကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အနံ့

အသားကို ကောင်းလား၊ မကောင်းလားသိဖို့ အလွယ်ဆုံးနည်းကတော့ အနံ့ခံကြည့်တာပါ။ အသားက ချဉ်စုပ်စုပ်၊ ပုပ်အက်အက်အနံ့ထွက်နေရင် လုံးဝမစားသင့်တော့ပါဘူး။

အသားကို ဝယ်တဲ့အခါမှာလည်း အနံ့ကို သေချာစစ်ဆေးသင့်ပါတယ်။ ပုပ်သိုးသိုးအနံ့မထွက်ပေမယ့်လည်း ဘက်တီးရီးယားတွေ ရှိနေတတ်ပါတယ်။

အချို့အသားရောင်းသူတွေက အသားရဲ့ပုပ်သိုးသိုးအနံ့တွေကို ဖျောက်ဖို့ အစွန်းချွတ်ဆေး၊ အမိုးနီးယားတို့ကို သုံးတတ်ကြပါတယ်။ အဲဒါကြောင့် ဝယ်တဲ့အခါမှာလည်း သတိထားသင့်ပါတယ်။

၂။ အရောင်

လတ်ဆတ်တဲ့အသားက အနီရောင်သန်းနေတတ်ပါတယ်။ ဒါပေမယ့်အသားရဲ့အရောင်က ဖျော့တော့နေရင်၊ အနက်ရောင်ဘက်ကို ကူးနေရင် မစားသင့်တော့ပါဘူး။

အစိမ်းရောင်ကလည်း အသားကို ပစ်လိုက်သင့်ကြောင်း ဖော်ပြတဲ့လက္ခဏာပါ။ ကြက်သား၊ ဘဲသားတို့မှာလည်း အရောင်က ခဲရောင်၊ အစိမ်းရောင်တို့ဖြစ်နေရင် မစားသင့်တော့ပါဘူး။

၃။ အထိအတွေ့

လက်ကို ရေဆေးပြီး အသားကို ထိကြည့်ပါ။ အသားက စေးကပ်ကပ်ဖြစ်နေတယ်ဆိုရင်၊ ချွဲနေတယ်ဆိုရင် ပုပ်နေပါပြီ။ အသားပေါ်မှာ အချွဲတေါ ကပ်နေရင် ဘက်တီးရီးယားတွေ အဆပေါင်းများစွာ ပေါက်ဖွားနေတာပါ။

အသားရဲ့အချို့နေရာတွေမှာ အနက်ရောင် သို့မဟုတ်အစိမ်းရောင်ကို တွေ့ရပါတယ်။ အဲဒါကတော့ မှိုတွေ ပေါက်ဖွားနေတဲ့လက္ခဏာပါ။

အချွဲတွေက အသားရဲ့မျက်နှာပြင်မှာသာမက အသားရဲ့အတွင်းထဲမှာလည်း ရှိနေတတ်ပါတယ်။ အဲဒါကြောင့် အသားကို အနည်းငယ် ဖိကြည့်ပါ။ ပုပ်အက်အက်အနံ့နဲ့ အရည်တွေ ထွက်လာရင် မစားသင့်တော့ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments