သေးသေးမွှားမွှားလို့ထင်ရပေမယ့် သင့်ရဲ့နေ့စဉ်ဘဝကို လွယ်ကူအဆင်ပြေစေမယ့် နည်းလမ်း (၁၂) ခု

နေ့စဉ်ဘဝမှာ ပြဿနာတွေက အကြီးကြီးတွေ တွေ့ရနိုင်သလို အသေးလေးတွေလည်း တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် မထင်ထားတဲ့အချက်လေးတွေကလည်း သင့်ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ အဲဒါကြောင့် သေးသေးမွှားမွှားလို့ထင်ရပေမယ့် သင့်ရဲ့နေ့စဉ်ဘဝကို အဆင်ပြေစေတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးပါမယ်နော်။

၁။ အရောင်ပါတဲ့ကြိုးလေး

တစ်ခါတရံ လေဆိပ်မှာ သင့်ရဲ့အိတ်ကို ချက်ချင်းရှာမတွေ့တာကို ကြုံဖူးမှာပါ။ အိတ်အများစုကလည်း ပုံစံတွေ တူနေတတ်ပါတယ်။ အဲဒါကြောင့် အိတ်လက်ကိုင်မှာ အရောင်တောက်ပြီး ထင်သာမြင်သာရှိနိုင်မယ့်ကြိုးလေးကို စည်းထားလိုက်ပါ။ အဲဒီအခါ အိတ်ကို ရှာတဲ့အခါ အချိန်မကုန်တော့ပါဘူး။

၂။ ကီးဘုတ်သန့်ရှင်းရေး

ကီးဘုတ်ကို သန့်ရှင်းရေးလုပ်ရတာ တကယ်ကို လွယ်ကူပါတယ်။ သွားတိုက်တံအဟောင်းနဲ့ ကီးဘုတ်ခလုတ်ကြားတွေထဲကို ပွတ်တိုက်ပေးပါ။ အရမ်းအားစိုက်ပြီး သန့်ရှင်းရေးလုပ်ပေးစရာမလိုပါဘူး။

၃။ ဖိနပ်အနံ့

ဖိနပ်က အနံ့တွေ အရမ်းထွက်နေတယ်ဆိုရင် လက်ဖက်ရည်အိတ်လေးကို ဖိနပ်ထဲမှာ တစ်ညကြာအောင် ထည့်ထားလိုက်ပါ။ ဒီနည်းက ငွေကုန်ကြေးကျသက်သာပြီး တကယ်ထိရောက်တဲ့နည်းပါပဲ။

၄။ ဟင်းအိုးထဲမှာ လျှံမကျစေဖို့

ဟင်းချက်တဲ့အခါ၊ ထမင်းချက်တဲ့အခါ ပွက်လာပြီး လျှံကျတတ်တာကို အိမ်ရှင်မတွေ မကြာခဏကြုံတွေ့ရပါတယ်။ အဲဒါကြောင့် သစ်သားယောင်းမတစ်ချောင်းကို အိုးပေါ်မှာ တင်ထားလိုက်ပါ။ ဆီမစင်အောင်လည်း ဒီနည်းကို အသုံးပြုလို့ရပါတယ်။

၅။ သံရိုက်ဖို့

သံရိုက်တဲ့အခါ လက်ကို မတော်တဆထုမိတာ၊ သံကွေးသွားတာကို ကြုံရတတ်ပါတယ်။ အဲဒါကြောင့် အဝတ်ညှပ်ကလစ်လေးကို သုံးပြီး လက်ကို ဝေးဝေးမှာ ထားပါ။ အဲဒီအခါ လက်ကို မထိတော့ပါဘူး။

၆။ ပေါက်ပေါက်

ပေါက်ပေါက်က စားလို့ကောင်းပေမယ့် ကယ်လိုရီတွေ အများကြီးပါဝင်ပါတယ်။ သကြားနဲ့ အဆီဓာတ်တွေလည်း ပါဝင်ပါတယ်။ အသင့်စားပေါက်ပေါက်တွေက ထောပတ်နဲ့ ဆားတွေပါတာကြောင့် သင့်ကို ဝိတ်တက်စေမှာပါ။ အဲဒါကြောင့် အိမ်မှာ microwave ကိုအသုံးပြုပြီး ပေါက်ပေါက်ကို သကြားနည်းနည်းနဲ့ ပြုလုပ်နိုင်ပါတယ်။

၇။ ပျက်နေတဲ့ဆုံလည်ထိုင်ခုံ

တစ်ခါတရံမှာ ဆုံလည်ထိုင်ခုံက ဘီးလေးတွေက ကျိုးသွားပြီး အပိုရောင်းတဲ့ဆိုင်ကို ရှာမရတာမျိုးဖြစ်တတ်ပါတယ်။ အဲဒီအခါ ထိုင်ခုံအသစ်ဝယ်စရာမလိုပါဘူး။မဖောက်ရသေးတဲ့ ရေသန့်ဘူးကို ထိုင်ခုံမှာ တိပ်နဲ့ တွဲကပ်ပြီး ဘီးအစား အသုံးပြုလို့ရပါတယ်။

၈၊၊ လက်ကို ဆီမစင်စေဖို့

ဟင်းချက်တဲ့အခါမှာ လက်ကို မကြာခဏဆီစင်တတ်ပါတယ်။ အဲဒါကြောင့် ရေသန့်ဘူးကို အောက်ကနေ ဖြတ်ပြီး အသုံးပြုပါ။ ငွေကုန်သက်သာပြီး ဆီလည်း မစင်တော့ပါဘူး။

၉။ ပေါင်မုန့်မီးကင်

ပေါင်မုန့်မီးကင်စက်ထဲကနေ ပေါင်မုန့်ကို ယူလိုက်ရင် အရမ်းကို ပူပါတယ်။ ဒါပေမယ့် ရေခဲချောင်းတုတ်နှစ်ချောင်းပဲ လိုအပ်ပါတယ်။ ရေခဲချောင်းတုတ်နှစ်ချောင်းနဲ့ ပေါင်မုန့်ကို ညှပ်လိုက်ရင် မပူတော့ပါဘူး။

၁၀။ အဝတ်စင်မှာ ချိတ်တွေ မရွေ့သွားစေဖို့

အဝတ်ဘီရို၊ အဝတ်စင်မှာ အင်္ကျီချိတ်တွေ ချိတ်ထားတဲ့အခါ မကြာခဏရွေ့သွားတတ်ပါတယ်။ အဲဒီအခါ စာရွက်ညှပ်တဲ့ကလစ်လေးတွေကို အဝတ်ချိတ်တွေ ကြားမှာ ညှပ်ထားလိုက်ပါ။

၁၁။ အာလူးကြော်

ဝါးတူတွေက နေ့စဉ်ဘဝမှာ အရမ်းအသုံးဝင်ပါတယ်။ အာလူးကြော်စားတဲ့အခါ လက်မပေအာင်လို့ တူနဲ့ ညှပ်ပြီး စားကြည့်ပါ။ အဲဒီအခါ အာလူးကြော်ကို အရင်ကလောက် အများကြီး မစားနိုင်တော့ပါဘူး။

၁၂။ ပစ္စည်းသေးသေးလေးတွေ ပြုတ်ကျသွားတဲ့အခါ

လက်ဝတ်ရတနာနဲ့ အခြားပစ္စည်းသေးသေးလေးတွေဟာ ပြုတ်ကျသွားပြီး လက်လှမ်းမမီနိုင်တဲ့နေရာမျိုးကို ရောက်သွားတတ်ပါတယ်။ အဲဒီအခါ လေစုပ်စက်ကို အသုံးပြုနိုင်ပါတယ်။

Zombie ( lovemedia)

Post a Comment

0 Comments