Laptopဆိုတာဟာ ဒီနေ့ခေတ်မှာ အလုပ်လုပ်ဖို့နှင့် ကိုယ်ရေးကိုယ်တာအတွက် ဘက်စုံသုံး စက်ပစ္စည်းတစ်ခုဖြစ်တာကြောင့် နေ့စဉ်ဘဝမှာ အရေးပါပါတယ်။ ဒါပေမယ့် သင့်Laptopကို အချိန်ကြာကြာ သုံးချင်တယ်ဆိုရင်တော့ သတိထားသင့်တဲ့အရာအချို့ရှိပါတယ်။
အရေးကြီးသောအချက်များ
လက်ပ်တော့ရဲ့ သက်တမ်းကို ရှည်ဖို့အတွက် နည်းလမ်းကတော့ မတူပါဘူး။ ဘာလို့လဲဆိုတော့ လက်ပ်တော့တွေဟာ နည်းပညာဆိုင်ရာ ရှုထောင့်တွေ ကွဲပြားနိုင်ရုံသာမကဘဲ လူတွေအသုံးပြုတဲ့ နည်းလမ်းပေါ်လည်း မူတည်နေတာကြောင့်ပါ။
ဒါပေမယ့် သင့်လက်ပ်တော့ဘယ်လောက်ကြာကြာ အသုံးပြုနိုင်ပြီး သင့်ရဲ့ လုပ်ဆောင်မှုအတိုင်း လိုက်လုပ်နိုင်မယ့် အချက်သုံးချက်ရှိပါတယ်။
၁။ သင့်လက်ပ်တော့ရဲ့ ဟာ့ဒ်ဝဲ
၂။ သင့်လက်ပ်တော့ကို ဘာအတွက်အသုံးပြုရမှာလဲ
၃။ ဘယ်လိုဂရုစိုက်ပြီး ထိန်းသိမ်းသင့်လဲ
၁။ အတွင်းအပြင်ကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးပါ။
လက်ပ်တော့တစ်လုံးကို အသုံးပြုနေတဲ့အချိန်မှာ ပူခြင်း ဒါမှမဟုတ် အေးသွားနိုင်တဲ့၊ ရွေ့လျားနိုင်တဲ့ အစိတ်အပိုင်းတွေ ရှိပါတယ်။ သတ္တုရဲ့ အဆက်မပြတ် ပျံ့ကားခြင်းနှင့် ကျုံ့ခြင်းတို့ကြောင့် ဟာ့ဒ်ဝဲပိုင်းကို ထိခိုက်တာတွေ ရှိပါတယ်။
ဒါပေမယ့် သင့်လက်ပ်တော့ရဲ့ ကီးဘုတ်နှင့် လေပေါက်တွေအတွင်းကို လေနဲ့ ပုံမှန်သန့်ရှင်းရေးလုပ်ခြင်းက ထိခိုက်တာတွေကို သက်သာစေပါတယ်။ 100% ထိရောက်မှု မရှိပေမယ့်လည်း သင့်လက်ပ်တော့အတွင်းက ဖုန်တွေ၊ ဂျေးတွေကို ဖယ်ရှားပေးတာကြောင့် စက်ကို သက်တမ်းရှည်စေပါတယ်။
ဒါပေမယ့် ကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီးမှသာ စက်အတွင်းပိုင်းကို ဖြုတ်ပြီး သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။
၂။ အစားအသောက်တွေနဲ့ ဝေးဝေးမှာ ထားပါ။
အစာအကြွင်းအကျန်တွေနဲ့ ဖျော်ရည်တွေက သင့်လက်ပ်တော့အတွက် မကောင်းပါဘူး။ ကီးဘုတ်ထဲကို ဝင်သွားတတ်ပါတယ်။ အကျိုးဆက်အနေနဲ့ ကီးဘုတ်သုံးမရတာတွေ ဖြစ်တတ်ပါတယ်။
မားသားဘုတ်နှင့် စက်ပစ္စည်းတစ်ခုလုံးကို အစားမထိုးချင်ရင် အစားအသောက်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။
၃။ နေရောင်ခြည်တိုက်ရိုက် ရတဲ့နေရာနှင့် ပူပြင်းတဲ့နေရာမှာ မသိမ်းဆည်းပါနဲ့။
လက်ပ်တော့အစိတ်အပိုင်းတွေက မြင့်မားတဲ့အပူချိန်နဲ့ ထိတွေ့ရင် ပျက်စီးတတ်တာကြောင့် သက်တမ်းရှည်ရှည်သုံးချင်ရင် အပူများတဲ့နေရာမှာ မထားသင့်ပါဘူး။
၄။ လက်ဆေးပြီးမှ သုံးပါ။
သင့်လက်က အဆီနှင့် အညစ်အကြေးတွေက အထဲကိုဝင်သွားနိုင်သလို လက်ပ်တော့ကိုလည်း ညစ်ပတ်စေနိုင်ပါတယ်။ လက်ပ်တော့ကို အသုံးမပြုမီ လက်ကို အရင်ဆေးသင့်ပါတယ်။
၅။ စက်ကို အမြဲရှင်းပေးပါ။
မသက်ဆိုင်တဲ့ အက်ပ်တွေနှင့် ဖိုင်တွေကို ဖယ်ရှားခြင်းက လက်ပ်တော့ရဲ့ သက်တမ်းကို တိုးမြင့်စေမှာမဟုတ်ပေမယ့် စက်ကိုတော့ ပိုမြန်စေပါတယ်။ သင့်လက်ပ်တော့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ပြီး ပရိုဆက်ဆာလုပ်ဆောင်ချက်တွေကနေ ထုတ်ပေးတဲ့ အပူပမာဏ ကျဆင်းသွားနိုင်ပါတယ်။
၆။ External accessoriesတွေကို သုံးပါ။
စက်ရဲ့အစိတ်အပိုင်းတွေ ယိုယွင်းပျက်စီးမှုကို လျှော့ချဖို့နဲ့ ဂိမ်းဆော့တဲ့အခါတိုင်း အဆင်ပြေအောင် external accessoriesတွေကို သုံးသင့်ပါတယ်။ မော်နီတာအကြီးစားတစ်ခု၊ မောက်စ်နှင့် ကီးဘုတ်တို့ကို အသုံးပြုသင့်ပါတယ်။ တပ်ခြင်းနဲ့ ဖြုတ်ခြင်းမှာ အဆင်ပြေအောင်လည်း dock ဒါမှမဟုတ် hub ကိုအသုံးပြုသင့်ပါတယ်။
၇။ အားခံအောင် ဘယ်လိုလုပ်မလဲ။
ပျမ်းမျှအားဖြင့် လက်ပ်တော့ဘက်ထရီဟာ အကြိမ် 300 ကနေ 500 အထိ အားသွင်းခံတယ်လို့ ယူဆထားကြပေမယ့်လည်း အရေအတွက် ကွဲပြားနိုင်ပါတယ်။ သင့်စက်ရဲ့ ဘက်ထရီသက်တမ်းဟာ သင်အသုံးပြုပုံနှင့် ဘက်ထရီရဲ့သက်တမ်းအပေါ် များစွာမူတည်ပါတယ်။
- သင့်လက်ပ်တော့ကို တစ်ချိန်လုံး ပလပ်ထိုးမထားပါနဲ့။
- အလင်းကို လျှော့ထားပါ။
- ဘရောက်ဆာမှာ တက်ဘ်တွေ အများကြီးမဖွင့်ပါနဲ့။
- ပရိုဂရမ်များစွာကို တစ်ချိန်တည်းမှာ ဖွင့်မထားပါနှင့်။
- လက်ပ်တော့က စပီကာတွေအစား နားကြပ်ကိုသုံးပါ။
- cooling pad သေချာသုံးပါ။
၈။ Upgrade အမြဲလုပ်ပေးပါ။
အတွင်းပိုင်းကို Upgrade သိပ်လုပ်စရာ မလိုပေမယ့် Memory နှင့် Storage တွေကို လဲပေးသင့်ပါတယ်။ ပြင်ပဒရိုက် ဒါမှမဟုတ် ဂရပ်ဖစ်ပရိုဆက်ဆာလိုမျိုး အရာတွေနဲ့လည်း တွဲသုံးသင့်ပါတယ်။
Zombie (lovemedia)
0 Comments