မင်းသားကြီး Leonardo DiCaprio နဲ့ ပတ်သက်ပြီး လူသိနည်းတဲ့အချက် (၉) ချက်

Leonardo DiCaprio ဆိုရင် မသိတဲ့သူမရှိပါဘူး။ သူဟာ လူချစ်အများဆုံး သရုပ်ဆောင်တွေထဲက တစ်ယောက်ဖြစ်ပြီးတော့ တိုက်တန်းနစ်ဇာတ်ကားနဲ့ နာမည်အတော်ရလာပါတယ်။

သူက ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ထိပ်တန်းဖြစ်နေပေမယ့် သူရဲ့ နှစ် ၃၀ သက်တမ်းကြာတဲ့ ကာလတစ်လျှောက်မှာ ရုပ်ရှင် ၂၉ ကားသာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

၁။ Leonardo da Vinci ကို အစွဲပြုပြီး ပေးထားတဲ့နာမည်

လီယိုရဲ့ မိခင်ဟာ သူ့ကိုကိုယ်ဝန်ရှိနေတဲ့အချိန် အီတလီနိုင်ငံ၊ ဖလောရန့်စ်မြို့ Uffizi ပြတိုက်မှာရှိတဲ့ လီယိုနာဒိုဒါဗင်ချီရဲ့ပန်းချီကားကို ပထမဦးဆုံးအကြိမ် စိုက်ကြည့်နေရင်း အထဲက ကလေးကန်တာကို ခံစားခဲ့ရပါတယ်။ မိဘတွေကလည်း တစ်ခုခုပဲလို့ ယူဆတာကြောင့် သူ့ကို လီယိုနာဒိုလို့ အမည်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

၂။ သူ့ရဲ့ နာမည်ကြောင့် လူကြိုက်မများလောက်ဘူးလို့ အေးဂျင့်တွေက ထင်ခဲ့ကြပါတယ်။

Leo ဟာ အစပိုင်းမှာ အေးဂျင့်တစ်ဦးကို ရှာဖွေဖို့တောင် ခက်ခဲခဲ့ပြီး နောက်ဆုံးမှာ အေးဂျင့်က သူ့ရဲ့ နာမည်ကို Lenny Williams လို့ ပြောင်းလဲဖို့ အကြံပြုခဲ့ပါတယ်။ သူဟာ နာမည်ပြောင်းရမယ်ဆိုလို့ ငြင်းဆိုခဲ့ပါတယ်။ ၂ နှစ်အကြာမှာတော့ Leo က သူ့နာမည်နဲ့ သူ့ကို လက်ခံတဲ့ အေးဂျင့်ကို ကံကောင်းထောက်မစွာ ရှာတွေ့ခဲ့ပါတယ်။

၃။ သူ့မှာ အစွဲကြီးတဲ့ စိတ်ရောဂါရှိပါတယ်။

Obsessive-compulsive disorder (OCD) ဆိုတဲ့ စိတ်ကျန်းမာရေးချို့ယွင်းမှုတစ်ခု ဖြစ်ပါတယ်။ စွဲလမ်းမှုကို ရင်ဆိုင်ဖို့ အချို့သော လုပ်ဆောင်ချက်တစ်ခုကို ထပ်မံပြုလုပ်ဖို့ လိုတယ်လို့ ခံစားရတဲ့ စိတ်ကျန်းမာရေးရောဂါတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် လီယိုက ဒီရောဂါလွှမ်းမိုးတာမခံပဲ ခက်ခက်ခဲခဲ ကြိုးစားခဲ့ပါတယ်။

၄။ Leoဟာ ၂၀၀၉ ခုနှစ်မှာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်နိုင်တဲ့ အပန်းဖြေစခန်းတစ်ခု ဖန်တီးဖို့ ရည်ရွယ်ချက်နဲ့ ကျွန်းတစ်ကျွန်းကို ဝယ်ယူခဲ့ပါတယ်။

သဘာဝစွမ်းအင်နဲ့သာ အသုံးပြုလို့ရမယ့် အိမ် ၃၆ လုံးပါဝင်တဲ့ အပန်းဖြေစခန်းတစ်ခုကို ဒေါ်လာ ၁.၇၅ သန်းနဲ့ ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် ဆောက်လုပ်ရေးတွေက အချိန်ကြာမြင့်ခဲ့ပြီး မအောင်မြင်ခဲ့ပါဘူး။

၅။ Leo ဟာ Blood Diamond ဇာတ်ကားရိုက်ကူးနေတဲ့ အချိန်မှာပဲ တောင်အာဖရိကနိုင်ငံက မိန်းကလေးတစ်ဦးကို မွေးစားခဲ့ပါတယ်။

လော့စ်အိန်ဂျလိစ်ကိုတော့ ခေါ်မသွားပေမယ့်လည်း ချက်လက်မှတ်တွေ အမြဲတမ်းပို့ပေးပြီးတော့ ထောက်ပံ့ပေးခဲ့ပါတယ်။

၆။ အဆိုးဆုံး သရုပ်ဆောင် ဆုကို တစ်ခါ ရရှိခဲ့ဖူးပါတယ်။

လီယိုဟာ သူ့ရဲ့ဘဝတစ်လျှောက်လုံး Razzie အပါအဝင် ဆုများစွာကို ရရှိခဲ့ပါတယ်။ ၁၉၉၉ မှာရိုက်ကူးခဲ့တဲ့ The Man in the Iron Mask ဇာတ်ကားမှာ King Louisရဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပြီး Worst Screen Couple ဆုကို ရရှိခဲ့ပါတယ်။

၇။ လီယိုက သူ့ရဲ့ခွေးတွေကို အေးခဲနေတဲ့ ရေကန်ထဲကနေ ကယ်တင်ခဲ့ဖူးပါတယ်။

Don't Look Up ဇာတ်ကားရိုက်ကူးတဲ့အချိန်မှာ ဖြစ်ခဲ့တာပါ။ ပထမတော့ ရေကန်ထဲမှာ သူ့ခွေးတကောင်ကို တွေ့ပြီး ကယ်ဆယ်ဖို့ ခုန်ချလိုက်ပါတယ်။ နောက်ထပ် ခွေးတစ်ကောင်ကလည်း မြစ်ရေနဲ့ မျောပါသွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ သူတို့ ၃ ဦးစလုံး လုံခြုံပြီး အသက်ရှင်ခဲ့ပါတယ်။

၈။ သူဟာ အသက် ၂၅ နှစ်အထက် အမျိုးသမီးတွေနဲ့ တစ်ခါမှ ချိန်းတွေ့ဖူးခြင်းမရှိပါဘူး။

အခု အသက် ၄၇ နှစ်မှာတောင် သူတွဲနေတဲ့ ကောင်မလေးရဲ့ အသက်က ကွာဟနေပါသေးတယ်။ သူက လက်ရှိမှာ Camila Morrone နှင့် ၄ နှစ်ကြာတွဲနေပြီး သူမက အသက် ၂၂ နှစ်ပဲ ရှိပါသေးတယ်။

ပြီးတော့ အသက်ငယ်တဲ့အမျိုးသမီးတွေနဲ့တွဲတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ Nina Agdal၊ Kelly Rohrbach၊ Toni Garrn၊ Erin Heatherton၊ Blake Lively၊ Bar Refaeli၊ Gisele Bündchenတို့နှင့်လည်း ချိန်းတွေ့ခဲ့ပြီး အကုန်လုံးက အသက် ၂၅ နှစ်အောက်တွေပါပဲ။

၉။ သူနဲ့ Kate Winslet တို့ဟာ တိုက်တန်းနစ် သင်္ဘောနစ်မြုပ်တုန်းက အသက်ရှင်ကျန်ရစ်သူအတွက် ဘိုးဘွားရိပ်သာ အခကြေးငွေကို ကူညီပေးခဲ့ပါတယ်။

တိုက်တန်းနစ်သင်္ဘောရဲ့ အသက်အငယ်ဆုံး ခရီးသည်လည်းဖြစ်သလို နောက်ဆုံး အသက်ရှင်ကျန်ရစ်သူဖြစ်တဲ့ Millvina Deanဟာ သူမရဲ့ တင်ပါးဆုံရိုးကျိုးသွားချိန်မှာ ဘိုးဘွားရိပ်သာမှာ နေရပါတယ်။

ဒါပေမယ့် သူမမှာ အခကြေးငွေပေးဖို့ လုံလောက်တဲ့ ပမာဏမရှိတာကြောင့် ရန်ပုံငွေရှာဖို့အတွက် တိုက်တန်းနစ်အမှတ်တရပစ္စည်းကို ရောင်းချခဲ့ရပါတယ်။ သူမကိုယ်စား Kate နှင့် Leo တို့က ရန်ပုံငွေတစ်ခု စတင်ခဲ့ပြီး ဘိုးဘွားရိပ်သာစရိတ်ပေးဖို့ ဒေါ်လာ ၃၀၀၀၀ လှူဒါန်းခဲ့ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments