အနာအဆာကင်းပြီး လှပတဲ့ခြေထောက်လေးဖြစ်ဖို့ ဒီအချက် (၆) ချက်ကို ပြုလုပ်ပေးပါ

မိန်းကလေးတစ်ယောက်အတွက် ခြေထောက်အလှကလည်း အရေးပါပါတယ်။ ကျန်းမာလှပပြီး လှပတဲ့ခြေထောက်တစ်စုံရဖို့ ဘယ်လိုဂရုစိုက်သင့်လဲ ဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ခြေထောက်ကို ကြေးချွတ်ပါ။

အသားအရေကို ရက်ပေါင်း ၃၀ တစ်ခါ ကြေးချွတ်ပေးဖို့ လိုအပ်ပါတယ်။ ဆဲလ်သေတွေကို ပုံမှန်မဖယ်ရှားပေးရင် အသားအရေက မကြည်လင်တော့ဘဲ ချွေးပေါက်တွေ ပိတ်နေမှာပါ။ အဲဒါကြောင့် ဆဲလ်သေတွေကို ဖယ်ရှားပေးဖို့ ကြေးချွတ်ပေးရမှာပါ။

ခြေထောက်ကို ကြေးချွတ်ဖို့အတွက် ဓာတုကြေးချွတ်ဆေးတွေကို အသုံးပြုနိုင်သလို အိမ်မှာတင်ပြုလုပ်လို့ရတဲ့ coffee scrub ကိုလည်း အသုံးပြုနိုင်ပါတယ်။ ခြေထောက်ကို တစ်ပတ်တစ်ကြိမ် သို့မဟုတ် နှစ်ပတ်တစ်ကြိမ်ခန့် ကြေးချွတ်ပေးပါ။

၂။ ခြေထောက်ကို ရေမစွတ်ဘဲ ဘရက်ရှ်နဲ့ ပွတ်တိုက်ပါ။

ခြေထောက်ကို ရေမစွတ်ဘဲ ဘရက်ရှ်နဲ့ ပွတ်တိုက်တာက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီးတော့ ဆဲလ်သေတွေလည်း ပျောက်သွားပါတယ်။ ခြေကျင်းဝတ်ကနေ ခြေထောက်အပေါ်ဘက်ကို ဖြည်းဖြည်းချင်း ဘရက်ရှ်နဲ့ ပွတ်တိုက်သွားပါ။ အနာနဲ့ အင်ပြင်တွေရှိတဲ့အခါမှာတော့ မပြုလုပ်သင့်ပါဘူး။

၃။ ရေထောက်ကို ရေဓာတ်ဖြည်ပါ။

ခြေထောက်လှပဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ အသားအရေကို ရေဓာတ်ဖြည့်တာပါ။ ခြေထောက်မှာ ရေဓာတ်ခြောက်သွေ့နေရင် ခြောက်ကပ်ပြီး အသားပတ်နေမှာပါ။ Lotion, cream, အုန်းဆီ၊ သံလွင်ဆီတို့နဲ့ ခြေထောက်ကို နေ့စဉ်လိမ်းပေးခြင်းဖြင့် ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။

၄။ ခြေထောက်က အမွှေးအမျှင်တွေကို ဖယ်ရှားပါ။

ခြေထောက်က အမွှေးအမျှင်တွေကို ဖယ်ရှားဖို့အတွက် နည်းလမ်းများစွာရှိပါတယ်။ သင်တုန်းဓားနဲ့ ရိတ်တာကတော့ လွယ်ကူပါတယ်။ ခြေထောက်က အမွှေးအမျှင်တွေ ပေါက်ရာလမ်းကြောင်းအတိုင်း ရိတ်ပေးပါ။ မရိတ်ခင်မှာ ခြေထောက်ကို cream လိမ်းပေးပါ။ Waxing လုပ်မယ်ဆိုရင်တော့ ၄ပတ်တစ်ခါ ပြုလုပ်သင့်ပါတယ်။

၅။ ခြေထောက်အသားညိုဖို့အတွက်

အချို့တွေက နေရောင်အောက်မှာ ခြေထောက်ရွှေအိုရောင်တောက်ပတာကို သဘောကျကြပါတယ်။ အဲဒါကြောင့် အသားညိုအောင်လို့ နေပူစာလှုံကြပါတယ်။ ခြေထောက်ကို နေပူစာလှုံတော့မယ်ဆိုရင် sunscreen ကို မဖြစ်မနေ လိမ်းပေးသင့်ပါတယ်။

၆။ ခြေသည်းကို ဆေးဆိုးပါ။

ခြေထောက်ကို ကြေးချွတ်၊ ရေဓာတ်ဖြည့်၊ နှိပ်နယ်ပြီးတဲ့အခါ နောက်ဆုံးကျန်တာကတော့ ခြေသည်းဆိုးတာပါ။ ကြည်လင်လှပတဲ့ခြေထောက်မှာ ခြေသည်းတွေဆိုးလိုက်ရင် ပိုပြီး ပြည့်စုံသွားစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments