ကမ္ဘာပေါ်က အချို့လူတွေ ဘယ်သန်ဖြစ်နေရတဲ့ အကြောင်းအရင်းများ

ကမ္ဘာပေါ်ရှိ လူသားတွေမှာ ညာလက်သန်သူရှိသလို ဘယ်လက်သန်သူတွေလည်း ရှိပါတယ်။ ဘယ်သန်ဖြစ်နေရတဲ့ အကြောင်းအရင်းကလည်း စိတ်ဝင်စားဖို့ကောင်းတာကြောင့် love media ကနေ ဖော်ပြပေးလိုက်ပါတယ်။

ကမ္ဘာပေါ်မှာ ဘယ်သန်တဲ့လူဦးရေ ဘယ်လောက်ရှိလဲ။

ဘယ်သန်တွေက တွေ့ရခဲပါတယ်။ ကမ္ဘာ့လူဦးရေ ၈၅ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းဟာ ညာသန်တွေပါ။ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိကတော့ ဘယ်သန်လူဦးရေပါပဲ။ ဒါ့အပြင် ဘယ်ရောညာရော အသုံးပြုနိုင်တဲ့ လူတွေလည်း ကမ္ဘာပေါ်မှာ ရှိပါတယ်။ ဒါပေမယ့် အရမ်းကို ရှားပါးပါတယ်။

ဘယ်သန်ဖြစ်ရတဲ့ အကြောင်းအရင်းများ

ကမ္ဘာပေါ်မှာ ဘယ်သန်တဲ့လူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀၀၀ ခန့်ကတည်းက ရှိခဲ့တာပါ။ ဘယ်လက်နဲ့ အသုံးပြုနိုင်တဲ့ ရှေးတုန်းက ပစ္စည်းကိရိယာတွေကို ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

အဲဒီပစ္စည်းတွေကို ကြည့်ခြင်းဖြင့် ဘယ်သန်လူဦးရေက နှစ်သိန်းပေါင်းများစွာကတည်းက ရှိနေခဲ့တာကို သိနိုင်ပါတယ်။ မွေးလာတဲ့ကလေးက ဘယ်သန်ဖြစ်မလား၊ ညာသန်ဖြစ်မလားဆိုတာကို ဗိုက်ထဲမှာ ကလေးရှိစဉ်ကတည်းက ခန့်မှန်းသိရှိနိုင်ပါတယ်။

ဘယ်သန်ဖြစ်ရတဲ့ တိကျတဲ့အကြောင်းအရင်းကိုတော့ သေချာမဖော်ပြထားပါဘူး။ ဒါပေမယ့် အောက်ပါအချက်တွေကနေ ဘယ်သန်ဖြစ်ရတဲ့အကြောင်းအရင်းကို သိနိုင်ပါတယ်။

- မျိုးရိုးဗီဇကြောင့်လည်း ဘယ်သန်ဖြစ်နိုင်ပါတယ်။ ဘယ်သန်တဲ့အဖေနဲ့ ညာသန်တဲ့အမေက မွေးလာတဲ့ကလေးက ဘယ်သန်ဖြစ်လာဖို့ ၁၇ ရာခိုင်နှုန်းရှိပါတယ်။ အဖေရော အမေပါ ညာသန်ဖြစ်ရင် မွေးလာမယ့်ကလေးက ဘယ်သန်ဖြစ်ဖို့ ၁၀ ရာခိုင်နှုန်း ရှိပါတယ်။

- နောက်တစ်ချက်ကတော့ လိင်ပါ။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေဆိုရင် အမျိုးသားတွေက ဘယ်သန်ပိုများပါတယ်။

- မိခင်ရဲ့ဝမ်းဗိုက်မှာနေစဉ်က ပတ်ဝန်းကျင်က အချို့သော အကြောင်းအချက်တွေကြောင့် မွေးလာတဲ့ကလေးက ဘယ်သန်ဖြစ်သွားနိုင်ပါတယ်။

- ဘယ်သန်တဲ့လူတွေဟာ အားကစား၊ အနုပညာတွေမှာ ပိုပြီးထူးချွန်ထက်ကြပါတယ်။ ဘယ်သန်တဲ့လူတွေဟာ ကြိုတင်ပြင်ဆင်မှု ပိုကောင်းတတ်ကြပါတယ်။ ကမ္ဘာပေါ်က ပစ္စည်းကိရိယာအများစုဟာ ညာသန်တွေအတွက်ပဲ ပြုလုပ်ထားတာကြောင့် ဘယ်သန်တွေအတွက်တော့ အခက်တွေ့စေပါတယ်။

ဘယ်သန်တွေက ပိုပြီးတော့ ဉာဏ်ကောင်းလား။

အီတလီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ ဘယ်သန်တဲ့လူတွေဟာ ခက်ခဲတဲ့သင်္ချာပုစ္ဆာတွေကို ညာသန်တွေထက် ပိုပြီးတော့ ဖြေရှင်းနိုင်ကြောင်း တွေ့ရပါတယ်။

ဒါ့အပြင် Michelangelo, Leonardo da Vinci, Paul McCartney, David Bowie. Jimi Hendrix, James Baldwin, Nikola Telsa, Oprah Winfrey, Bill Gates နဲ့ Steve Jobs တို့ဟာ ဘယ်သန်တဲ့လူတွေပဲ ဖြစ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments