အေးတဲ့အစားအစာတွေကို စားသောက်ပြီးနောက် ခေါင်းကိုက်ရတဲ့အကြောင်းအရင်း

အေးတဲ့အစားအစာတွေဖြစ်တဲ့ ရေခဲမုန့်၊ ရေခဲချောင်း၊ ရေခဲရေတို့သောက်ပြီးတဲ့အခါ ခေါင်းကိုက်တာကို ခံစားဖူးမှာပါ။ ဒါပေမယ့် ဒီလိုခေါင်းကိုက်တာက အချိန်တိုအတွင်း ပျောက်သွားတတ်ပါတယ်။ အေးတဲ့စားစရာတွေသောက်ပြီး ခေါင်းကိုက်ရတဲ့အကြောင်းအရင်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

အေးတဲ့အစားအစာတွေ၊ သောက်စရာတွေ စားသောက်ပြီးနောက် ခေါင်းကိုက်တာကို သိပ္ပံနာမည်အရ sphenopalatine ganglioneuralgia လို့ခေါ်ကြပြီး ဦးနှောက်အေးသွားခြင်းလို့လည်း ခေါ်ကြပါတယ်။

ရေခဲမုန့်စားပြီးနောက် နဖူးနဲ့ နားထင်နေရာတွေမှာ ခေါင်းကိုက်တတ်ကြပါတယ်။ ဒါပေမယ့် ခေါင်းကိုက်တဲ့အချိန်က သိပ်မကြာပါဘူး။ လေအေးတိုက်တာ၊ အအေးတွေသောက်တာ၊ အေးခဲထားတဲ့အစားအစာတွေကို စားတာ၊ ရေခဲ၊ ရေခဲမုန့်တွေကို စားတာတို့ကြောင့် ခေါင်းကိုက်လေ့ရှိပါတယ်။

အေးတဲ့အစားအစာတွေ စားသောက်ပြီးနောက် ခေါင်းကိုက်ရတဲ့အကြောင်းအရင်း

ခံတွင်းရဲ့အနောက်ဖက်မှာ အေးတဲ့အထိအတွေ့ကို ရပြီးနောက် သွေးကြောတွေက လျင်လျင်မြန်မြန် တင်းကျပ်ပြီး လျင်လျင်မြန်မြန် ကျယ်ကားလာပါတယ်။ အဲဒီအခါ သွေးကြောရဲ့ဘေးမှာရှိတဲ့ နာကျင်မှုကို တုံ့ပြန်တဲ့အရာက မသက်မသာဖြစ်လာပါတယ်။

အဲဒီအချက်အလက်ကို ဦးနှောက်ကို သတင်းပို့ပြီးနောက်မှာ ဦးနှောက်က ခေါင်းထဲမှာရှိတဲ့ အေးစက်မှုကို ခံစားလာရပါတယ်။ တစ်နည်းအားဖြင့် အေးတဲ့အစားအစာတွေကို စားတဲ့အခါ အပေါ်ခံတွင်းရဲ့ကြွက်သားတွေက မသက်မသာဖြစ်လာပါတယ်။ ဒါပေမယ့် အဲဒါကို ဦးနှောက်က ခံစားသိရှိတာပါ။

အေးတဲ့အစားအစာတွေကို စားပြီး ခေါင်းကိုက်တဲ့အခါ ဘယ်လိုပြုလုပ်သင့်လဲ။

- အေးတဲ့အစားအစာတွေ စားသောက်နေတာကို ချက်ချင်းရပ်တန့်လိုက်ပါ။

- လျှာကိုလိပ်ပြီး အာခေါင်ကို ထိထားပါ။ ဒီနည်းက အာခေါင်ကိုအနွေးဓာတ်ရစေပါတယ်။

- နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားပြီး လက်ချောင်းတွေ ကြားထဲကနေ လေကို ရှူသွင်းရှူထုတ်ပါ။ ဒီနည်းက အပြင်က လေပူတွေ ခံတွင်းထဲကို ဝင်လာစေပါတယ်။

- ရေနွေးသောက်ပါ။

ခေါင်းကိုက်ပျောက်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးကို သောက်စရာမလိုပါဘူး။ လူအများစုကတော့ ဒီလိုခေါင်းကိုက်မှုကို ခဏပဲခံစားရတာပါ။ ၅ မိနစ်အတွင်း ပျောက်သွားတတ်ပါတယ်။

ဒီလိုခေါင်းကိုက်တာက အန္တရာယ်ရှိလား။

အအေးတွေ စားသောက်ပြီး ခေါင်းကိုက်တာက လူတိုင်းနီးပါး ကြုံတွေ့ဖူးတဲ့အရာပါ။ ဒီလိုခေါင်းကိုက်တာက အန္တရာယ်မရှိကြောင်း ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ ဒါပေမယ့် အအေးတွေ စားသောက်ပြီး ခေါင်းကိုက်တာက သာမန်ခေါင်းကိုက်တာထက် ပိုခံစားရလေ့ ရှိပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments