ကောင်းကျိုးထက် ဆိုးကျိုးတွေ ပိုပေးနိုင်တဲ့ နေ့စဉ်သုံးအရာဝတ္တု (၈) ခု

ဘဝက အံ့ဩစရာတွေနဲ့ ပြည့်နေတတ်ပါတယ်။ အချို့အရာတွေက လူသားတွေကိုအကျိုးပြုတယ်လို့ ထင်ရပေမယ့် ကောင်းကျိုးထက် ဆိုးကျိုးတွေ ပိုဖြစ်စေပါတယ်။ အဲဒါကြောင့် ဘယ်လိုအရာတွေက ကောင်းကျိုးထက် ဆိုးကျိုးတွေ ပိုပေးနိုင်လဲဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ခြေညှပ်ဖိနပ်စီးခြင်း

ခြေညှပ်ဖိနပ်စီးတဲ့အခါ ခြေထောက်ကို မှိုတွေ ပိုပြီး ထိတွေ့နိုင်စေပါတယ်။ ဒါ့အပြင် ခြေညှပ်ဖိနပ်ကြောင့် ခြေထောက်ကြွက်သား၊ ခါးနဲ့ ဒူးနာကျင်မှုတွေကိုလည်း ဖြစ်စေပါတယ်။ နောက်တစ်ချက်ကတော့ ခြေညှပ်ဖိနပ်စီးတဲ့အခါ ခြေမပထမအဆစ်မှာ ဖြစ်ပေါ်တတ်တဲ့အနာစိမ်းက ပိုဆိုးလာတတ်ပါတယ်။

၂။ သွားတိုက်ပြီးတဲ့အခါ ပလုပ်ကျင်းဆေးရည်ကို အသုံးပြုခြင်း

ပလုပ်ကျင်းဆေးကို အစားစားပြီးချိန် သို့မဟုတ် အစားမစားရသေးခင်အချိန်မှာပဲ အသုံးပြုသင့်ပါတယ်။ သွားတိုက်ပြီးတဲ့အခါမှာတော့ အသုံးမပြုသင့်ပါဘူး။ သွားတိုက်ပြီးတိုင်း ပလုပ်ကျင်းဆေးရည်ကို သုံးပါများတဲ့အခါ သွားကျန်းမာရေးကို ယိုယွင်းလာစေပါတယ်။

၃။ ကျပ်တဲ့ဂျင်းဘောင်းဘီတွေကို ဝတ်ခြင်း

တင်းကျပ်တဲ့ဂျင်းဘောင်းဘီတွေက သွေးလည်ပတ်မှုကို ထိခိုက်စေပါတယ်။ ဒါ့အပြင် အချိန်ကြာကြာဝတ်တဲ့အခါ ကြွက်သားတွေကိုလည်း နာကျင်စေပါတယ်။ အရမ်းတင်းကျပ်တဲ့အခါ လေဝင်လေထွက်မကောင်းတာကြောင့် မှိုဝင်တာနဲ့ ဆီးအိမ်ကို အားနည်းတာကို ဖြစ်ပေါ်စေပါတယ်။

၄။ အိမ်မှာ ပရင့်ထုတ်ခြင်း

လေဆာပရင်တာနဲ့ အခြားပရင်တာတွေမှာသုံးတဲ့ printer toener တွေက သေးငယ်တဲ့အမှုန်လေးတွေ ထုတ်လွှတ်တာကြောင့် နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ရောဂါ၊ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတွေကို ဖြစ်စေပါတယ်။ အမြဲတမ်းပရင့်ထုတ်နေရသူတွေမှာ ကိုယ်ခံအားနည်းလာတတ်ကြောင်း လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါတယ်။

၅။ အိပ်ယာထဲမှာ လဲလျောင်းပြီး စာဖတ်ခြင်း

အိပ်ယာထဲမှာ စာဖတ်ရတာက နှစ်သက်စရာအရာတွေထဲက တစ်ခခုပါ။ ဒါပေမယ့် အိပ်ယာထဲမှာ လဲလျောင်းပြီး စာဖတ်ရင်တော့ ခါးကျန်းမာရေးကို ထိခိုက်လာစေမှာပါ။ ဒါ့အပြင် မျက်လုံးအာရုံစိုက်ရတာ အဆင်မပြေဖြစ်လာပြီး အမြင်ဝေဝါးလာတာ၊ ခေါင်းကိုက်တာကိုလည်း ကြုံတွေ့ရစေပါတယ်။

၆။ Air freshers

Air fresher အများစုမှာ အန္တရာယ်ဖြစ်စေတဲ့ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။ မကြာခဏအသုံးပြုတဲ့အခါ အဆုတ်ကျန်းမာရေးကို ယိုယွင်းလာစေပါတယ်။ ပန်းနာရင်ကျပ်ရောဂါ ရှိသူတွေအတွက်တော့ Air freshers ကို အသုံးမပြုသင့်ပါဘူး။

၇။ မေးထောက်ခြင်း

တစ်စုံတစ်ခုကို ငေးကြည့်တဲ့အခါ မေးထောက်ပြီး ငေးကြည့်ရတတ်ကြပါတယ်။ ဒါပေမယ့် လက်မှာ ဘက်တီးရီးယားတွေ အများကြီးပါဝင်တာကြောင့် မေးထောက်ကြည့်တဲ့အခါ ဘက်တီးရီးယားတွေက မျက်နှာဆီကို ရောက်သွားနိုင်ပါတယ်။

နောက်ပြီးတော့ မေးထောက်ပြီးနေတဲ့အချိန်မှာ ကျောရိုးအနေအထားက မမှန်တာကြောင့် သင့်ရဲ့ကိုယ်နေဟန်ထားကို မလှမပဖြစ်သွားစေမှာပါ။

၈။ ထိပ်ချွန်ဖိနပ်တွေကို စီးခြင်း

ထိပ်ချွန်ဖိနပ်တွေကို စီးလိုက်ရင် အရမ်းကို လှပသွားတတ်ပါတယ်။ ဒါပေမယ့် ထိပ်ချွန်ဖိနပ်တွေကို စီးလိုက်ရင် ခြေချောင်းလေးတွေက ကျပ်ညှပ်ပြီး စုသွားတာကြောင့် ခြေချောင်းလေးတွေကို ထိခိုက်နာကျင်စေမှာပါ။ ခြေချောင်းလေးတွေမှာရှိတဲ့အာရုံကြောတွေကိုလည်း ရောင်ရမ်းစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments