ဆံပင်တွေ ခဏခဏအဆီပြန်လို့ စိတ်ညစ်နေတဲ့အခါ ဒီနည်းလမ်း (၁၀) ခုကို အသုံးပြုပါ

နေ့တိုင်းခေါင်းလျှော်ရင်တောင်မှ ဆံသားက အဆီပြန်တာမျိုး ဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆံသားကို သဘာဝအတိုင်း ကာကွယ်ပေးပြီး ပျော့ပျောင်းစေတဲ့ ဆီဘမ်ဟာ ဆံပင်အဆီပြန်ခြင်းကို ဖြစ်စေတာကြောင့်ပါ။

ဒီတော့ အဆီပြန်တဲ့ဆံသားတွေကို ဘယ်လိုပြုပြင်ရမလဲဆိုတာ love media ကနေ ပြောပြပေးပါမယ်နော်။

၁။ လက်ဖက်ဆီ

ဗောက်တွေက တစ်ခါတလေမှာ ဆံပင်ကို အဆီပြန်စေပါတယ်။ လက်ဖက်ဆီက ဗောက်တွေကို တိုက်ဖျက်ပေးပြီး အဆီပြန်ခြင်းကို ထိန်းချုပ်ပေးပါတယ်။

လက်ဖက်ပင်ဆီ ၁၅ စက်ကို ၃၀ ml (အုန်းဆီ သို့မဟုတ် jojoba အဆီလိုမျိုး) နှင့် ရောစပ်ပြီး သင့်ဦးရေပြားကို လိမ်းပေးပါ။ ဆံပင်ကို ဖြန့်ချထားပါ။ ရေမဆေးခင် အနည်းဆုံး တစ်နာရီလောက် ထားလိုက်ပါ။ လက်ဖက်ပင်ဆီကို ဦးရေပြားကိုတိုက်ရိုက် လိမ်းပေးနိုင်ပါတယ်။ တစ်ပတ်မှာ ၂ ကြိမ် ၃ ကြိမ် လုပ်လို့ရပါတယ်။

၂။ ပန်းသီး ရှာလကာရည်

ပန်းသီးရှာလကာရည်မှာ သဘာဝအက်စစ်ဓာတ်ပါပါတယ်။ ပန်းသီးရှာလကာရည်နဲ့ သင့်ဆံပင်ကို လျှော်ပေးတာက ပိုနေတဲ့အဆီတွေကို ဖယ်ရှားပေးပါတယ်။ စားပွဲတင်ဇွန်း ၂ ဇွန်းကနေ ၃ ဇွန်းအထိ ရေ ၁ ခွက်နဲ့ ရောစပ်နိုင်ပါတယ်။

ခေါင်းလျှော်ရည်အပျော့စားနဲ့ ခေါင်းအရင်လျှော်ပြီး ပန်းသီးရှာလကာရည်နဲ့ လျှော်ပါ။ မိနစ်အနည်းငယ်လောက်ထားပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

၃။ အုန်းဆီ

ခေါင်းမလျှော်ခင် အုန်းဆီလိမ်းတာက အဆီမပြန်ဘဲ ဆံပင်ကို ပျော့ပြောင်းစေမယ့် နည်းလမ်းကောင်းတစ်ခုပါ။ အုန်းဆီက တခြားဆီတွေနဲ့ နှိုင်းယှဉ်ရင် မော်လီကျူးအလေးချိန် နည်းပါးပြီး သင့်ဆံပင်ကို တောက်ပြောင်စေပါတယ်။ ပြီးတော့ ပိုလျှံနေတဲ့ sebum ထုတ်လုပ်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

အုန်းဆီကို သင့်ဦးရေပြားနှင့် ဆံသားအကြံပြုချက်တွေအတိုင်း လိမ်းပေးပါ။ စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။ တစ်နာရီခန့်ထားပြီး ခေါင်းလျှော်ရည် အပျော့စားနဲ့ လျှော်ပါ။ တစ်ပတ်ကို တစ်ကြိမ် လိမ်းပေးနိုင်ပါတယ်။

၄။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်မှာ အာဟာရဓာတ်တွေ ကြွယ်ဝတာကြောင့် အဆီပိုထွက်ခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်ကို သံပုရာရည် ၁ ဇွန်းနှင့် ရောမွှေပါ။ ပြီးရင် ရေတစ်ခွက်နဲ့ ရောလိုက်ပါ။ ခေါင်းလျှော်ပြီးတိုင်း လိမ်းပေးပါ။ တစ်ပတ်တစ်ကြိမ်လုပ်နိုင်ပါတယ်။

၅။ Epsomဆား

Epsom ဆားမှာ မဂ္ဂနီဆီယမ် ကြွယ်ဝပါတယ်။ မဂ္ဂနီဆီယမ်အိုင်းယွန်းတွေက ဆံပင်မွေးညင်းပေါက်တွေအတွင်းကို အလွယ်တကူ စိမ့်ဝင်နိုင်ပါတယ်။ မဂ္ဂနီဆီယမ်က ဦးရေပြားရောင်ရမ်းမှုကို လျှော့ချပေးနိုင်ကြောင်း အချို့သော သက်သေအထောက်အထားတွေက ဖော်ပြထားပါတယ်။

Epsom ဆား လက်ဖက်ရည်ဇွန်း နှစ်ဇွန်းကနေ သုံးဇွန်းခန့်ကို ခေါင်းလျှော်ရည်နှင့် ရောပြီး ခေါင်းလျှော်ပါ။ ရေဆေးမချခင် ၂ မိနစ်ကနေ ၃မိနစ်ခန့် ဆံပင်ပေါ်မှာ ထားပေးပါ။

၆။ မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါက အဆီပြန်တဲ့ ဆံသားတွေအတွက် အရမ်းအသုံးဝင်ပါတယ်။ အယ်ကာလိုင်းက သင့်ဦးရေပြားရဲ့ pH ကို ဟန်ချက်ညီစေပြီး ပိုလျှံနေတဲ့ အဆီတွေကို စုပ်ယူပေးပါတယ်။

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းကနေ ၃ ဇွန်းအထိ ရေနှင့်ရောပါ။ ပြီးရင် ဦးရေပြားနဲ့ ဆံပင်မှာ လိမ်းပေးပါ။ ၅ မိနစ်ခန့် ထားပြီး ရေအေးဖြင့် ဆေးချပါ။ ဒီအရောအနှောက အရမ်းခြောက်သွေ့တာကြောင့် မကြာခဏ မသုံးပါနဲ့။ မုန့်ဖုတ်ဆိုဒါနှင့် ဓါတ်မတည့်ရင် ဆက်မသုံးပါနဲ့။

၇။ လက်ဖက်စိမ်း

လက်ဖက်စိမ်းမှာ ဦးရေပြားကျန်းမာရေးကို အထောက်အကူပြုတဲ့ polyphenols တွေ အများကြီးပါပါတယ်။ လက်ဖက်စိမ်းမှုန့်ကို ရေနွေးဆူဆူမှာထည့်ပြီး ရေစစ်ထားပါ။ လုံးဝအေးသွားအောင်ထားပြီး ဦးရေပြားနဲ့ ဆံပင်ကို လိမ်းပေးပါ။ မိနစ် ၃၀ ကနေ ၄၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ် လုပ်နိုင်ပါတယ်။

၈။ Argan Oil

ဦးရေပြားနဲ့ ဆံသားထဲကို အာဂင်ဆီ နှိပ်နယ်ပေးခြင်းက အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။ ဆီဘမ်ထွက်တာကို ထိန်းညှိပေးပြီး သွေးလည်ပတ်မှုကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ဦးရေပြားကနေ ဆံပင်ထိပ်ဖျားအထိ လိမ်းပါ။ ပြီးရင် ပူနွေးစိုစွတ်တဲ့ မျက်နှာသုတ်ပုဝါကို သင့်ဆံပင်အနှံ့ ပတ်ပါ။ မိနစ် ၆၀လောက်ထားပြီး ခေါင်းလျှော်ရည်အပျော့စားနဲ့ လျှော်ပါ။ ဒါကို တစ်ပတ် ၁ ကြိမ်ကနေ ၂ ကြိမ် ပြုလုပ်နိုင်ပါတယ်။

၉။ သံပုရာရည်

သံပုရာရည်မှာက citric acid ပါပါတယ်။ hamsters တွေကို လေ့လာတဲ့ လေ့လာမှုအရ citrus flavonoids က အဆီပြန်တာကို တားဆီးပေးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ သံပုရာရည် စားပွဲတင်ဇွန်း ၄ ဇွန်းကနေ ၅ ဇွန်းခန့်ကို ရောပြီး ပေါင်းခံရေ ၂ ခွက် ရောမွှေပါ။

ပြီးရင် ရေခဲသေတ္တာထားပါ။ ခေါင်းလျှော်ပြီးရင် ဆံပင်ကို ခြောက်အောင်သုတ်ပြီး ဒီအရောအနှောကို လိမ်းပေးပါ။ ၁၀ မိနစ်ခန့် ထားပြီး ရေအေးနဲ့ ဆေးချပါ။ သင့်ဆံပင်က အဆီပြန်တယ်လို့ခံစားရတိုင်း လိမ်းနိုင်ပါတယ်။ သတိပြုရမှာကတော့ သင့်ဆံပင်ပေါ်လိမ်းပြီးတိုင်း နေရောင်အောက်မှာ မထိုင်ပါနဲ့။

၁၀။ ကြက်ဥအနှစ်

ကြက်ဥအနှစ်က ဆံပင်မွေးညင်းပေါက်တွေကို ကျဉ်းစေပြီး ဆီဘမ်ထွက်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်းမှာ ကြက်ဥအနှစ် ၁ လုံး ဒါမှမဟုတ် ၂ လုံးကို ရောစပ်ပြီး ဆံပင်ကို လိမ်းပေးပါ။ မိနစ် ၃၀ ကနေ ၄၀ လောက်ထားပြီး ကြက်ဥနံ့မထွက်စေဖို့ ရေအေးနဲ့ သေချာဆေးချပါ။ တစ်ပတ်တစ်ကြိမ် လုပ်နိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments