အသက် ၂၀ ကျော်နဲ့ ဆံပင်မဖြူအောင် ကာကွယ်နိုင်မယ့်နည်းလမ်းများ

အသက်ကြီးလာတဲ့အခါမှာ ဆံပင်တွေ ဖြူလာတာကို မလွဲမသွေကြုံရမှာပါ။ ဒါပေမယ့် အသက် ၃၀ မတိုင်ခင် အသက် ၂၀‌ ကျော်လောက်နဲ့ ဆံပင်ဖြူတွေ ထွက်လာနေတဲ့အခါမှာတော့ သင့်အတွက် စိတ်အနှောင့်အယှက်ဖြစ်ရမှာပါ။

အဲဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်မဖြူလာအောင် ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

ဆံပင်မွေးညင်းပေါက်တွေထဲကနေ မယ်လနင်ကို ထုတ်လုပ်ပြီး ဆံပင်အရောင်တွေက ပြောင်းလဲသွားပါတယ်။ အသက်ကြီးလာတဲ့အခါ ဆံပင်မွေးညင်းပေါက်ထဲက ဆဲလ်လေးတွေက မယ်လနင်ထုတ်လုပ်တာနည်းပါးပြီး ဆံပင်အရောင်တွေက ဖျော့လာပါတယ်။ နောက်ဆုံးမှာတော့ ဆံပင်က ငွေရောင်ဖြစ်သွားပါတယ်။ အချို့ဆိုရင် ဆံပင်က လုံးဝကို ဖြူစွတ်သွားပါတယ်။

ဆံပင်ဖြူတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ပေါက်လာရတဲ့အကြောင်းအရင်းများ

၁။ စိတ်ဖိစီးမှုနဲ့ နေထိုင်မှုပုံစံ

စိတ်ဖိစီးမှုကြောင့် အရွယ်မတိုင်ခင်မှာ ဆံပင်တွေ ဖြူလာပါတယ်။ ဒါ့အပြင် စီးကရက်နဲ့ အရက်သောက်သုံးမှုကြောင့်လည်း ခန္ဓာကိုယ်ထဲမှာ ဖိစီးမှုတွေဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်တွေ ဖြူလာပါတယ်။

အဲဒါကြောင့် အားကစားလုပ်တာ၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာ၊ အိပ်ရေးဝဝအိပ်တာကို ပြုလုပ်သင့်ပါတယ်။ အင်တီအောက်ဆီးဒင့်များတဲ့ အစားအစာတွေကို စားပြီး ယမကာနဲ့ ဆေးလိပ်သောက်သုံးမှုကို လျှော့ချပါ။

၂။ အာဟာရချို့တဲ့မှု

အာဟာရမမျှတမှုရဲ့နောက်ဆက်တွဲအနေနဲ့ ဆံပင်တွေက ဖြူလာပါတယ်။ ဆံပင်အတွက် serum ferritin နည်းပါးတဲ့အခါမှာလည်း ဆံပင်အရောင်တွေက မှေးမှိန်လာပါတယ်။ ဆံပင်ဖြူတာကို ကာကွယ်ဖို့ နေ့စဉ်အစားအစားထဲမှာ အာဟာရမျှတာအောင် စားသုံးပါ။

ငါး၊ ဒိန်ချဉ်၊ အစိမ်းရောင်အရွက်၊ နို့ထွက်အစားအစာနဲ့ ကြက်ဥတို့ကို စားသုံးပါ။ တစ်ခါတရံမှာ အာဟာရပြည့်ဝအောင် ဖြည့်စွက်စာတွေကို စားသုံးဖို့လည်း လိုအပ်ပါတယ်။

၃။ သိုင်းရွိုက်

သိုင်းရွိုက်ဂလင်းက လည်ပင်းရဲ့အရှေ့ဘက်မှာ တည်ရှိပါတယ်။ သိုင်းရွိုက်ဂလင်းက ခန္ဓာကိုယ်က အလုပ်ပေါင်းများစွာကိုလည်း လုပ်ဆောင်ပေးပါတယ်။ ဟော်မုန်းအပြောင်းအလဲတွေကြောင့် သိုင်းရွိုက်ဂလင်းမှာ ပြဿနာဖြစ်လာပြီး မယ်လနင်ထုတ်လုပ်မှုကို သက်ရောက်မှု ရှိစေပါတယ်။

သိုင်းရွိုက်နဲ့ ပတ်သက်ပြီး သံသယရှိတဲ့အခါ ဆရာဝန်နဲ့ မြန်မြန်ပြသသင့်ပါတယ်။

၄။ မျိုးရိုးဗီဇ

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူရတဲ့အကြောင်းအရင်းတွေထဲက တစ်ခုကတော့ မျိုးရိုးဗီဇကြောင့် ဖြစ်ပါတယ်။ သင့်ရဲ့မိဘ သို့မဟုတ် ဘိုးဘွားတွေက အသက်ငယ်ငယ်နဲ့ ဆံပင်ဖြူခဲ့ရင် သင်ဟာလည်း အသက်ငယ်ငယ်နဲ့ ဆံပင်ဖြူနိုင်ပါတယ်။

မျိုးရိုးဗီဇကို ပြောင်းလဲလို့မရပါဘူး။ ဒါပေမယ့် အသက်ငယ်ငယ်နဲ့ ဆံပင်ဖြူပြီးရင် အချိန်တစ်ခုရောက်တဲ့အခါ ဆံပင်က ပြန်မည်းသွားပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments