အချိန်တွေ ကြာလာတာနဲ့အမျှ မျက်မှန်ပေါ်မှာ အစင်းကြောင်း၊ ခြစ်ရာတွေကလည်း များလာပါတယ်။ အစင်းကြောင်းတွေများလာရင် ကြည့်ရတာလည်း အဆင်ပြေမှာမဟုတ်ပါဘူး။ အဲဒီအခါ ခေါင်းကိုက်တာလည်း ခံစားရမှာပါ။

မျက်မှန်မှာ ဖုန်တွေ၊ အစင်းကြောင်းတွေ မဖြစ်အောင် ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့လည်း လိုအပ်ပါတယ်။ အဲဒါကြောင့် ဒီနေ့မှာတော့ မျက်မှန်ပေါ်က အစင်းကြောင်းတွေကို ဘယ်လိုနည်းတွေနဲ့ ဖယ်ရှားနိုင်မလဲဆိုတာ love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သွားတိုက်ဆေး

သွားတိုက်ဆေးအနည်းငယ်ကို မျက်မှန်ရဲ့ မှန်နှစ်ဖက်လုံးမှာ ထည့်လိုက်ပါ။ အစွန်းချွတ်ဆေးမပါတဲ့ သွားတိုက်ဆေး၊ ကြမ်းတမ်းတဲ့ဓာတုဆေးတွေ မပါတဲ့သွားတိုက်ဆေးဖြစ်ဖို့ အရေးကြီးပါတယ်။ ပြီးရင် ပိတ်စလေးနဲ့ မျက်မှန်ပေါ်ကို ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။

ပွတ်တိုက်ပြီးတဲ့အခါမှာတော့ မျက်မှန်ကို ရေပြောင်အောင် ဆေးပါ။ မျက်မှန်ကို ခြောက်သွေ့သွားအောင်လို့ နူးညံ့တဲ့ပိတ်စလေးနဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ အဲဒီအခါ မျက်မှန်မှာ ရှိနေတဲ့အစင်းကြောင်းတွေက အလွယ်တကူ ပျောက်သွားပါတယ်။

၂။ Car wax

ပိတ်စလေးတစ်စအပေါ်မှာ car wax အနည်းငယ်ဖျန်းလိုက်ပါ။ ပြီးရင် မျက်မှန်မှာ အစင်းကြောင်းတွေ ပျောက်သွားတဲ့အထိ ညင်ညင်သာသာ ပွတ်တိုက်ပါ။ ဒီနည်းကတော့ အစင်းကြောင်းတွေ လုံးဝမရှိတော့ဘဲ မျက်မှန်ကို အသစ်အတိုင်း ဖြစ်သွားစေပါတယ်။

Tips

- မျက်မှန်ကို ဘူး သို့မဟုတ် ထည့်စရာမပါဘဲ အိတ်ထဲမှာ ဒီအတိုင်း ထည့်မထားသင့်ပါဘူး။ ဘူးနဲ့မထည့်ဘဲ ဒီတိုင်းထည့်ထားလိုက်တာက မျက်မှန်ကို ထိခိုက်စေပြီး ခြစ်ရာ၊ ပွန်းရာတွေလည်း ပိုများလာစေပါတယ်။

- မျက်မှန်ကို ထည့်ဖို့ ဘူးနဲ့ မျက်မှန်သုတ်ဖို့ ပိတ်စလေးကို သွားလေရာတိုင်းမှာ ယူသွားသင့်ပါတယ်။ မျက်မှန်ကိုလည်း နေ့စဉ်သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

- မျက်မှန်က မှန်တွေဟာ နေရောင်ခြည်တိုက်ရိုက်ရတဲ့အနေရာမှာ အကာအကွယ်မပါဘဲ ထားရင် မျက်မှန်တပ်လိုက်တဲ့အခါ ကြည့်လို့မကောင်းတော့ပါဘူး။

- မျက်မှန်ကို ကားထဲမှာ ထည့်ထားပြီး မသုံးဖြစ်တဲ့အခါ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင် သေသေချာချာထားပါ။

Zombie (lovemedia)