မျက်နှာမှာ တင်းတိပ်တွေ ဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းနဲ့ ကာကွယ်နိုင်မယ့်နည်းလမ်းများ

ပူပြင်းတဲ့နွေရာသီမှာ အပြင်ထွက်တာများရင် တင်းတိပ်တွေက ထွက်လာတတ်ပါတယ်။ အချို့တွေက တင်းတိပ်လေးတွေကို ချစ်စရာကောင်းတယ်လို့ ထင်တတ်ကြပေမယ့် အချို့တွေက တင်းတိပ်ကို မပေါ်အောင် မိတ်ကပ်တွေနဲ့ ဖုံးအုပ်တတ်ကြပါတယ်။

တင်းတိပ်ဆိုတာ ဘာလဲ။

တင်းတိပ်ဖြစ်ရတဲ့ အကြောင်းရင်းကတော့ မယ်လနင်နဲ့ သက်ဆိုင်ပါတယ်။ တင်းတိပ်က ကလေးအရွယ်မှာလည်း ဖြစ်တတ်သလို အသက် ၂၀ ကျော်အရွယ်မှာလည်း ပေါ်လာတတ်ပါတယ်။ အသက်ကြီးတဲ့အခါ တင်းတိပ်ဖြစ်နိုင်ချေက ပိုများလာပါတယ်။

တင်းတိပ်က ဘယ်အသားအရေမှာမဆို ဖြစ်ပေါ်လာတတ်ပါတယ်။ အသားလတ်ပြီး ဆံပင်အနီရောင်ရှိသူတွေမှာ တင်းတိပ်တွေ ပိုများတတ်ပါတယ်။ နေရောင်နဲ့ ထိတွေ့မှုများတဲ့ မျက်နှာ၊ လက်မောင်း၊ ပုခုံးတွေမှာလည်း တင်းတိပ်တွေ ပေါက်လာတတ်ပါတယ်။

တင်းတိပ်ကို အမျိုးစားနှစ်မျိုးခွဲနိုင်ပါတယ်။

Ephelides

ဒီတင်းတိပ်အမျိုးအစားက မျိုးရိုးနဲ့ သက်ဆိုင်ပါတယ်။ အသက် ၂နှစ်ကနေ ၃နှစ်အရွယ်မှာ နေရောင်နဲ့ထိတွေ့ပြီးနောက် ပေါ်လာတတ်ပါတယ်။ ဆောင်းရာသီဆိုရင်တော့ ပျောက်သွားလေ့ရှိပါတယ်။ အသက်ကြီးလာတဲ့အခါမှာလည်း ပျောက်ကွယ်သွားတတ်ပါတယ်။

Solar lentigines

ဒီအမျိုးအစားကတော့ အသက် ၅၀ ကျော်မှ ပေါက်လာတတ်ပါတယ်။ Solar lentigines တင်းတိပ်ဖြစ်လာရင်တော့ မပျောက်တော့ပါဘူး။ တင်းတိပ်အရောင်က အဝါနုရောင်ကနေ အညိုရင့်အထိ ပြောင်းသွားတတ်ပါတယ်။

တင်းတိပ်တွေ ပေါ်လာရတဲ့အကြောင်းအရင်းများ

မျိုးရိုးဗီဇနဲ့ နေရောင်ခြည်နဲ့ ထိတွေ့မှုတို့ကြောင့် တင်းတိပ်တွေ ဖြစ်လာပါတယ်။ ခရမ်းလွန်ရောင်ခြည်များတဲ့နေရောင်နဲ့ ထိတွေ့မှုများရင် တင်းတိပ်တွေ ပိုထွက်ပါတယ်။ အထူးသဖြင့် အသားအရေဖြူဖျော့တဲ့သူတွေဟာ တင်းတိပ်ပိုပြီး ဖြစ်လွယ်ကြပါတယ်။

တင်းတိပ်ကို ဘယ်လိုကာကွယ်မလဲ။

သဘာဝအတိုင်းဖြစ်လာတဲ့ တင်းတိပ်ကို ထိန်းချုပ်လို့မရပါဘူး။ နှစ်ကြာလာရင်တော့ တဖြည်းဖြည်းပျောက်သွားတတ်ပါတယ်။ လေဆာကုထုံးနဲ့ တင်းတိပ်ကို ဖျောက်လို့ရပါတယ်။ Retionol ပါဝင်တဲ့ ခရင်မ်တွေကိုလည်း လိမ်းပေးလို့ရပါတယ်။

အပြင်ထွက်တဲ့အခါ

- SPF 30 နဲ့ အထက်ပါဝင်တဲ့ နေလောင်ကာခရင်မ်ကို လိမ်းပေးပါ။ မိုးအုံ့တဲ့နေ့တွေမှာတောင် လိမ်းပေးဖို့ လိုအပ်ပါတယ်။

- မနက် ၁၀ နာရီနဲ့ ညနေ ၄ နာရီကြား နေရောင်ခြည်ကို ရှောင်ကြဉ်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments