ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ ထင်ရပေမယ့် လက်တွေ့မှာတော့ ပြောင်းပြန်ဖြစ်နေတဲ့အစားအစာများ

နေ့စဉ်ဘဝမှာ စားတဲ့အစားအစာတွေက ထင်သလောက်တော့ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ အချို့အစားအစာတွေက ကျန်းမာရေးကို အထောက်အကူပြုတယ်ထင်ပြီး စားမိကြပေမယ့် လက်တွေ့မှာတော့ ပိုဆိုးနေတတ်ပါတယ်။

အသီးအရွက်ဖျော်ရည်များ

အသီးအရွက်ဖျော်ရည်တွေကို သောက်တဲ့အခါ ဝယ်သောက်တာထက် ကိုယ်တိုင်ပြုလုပ်ပြီး သောက်တာက ပိုပြီး အကျိုးရှိပါတယ်။ အချို့ အသီးအရွက်ဖျော်ရည်တွေမှာ သကြားနဲ့ အဆီတွေ အများကြီးပါဝင်ပါတယ်။ အဲဒါကြောင့် လတ်လတ်ဆတ်ဆတ်ပြုလုပ်ပြီး သောက်တာက အကောင်းဆုံးပါ။

Protein bars

Protein bars တွေက ပါဝင်ပစ္စည်းတွေပေါ်မူတည်ပြီး ကျန်းမာရေးအတွက် အကျိုးပြုလား၊ မပြုလားဆိုတာ ကွဲပြားသွားပါတယ်။ Protein bars အများစုမှာတော့ အစေ့အဆံတွေနဲ့ သစ်သီးခြောက်၊ အုတ်ဂျုံမှုန့်တို့ ပါဝင်ပါတယ်။ ဒါပေမယ့် အချို့သော Protein bars တွေမှာတော့ သကြား၊ နို့ဆီတွေ ပါဝင်နေတတ်ပါတယ်။

လက်ဖက်ခြောက်အိတ်

လက်ဖက်ခြောက်ရေနွေးကြမ်းကို သောက်မယ်ဆိုရင် လက်ဖက်ခြောက်အိတ်ကို စိမ်ပြီး သောက်ရတာမျိုးကို ရှောင်သင်ပါတယ်။ အချို့သော လက်ဖက်ခြောက်အိတ်တွေမှာ ကျန်းမာရေးကို အကျိုးမပြုတဲ့ အမှုန်အမွှားလေးတွေ ပါရှိနေပါတယ်။

သစ်သီးဖျော်ရည်

အသင့်သောက်သစ်သီးဖျော်ရည်တွေကလည်း ကျန်းမာရေးနဲ့မညီညွတ်ပါဘူး။ သဘာဝအသီးကို ဖျော်သောက်မယ်ဆိုရင်တောင် အမျှင်ဓာတ်ရဖို့ အသီးအနှံအနှစ်လေးတွေကိုပါ ထည့်သောက်သင့်ပါတယ်။ အသင့်သောက် သစ်သီးဖျော်ရည်တွေက သင့်ကို ခဏခဏဗိုက်ဆာစေပြီး အလွန်အကျွံစားမိသွားစေပါတယ်။

ဒိန်ချဉ်

သဘာဝဒိန်ချဉ်ကသာ အကောင်းဆုံးပါ။ သဘာဝဒိန်ချဉ်မှာ ကယ်လ်ဆီယမ်နဲ့ ပရိုတိန်းတွေ အများကြီးပါဝင်ပါတယ်။ ဒါပေမယ့် ဒိန်ချဉ်တိုင်းက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ အသင့်သောက်ဒိန်ချဉ်တွေမှာ သကြားတွေ၊ အပိုအရသာတွေ၊ နို့ဆီတွေ ပါဝင်ပါတယ်။

ပြောင်းဖူးနဲ့ ပြုလုပ်ထားတဲ့ မုန့်အကြွပ်

ဒီအစားအစာက မနက်စာအဖြစ် လူကြိုက်များကြပါတယ်။ ဒါပေမယ့် ပြောင်းဖူးမုန့်အကြွပ်မှာ သကြားနဲ့ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတဲ့အရာတွေ ပါရှိနေတတ်တာကြောင့် လျှော့စားသင့်ပါတယ်။

သစ်သီးခြောက်

သစ်သီးခြောက်မှာ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်‌တွေ ပါဝင်ပေမယ့် ကယ်လိုရီတွေလည်း အများကြီး ပါဝင်နေပြန်ပါတယ်။ အဲဒါကြောင့် သစ်သီးခြောက်တွေကို အများကြီး မစားသင့်ပါဘူး။ သစ်သီးခြောက်တွေကို သကာရည်နဲ့ အုပ်ထားတာဖြစ်လို့ ခဏခဏစားချင်နေမှာပါ။

Museli

Museli မှာ အုတ်ဂျုံမှုန့်၊ အစေ့အဆံတွေ ပါဝင်ပါတယ်။ Museli ကို သစ်သီးခြောက်တွေနဲ့ တွဲစားရင် ကယ်လိုရီတွေ အများကြီး တက်လာမှာပါ။

Diet coke

Diet coke မှာ သကြားနဲ့ ကယ်လိုရီတွေ မပါဝင်ဘူးလို့ ကြော်ငြာကြပါတယ်။ ဒါပေမယ့် လေ့လာချက်တွေအရ Diet coke ကလည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။ Diet coke မှာပါဝင်တဲ့ အချိုဓာတ်ကြောင့် ခဏခဏဗိုက်ဆာပြီး ရေရှည်မှာ အဝလွန်စေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments