ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို တိုးတက်စေတဲ့ နေ့စဉ်အစားအစာ (၅) မျိုး

ဦးနောက်က ခန္ဓာကိုယ်အတွက် အလုပ်များစွာကို လုပ်ဆောင်ပေးရပါတယ်။ နေ့စဉ်စားတဲ့ အစားအစာတွေက ခန္ဓာကိုယ်တစ်ခုလုံးကို ကောင်းကျိုးဆိုးကျိုးတွေ သက်ရောက်မှု ရှိစေပါတယ်။ အဲဒါကြောင့် မရပ်မနားအလုပ်လုပ်ပေးရတဲ့ ဦးနှောက်အတွက် အကျိုးပြုမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကောက်နှံအစားအစာများ

ကောက်နှံအစားအစာတွေမှာ ဗီတာမင် E အများကြီး ပါဝင်ပါတယ်။ အဲဒါကြောင့် ဦးနှောက်မှာဖြစ်တတ်တဲ့ အချို့ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ကောက်နှံအစားအစာတွေထဲမှာ ဆန်လုံးညို၊ အုတ်ဂျုံ၊ ပေါင်မုန့်၊ ပါစတာ၊ မုယောစပါးတို့ ပါဝင်ပါတယ်။

ကောက်နှံအစားအစာတွေကို မနက်ခင်းပိုင်းမှာ နံနက်စာအဖြစ် စားသုံးလို့ရပါတယ်။ ဒါ့အပြင် မုန့်အဖြစ်လည်း ပြောင်းလဲစားလို့ ရပါသေးတယ်။

၂။ အစေ့အဆံများ

အစေ့အစာတွေမှာလည်း ဗီတာမင် E နဲ့ အိုမီဂါ ၃ တို့ပါရှိပါတယ်။ သစ်ကြားသီးမှာဆိုရင် အင်တီအောက်ဆီးဒင့်တွေ အများကြီးပါရှိပါတယ်။ အစေ့အဆံတွေကို ပုံမှန်စားပေးရင် အသက်ကြီးတဲ့အခါ ဦးနှောက်လုပ်ငန်းတွေက လျော့ကျမသွားပါဘူး။ မှတ်ဉာဏ်ကောင်းအောင်လည်း လုပ်ဆောင်ပေးပါတယ်။ ဗာဒံသီး၊ ဟေဇယ်သီး၊ နေကြာစေ့၊ ဖရုံစေ့တို့ကို ပုံမှန်စားသင့်ပါတယ်။

၃။ အစိမ်းရောင်အရွက်များ

အစိမ်းရောင်အရွက်တွေက ဗီတာမင်ကေလိုပဲ ဦးနှောက်ကျန်းမာရေးကို အကျိုးပြုပါတယ်။ ဦးနှောက်ထဲမှာ သွေးခဲတာကို ကာကွယ်ပေးပါတယ်။ ဦးနှောက်ဆဲလ်တွေအတွင်းက မှတ်ဉာဏ်တိုးတက်စေတဲ့ အဆီဖြစ်ပေါ်မှုကို အားပေးတာက အစိမ်းရောင် အစားအစာတွေပါပဲ။

ပန်းဂေါ်ဖီစမ်း၊ ကိုက်လန်၊ ဟင်းနုနွယ်၊ မုန်ညင်းရွက်တို့က ဦးနှောက်ကျန်းမာရေးကို အထောက်အကူပေးတဲ့ အစားအစာတွေဖြစ်တာကြောင့် နေ့စဉ်စားသုံးသင့်ပါတယ်။

၄။ အသီးများ

အချို့အသီးတွေမှာ ဗီတာမင်စီ အများကြီးပါတာကြောင့် ဦးနှောက်ဆဲလ်တွေ ပျက်ယွင်းမှုကို ကာကွယ်ပေးပြီး ဦးနှောက်ကျန်းမာရေးကို တိုးတက်စေပါတယ်။ ဘယ်ရီသီးတွေမှာလည်း caffeic acid လို အင်တီအောက်ဆီးဒင့်တွေ ပါရှိပါတယ်။

အဲဒါကြောင့် ဦးနှောက်ဆဲလ်တွေကြားက ဆက်သွယ်မှုတွေကို ကူညီပေးပြီး ခန္ဓာကိုယ်တွင်းက ရောင်ရမ်းမှုတွေကို လျှော့ချ‌ပေးပါတယ်။ လိမ္မော်သီး၊ ကီဝီသီး၊ မာလကာသီး၊ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ ဘလက်ဘယ်ရီသီး စတဲ့အသီးအနှံတွေက ဦးနှောက်အကျိုးပြု အစားအစာတွေပါ။

၅။ ကော်ဖီနဲ့ လက်ဖက်ရည်

ကော်ဖီနဲ့ လက်ဖက်ရည်က အာရုံစုစည်းမှုကို အားကောင်းစေပါတယ်။ ကာဖိန်းဓာတ်က ဦးနှောက်ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို တိုးတက်မြန်ဆန်လာစေပါတယ်။ ဒါပေမယ့် ကော်ဖီနဲ့ လက်ဖက်ရည်ကို အတိုင်းအတာနဲ့သာ သောက်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments