ကျန်းမာရေးကို ထိခိုက်စေတာကြောင့် တွဲဖက်မစားသင့်တဲ့ အစားအစာ (၅) မျိုး

အချို့အစားအစာတွေက တစ်မျိုးချင်းစီစားတဲ့အခါ အရသာလည်းရှိ၊ အာဟာရလည်းဖြစ်စေပါတယ်။ ဒါပေမယ့် အချို့အစားအစာတွေဟာ တွဲဖက်စားသုံးတဲ့အခါမှာတော့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အဲဒါကြောင့် ဘယ်လိုအစားအစာတွေကို တွဲဖက်ပြီးမစားသင့်လဲဆိုတာ love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဝက်ပေါင်ခြောက်နဲ့ ကြက်ဥ

ဝက်ပေါင်ခြောက်နဲ့ ကြက်ဥကို မနက်စာအဖြစ် လူအများစုက စားသုံးကြပါတယ်။ ဒါပေမယ့် ဒီနှစ်မျိုးကို တွဲပြီး မစားသုံးသင့်ပါဘူး။ တစ်မျိုးချင်းစီ ခွဲပြီးစားရင်တော့ ဘာမှမဖြစ်ပါဘူး။ တွဲပြီးစားတဲ့အခါ အစာချေစနစ်မှာ အခက်အခဲတွေ ဖြစ်စေပါတယ်။

ဝက်ပေါင်ခြောက်နဲ့ ကြက်ဥမှာ ပရိုတိန်းဓာတ်တွေ များများပါဝင်ပြီး တစ်ချိန်တည်းမှာ စားလိုက်တဲ့အခါ အစာချေဖျက်နိုင်ဖို့ အချိန်ယူရပါတယ်။ တော်တော်နဲ့ အစာကြေလွယ်မှာ မဟုတ်ပါဘူး။

၂။ ဒိန်ချဉ်နဲ့ သစ်သီး

သစ်သီးတွေက ကျန်းမာရေးအတွက် မဖြစ်မနေစားသင့်တဲ့အရာပါ။ ဒါပေမယ့် သစ်သီးတွေကို ဒိန်ချဉ်နဲ့ ရောစားလိုက်ရင် အစာအိမ်အချဉ်ပေါက်သလိုဖြစ်ပြီး နေရထိုင်ရခက်စေမှာပါ။

ဒိန်ချဉ်ထဲကို အချိုထည့်ပြီးစားချင်ရင် သစ်ကြံပိုးခေါက်အနည်းငယ်ကို ထည့်စားပါ။ အဲဒီအခါ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ကိုလက်စထရောကိုလည်း နည်းပါးစေပြီး လည်ချောင်းလည်း ရှင်းစေပါတယ်။

၃။ နွားနို့နဲ့ လိမ္မော်ဖျော်ရည်

လိမ္မော်ရည်မှာ အက်စစ်ဓာတ်ပါတာကြောင့် နွားနို့နဲ့အတူတူရောသောက်ရင် ခဲသွားတတ်ပါတယ်။ အဲဒီအခါ ဗိုက်နာတာ၊ ဗိုက်အောင့်တာမျိုး ခံစားရလေ့ရှိပြီး ၂ နာရီကနေ ၆ နာရီလောက်အထိ သက်သာဖို့ ကြာတတ်ပါတယ်။ လိမ္မော်ရည်သာမက အချဉ်ဓာတ်ပါတဲ့အသီးတွေနဲ့လည်း နွားနို့ကို ရောပြီးမသောက်သင့်ပါဘူး။

၄။ ဘာဂါနဲ့ အာလူးချောင်းကြော်

ဘာဂါနဲ့ အာလူးချောင်းကြော်က အရမ်းကို လိုက်ဖက်တဲ့အစားအစာဖြစ်တာကြောင့် လူကြိုက်များပါတယ်။ ဘာဂါစားတဲ့အခါ အာလူးချောင်းကြော်နဲ့ တွဲဖက်မစားသင့်ကြောင်း အာဟာရပညာရှင်တွေက အကြံပေးပါတယ်။ သူတို့နှစ်မျိုးလုံးမှာ ပရိုတိန်းဓာတ်ပါတာကြောင့် အစာချေဖျက်နိုင်ဖို့ အချိန်ကြာပါတယ်။

၅။ ရေနဲ့ အစားအစာ

အစားစားနေစဉ် ရေသောက်တာ ဒါမှမဟုတ် အစားစားပြီးပြီးချင်း ရေသောက်တာက ကျန်းမာရေးအတွက် တကယ်မကောင်းပါဘူး။ အစားစားနေစဉ်ရေသောက်တာက တံတွေးထုတ်လုပ်မှုကို နည်းသွားစေပါတယ်။ အစာချေဖျက်ဖို့အတွက် တံတွေးကိုလည်း လိုအပ်ပါတယ်။

အစားစားနေချိန် ရေသောက်တာ၊ အစားစားပြီးပြီးချင်း ရေသောက်တာက ကိုယ်အလေးချိန်ကို တက်လာစေတဲ့အပြင် ခန္ဓာကိုယ်ထဲမှာလည်း အင်ဆူလင်များတိုးလာစေပါတယ်။ အစားမစားခင်အချိန်မှာသာ ရေသောက်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments