အစားကြေးများတဲ့ကလေးတွေအတွက် အစားအစာတွေကို စားချင်စဖွယ်ဖြစ်အာင် ပြင်ဆင်နည်း (၇) ခု

ကလေးအချို့က အစားကြေးများလေ့ ရှိပါတယ်။ အဲဒီအခါ မိဘတွေအတွက် အရမ်းကို အခက်တွေ့ကြပါတယ်။ ကလေးတွေက ပုံစံလှတာလေးကိုပဲ စားချင်တာကြောင့် သာမန်အတိုင်းပြင်ဆင်ထားတဲ့ အစားအစာတွေဆိုရင် မစားချင်တော့ပါဘူး။

အဲဒါကြောင့် အစားကြေးများတဲ့ ကလေးတွေအတွက် အစားအစာတွေကို ချစ်စရာကောင်းအောင် ပြင်ဆင်နည်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကြက်ကလေး

လိုအပ်သောပစ္စည်းများ

ကြက်ဥတစ်လုံး

မုန်လာဥနီတစ်လုံး

ငှက်ပျောသီးတစ်လုံး

ပဲနီ

သခွားသီး

ခရမ်းချဉ်သီး

ပြုလုပ်ပုံ

ကြက်ဥကို ပန်းကန်တစ်လုံးထဲ ဖောက်ထည့်ပြီး ခက်ရင်းနဲ့မွှေပါ။ အဲဒီနောက် ကြက်ဥကို ဝိုင်းဝိုင်းလေးဖြစ်အောင်ကြော်လိုက်ပါ။ သခွားသီးကို မျက်လုံးပုံစံဖော်ရအောင်လို့ အကွင်းနှစ်ကွင်းလှီးလိုက်ပါ။

ကျန်တဲ့သခွားသီးလေးတွေကို အချောင်းသေးသေးလေးတွေဖြစ်အောင် လှီးလိုက်ပြီး ကြက်ဥအောက်မှာ ထားလိုက်ပါ။ ငှက်ပျောသီးကို လှီးပြီး သခွားသီးပေါ်မှာ တင်လိုက်ပါ။ ခရမ်းချဉ်သီးနဲ့ မုန်လာဥနီကို ဆံပင်နဲ့ တောင်ပံအဖြစ် အလှဆင်လိုက်ပါ။

နောက်ဆုံးမှာတော့ မျက်လုံးအတွက် ဘလူးဘယ်ရီသီးလေးတွေကို တင်လိုက်လို့ရပါတယ်။ ပဲအနီလေးတွေကို မျက်ခုံးနဲ့ မျက်တောင်အဖြစ် အသုံးပြုလို့ရပါတယ်။ ဒါဆိုရင်တော့ ချစ်စရာကောင်းတဲ့ကြက်ပုံစံ ကြက်ဥကြော်လေး ရသွားပါပြီ။

၂။ နှင်းလူသား

လိုအပ်သောပစ္စည်းများ

ထမင်း

မုန်လာဥနီ

ဘလူးဘယ်ရီသီး

ချိစ်

ပြုလုပ်ပုံ

ထမင်းတွေကို အရွယ်အစားမတူတဲ့ ၅ လုံး လုံးလိုက်ပါ။ အဲဒီနောက် ဘလူးဘယ်ရီသီးလေးတွေကို ထမင်းလုံးတွေပေါ် တင်လိုက်ပါ။ မုန်လာဥနီတွေကို အချောင်းသေးသေးလေးတွေ ဖြတ်ပြီး လက်အဖြစ် အသုံးပြုပါ။

ချိစ်လေးတွေကို သေးသေးလေးတွေပြုလုပ်ပြီး မျက်လုံးအဖြစ် အလှဆင်လိုက်ပါ။

၃။ ခွေး

လိုအပ်သောပစ္စည်းများ

ပေါင်မုန့်

ဝက်ပေါင်ခြောက်

ချိစ်

ထောပတ်

သခွားသီး

သံလွင်သီး

ပြုလုပ်ပုံ

ပေါင်မုန့် ၃ချပ်ကို ယူပါ။ တစ်ချပ်ကို ပန်းကန်ပြားပေါ်မှာ တင်ပါ။ နောက်တစ်ချပ်ကို စက်ဝိုင်းခြမ်းပုံ ဖြတ်ပါ။ နောက်ဆုံးတစ်ချပ်ကို တြိဂံပုံလေး နှစ်ခုရအောင် ဖြတ်ပါ။ ဖြတ်ထားတဲ့ပေါင်မုန့်လေးတွေကို စီလိုက်ပါ။

ပေါင်မုန့်တွေပေါ်မှာ ထောပတ်လိုက်သုတ်လိုက်ပါ။ ဝက်ပေါင်ခြောက်နဲ့ ချိစ်ကိုလည်း စက်ဝိုင်းခြမ်းပုံစံညှပ်ပြီး ပေါင်မုန့်ပေါ်မှာ တင်ပါ။ သခွားသီးလေးတွေကို အကွင်းလေးလှီးပြီး မျက်လုံးပြုလုပ်ပါ။

သံလွင်သီးလေးတွေကို ထက်ခြမ်းခြမ်းပြီး သခွားသီးပေါ်မှာ တင်လိုက်ပါ။ အဲဒီနောက် သံလွင်သီးလေးတွေကို လှီးဖြတ်ပြီး နှာခေါင်းနဲ့ ပါးစပ်ပုံစံအလှဆင်ပါ။ အဲဒီအခါ စားချင်စရာကောင်းပြီး လှပတဲ့ ပေါင်မုန့်လေး ရရှိသွားပါပြီ။

၄။ ဝက်

လိုအပ်သောပစ္စည်းများ

ပေါင်မုန့်

ဝက်ပေါင်ခြောက်

ဆော့စ်

သံလွင်သီး

ပြုလုပ်ပုံ

ဝက်ပေါင်ခြောက်ကို ပေါင်မုန့်ပေါ်မှာတင်ပြီး ဘေးအစွန်းတွေကို ဖြတ်လိုက်ပါ။ နောက်ထပ်ဝက်ပေါင်ခြောက် တစ်ချပ်ကိုယူပြီး ဘဲဥပုံလေးရအောင်ဖြတ်ပါ။ ဖြတ်လို့ရလာတဲ့ ဘဲဥပုံဝက်ပေါင်ခြောက်လေးပေါ်မှာ အပေါက်လေးနှစ်ပေါက် ဖောက်လိုက်ပါ။

အဲဒီနောက် ပေါင်မုန့်ပေါ်မှာ တင်ပါ။ ဝက်နားရွက်လေးပြုလုပ်ဖို့ ဝက်ပေါင်ခြောက်ကို နားရွက်ပုံစံညှပ်လိုက်ပါ။ သံလွင်သီးလေးတွေကို လှီးပြီး မျက်လုံးအဖြစ်အသုံးပြုပါ။ နောက်ဆုံးမှာတော့ ဆော့စ်လေးကို ဘေးနှစ်ဖက်မှာ တင်လိုက်ရင် ချစ်စရာကောင်းတဲ့ ပေါင်မုန့်လေးဖြစ်သွားပါပြီ။

၅။ ရှားစောင်းပင်

လိုအပ်သောပစ္စည်းများ

ပေါင်မုန့်

သခွားသီး

ခရမ်းချဉ်သီး

ပြုလုပ်ပုံ

ပေါင်မုန့်တစ်ချပ်ကိုယူပြီး ဘေးအစွန်းတွေကို ဖြတ်လိုက်ပါ။ အဲဒီနောက် ပေါင်မုန့်ကို ပန်းအိုးပုံစံလေးဖြစ်အောင် ဖြတ်ပါ။ ခရမ်းချဉ်သီးကို သေးသေးလေးတွေ လှီးပြီး ပေါင်မုန့်ပေါ်မှာ တင်ပါ။ သခွားသီးလေးတွေကို ရှားစောင်းအရွက်ဖြစ်အောင် တြိဂံပုံစံလေးတွေလှီးပြီး အလှဆင်ပါ။

၆။ Angry bird

လိုအပ်သောပစ္စည်းများ

ပေါင်မုန့်

သံလွင်သီး

မုန်လာဥနီ

ဝက်ပေါင်ခြောက်

ဟင်းနုနွယ်ရွက်

ငှက်ပျောသီး

ပြုလုပ်ပုံ

ပေါင်မုန့်ကို စက်ဝိုင်းပုံစံဖြစ်အောင် လှီးဖြတ်ပါ။ ဝက်ပေါင်ခြောက်ကိုလည်း ပေါင်မုန့်နဲ့ အရွယ်အစားတူတဲ့ စက်ဝိုင်းပုံစံဖြစ်အောင် လှီးဖြတ်ပါ။ ဝက်ပေါင်ခြောက်ရဲ့အောက်ပိုင်းနားကနေ တြိဂံပုံစံလည်း လှီးပြီး ဖယ်ထုတ်လိုက်ပါ။

ငှက်ရဲ့နှာခေါင်းပုံစံပြုလုပ်ဖို့ မုန်လာဥနီကိုလည်း တြိဂံပုံစံလေး ပြုလုပ်ပါ။ ငှက်ပျောသီးကို ငှက်ရဲ့မျက်လုံးပုံစံ၊ သံလွင်သီးကို ငှက်ရဲ့မျက်ခုံးအဖြစ် အလှဆင်ပါ။ နောက်ဆုံးမှာတော့ ဟင်းနုနွယ်ရွက်ကို ကြော်ပြီး ပန်းကန်ပြားထဲ ထည့်လိုက်ရင် ရပါပြီ။

၇။ ဂါဝန်

လိုအပ်သောပစ္စည်းများ

ဟင်းနုနွယ်ရွက်

မုန်လာဥနီ

နေကြာစေ့

ဗီတွတ်

ပြုလုပ်ပုံ

ဟင်းနုနွယ်ရွက်လေးတွေကို ပန်းကန်ပြားပေါ်မှာ ဂါဝန်အောက်ပိုင်းပုံစံလေးဖြစ်အောင် စီလိုက်ပါ။ နေကြာစေ့လေးတွေကိုလည်း ဂါဝန်ရဲ့အပေါ်ပိုင်းအဖြစ် အလှဆင်ပါ။ မုန်လာဥနီကို ပါးပါးလေးဖြစ်အောင်လှီးပြီး ဟင်းနုနွယ်ရွယ်ပေါ်မှာ တင်ပါ။

ဗီတွတ်လေးကို လှီးဖြတ်ပြီး နှင်းဆီပန်းပုံစံဖော်ပါ။ ပြီးနောက် ဟင်းနုနွယ်ပေါ်မှာ တင်လိုက်ပါ။ အဲဒါဆိုရင်တော့ အာဟာရလည်းရှိ လှလည်း လှတဲ့ ဝတ်စုံလေးဖြစ်သွားမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments