ကမ္ဘာပေါ်မှာ လုပ်သက်အရှည်ကြာဆုံး လေယာဉ်မယ်

တကယ်စိတ်ဝင်စားတဲ့အလုပ်ကို အမြဲလုပ်နေရတဲ့အခါ ပျော်ရွှင်နေရမှာပါ။ Bette Nash ဆိုတဲ့အမျိုးသမီးကလည်း သူမ အရမ်းစိတ်ဝင်စားတဲ့အလုပ်ကို အသက်ကြီးတဲ့အထိ လုပ်ခွင့်ရတာကြောင့် ပျော်ရွှင်ခဲ့ရပါတယ်။

Bette Nash ဆိုတာ ကမ္ဘာပေါ်မှာ လုပ်သက်အရှည်ကြာဆုံး လေယာဉ်မယ်တစ်ယောက်ပါ။ သူမရဲ့ လေယာဉ်မယ်လုပ်သက်က ၆၅ နှစ်ရှိပါပြီ။

Bette Nash က လေယာဉ်မယ်အလုပ်ကို အသက် ၁၆ နှစ်ကတည်းက စတင်လေ့လာခဲ့ပါတယ်။ အခုဆိုရင်တော့ Bette Nash ရဲ့အသက်က ၈၆ နှစ်ရှိပါပြီ။ လေယာဉ်မယ်အလုပ်ကို အရမ်းသဘောကျတာကြောင့် အသက် ၁၆ နှစ်ကတည်းက လုပ်လာခဲ့ပါတယ်။

ပထမဆုံး အလုပ်စဝင်ဝင်ချင်းမှာပဲ ဒီအလုပ်က သူမအတွက်ပဲဆိုတာကို သိသွားခဲ့ပါတယ်။ အသက် ၂၁နှစ်မှာ Eastern Airlines မှာ လေယာဉ်မယ်အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ Eastern Airlinesကို ဇိမ်ခံလေယာဉ်လိုင်းအဖြစ် သတ်မှတ်ကြပါတယ်။

ခရီးသည်တွေက Bette Nash ရဲ့နွေးထွေးတဲ့သဘောထားနဲ့ အပြုံးတွေက သဘောကျကြပါတယ်။ "နှစ်တွေ ကြာလာတဲ့အခါ အရာတော်တော်များများက တိုးတက်ပြောင်းလဲသွားကြပါတယ်။ ဒါပေမယ့် မပြောင်းလဲတာ တစ်ခုပဲဖြစ်တယ်။ အဲဒါကတော့ လူတွေပါပဲ။

လူတွေက ချစ်ခြင်းမေတ္တာအနည်းငယ်နဲ့ ဂရုစိုက်တာ၊ အာရုံစိုက်တာကို လိုချင်ကြတယ်" လို့ Bette Nash က ပြောပါတယ်။ Bette Nash က ခရီးသည်တွေအပေါ် အပြုံးတွေ၊ ဂရုစိုက်မှုတွေကို နှစ်ပေါင်းများစွာ ပေးခဲ့ပါတယ်။ ခရီးသည်ရဲ့နာမည်တွေ၊ သူတို့ရဲ့ဘဝအကြောင်းတွေကို Bette Nash က မှတ်မိပါတယ်။

အဲဒါကြောင့် Bette Nash နဲ့ဆိုရင် ခရီးသည်တွေက ခရီးသွားရတာ အရမ်းကို ပျော်ရွှင်ခဲ့ကြပါတယ်။ အခုတော့ Bette Nash က ဝါရှင်တန်ဒီစီမှာ နေရတာကို ပိုကြိုက်ပါတယ်။ ခရီးသည်တွေကလည်း သူမဆီကို လာလည်လေ့ရှိကြပါတယ်။

သူမက အသက် ၈၆ နှစ်ရှိနေပေမယ့်လည်း အနားမယူသေးပါဘူး။ အလုပ်မှာ အကောင်းဆုံး ဝန်ဆောင်မှုပေးပြီး ပျော်ရွှင်စရာတွေကို ရှာဖွေနေတုန်းပါ။ ခရီးသည်တွေနဲ့ စကားပြောရတာကိုလည်း Bette Nash က သဘောကျပါတယ်။

Bette Nash က အနားယူဖို့လည်း အစီအစဉ်မရှိသေးပါဘူး။ သူမရဲ့ နှစ်လိုဖွယ်အပြုံးတွေနဲ့ ဆက်ပြီး အလုပ်လုပ်နေဆဲပါ။

Zombie (lovemedia)

Post a Comment

0 Comments