ခန္ဓာကိုယ်အတွက် အမျှင်ဓာတ်ရဲ့အရေးပါပုံများ

အမျှင်ဓာတ်များတဲ့ အစားအစာ ဒါမှမဟုတ် အမျှင်ဓာတ်နည်းတဲ့ အစားအစာဆိုတဲ့ စကားကို မကြာခဏကြားဖူးကြပါတယ်။ အမျှင်ဓာတ်က လူတစ်ယောက်အတွက် အရမ်းကို အရေးပါပါတယ်။

အမျှင်ဓာတ်ဆိုတာ ဘာလဲ။

အမျှင်ဓာတ်ဆိုတာက အပင်နဲ့ပတ်သက်တဲ့အစားအစာတွေမှာသာ တွေ့ရတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ တခြားသော ကာဗိုဟိုက်ဒရိတ် (ဥပမာ-သကြားလို) ပရိုတင်းနှင့် အဆီတွေနှင့် မတူဘဲ အမျှင်ဓာတ်က အစာခြေလမ်းကြောင်းကနေတဆင့် ဖြတ်သန်းသွားပါတယ်။

အမျှင်ဓာတ်ကို အုပ်စုကြီး ၂ ခု ခွဲထားပါတယ်။

- ရေမှာပျော်ဝင်တဲ့ အမျှင်ဓာတ်က ဂျယ်လ်လိုမျိုး ပြောင်းလဲသွားပါတယ်။ ဂျုံ၊ ပဲ၊ ပန်းသီး၊ လိမ္မော်သီး၊ မုန်လာဥနီ၊ မုယောစပါးနှင့် psyllium တို့မှာ တွေ့နိုင်ပါတယ်။

- မပျော်ဝင်နိုင်သော အမျှင်ဓာတ်ကတော့ ရေထဲမှာတောင် မပျော်ဝင်နိုင်ပါဘူး။ ဒီအမျှင်ဓာတ်ရဲ့ရင်းမြစ်တွေမှာ ဂျုံမှုန့်၊ ဂျုံဖွဲနု၊ အခွံမာသီး၊ ပဲ၊ ပန်းဂေါ်ဖီ၊ ပဲစိမ်းနှင့် အာလူးလိုမျိုး ဟင်းသီးဟင်းရွက်တွေ ဖြစ်ပါတယ်။

အမျှင်ဓါတ်ကို ဘာကြောင့် လိုအပ်တာလဲ။

တကယ်တမ်းကျတော့ အမျှင်ဓါတ်ရဲ့အကျိုးကျေးဇူးတွေရှိပါတယ်။

အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်က ရေနှင့် ပေါင်းစပ်ပြီး ဂျယ်လ်အဖြစ်ကို ပြောင်းလဲသွားနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျဖို့ လုပ်​ဆောင်​ပေးပါတယ်။ ဒါ့အပြင် ဝမ်းပျော့သွားစေဖို့ ကူညီပေးတာကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းကို ကောင်းမွန်စေပါတယ်။

ပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်က triglycerides နဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။ သွေးပေါင်ချိန်နှင့် သွေးတွင်းသကြားဓာတ်ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ မပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်က ရေကိုစုပ်ယူပေမယ့် ပျော်ဝင်ခြင်းမရှိပါဘူး။

ခန္ဓာကိုယ်အတွင်းကို ဝင်သွားတဲ့ပုံစံကတော့ တူပါတယ်။ သင့်အူလမ်းကြောင်းကို ရွေ့လျားစေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဒါပေမယ့် အချို့သောကိစ္စတွေမှာ အမျှင်ဓာတ်က ပိုဆိုးစေနိုင်ပါတယ်။ အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေရှိရင် ဆရာဝန်နှင့် သေချာတိုင်ပင်ပါ။

ပမာဏများ

ကလေးနှင့် လူကြီးတွေက တစ်နေ့ကို အမျှင်ဓာတ် ၁ အောင်စခန့် လိုအပ်ပါတယ်။

ဒီအစားအစာတွေ အမျှင်ဓာတ်ပမာဏကို တိုးမြင့်ပေးနိုင်ပါတယ်။

- သစ်သီးဖျော်ရည်တွေသောက်မယ့်အစား အသီးအနှံတွေ အကုန်စားပါ။

- ဆန်ဖြူ၊ ပေါင်မုန့်နှင့် ခေါက်ဆွဲတို့ကို ဆန်လုံးညိုနှင့် အခြားအစေ့အဆန်တွေနဲ့ အစားထိုးပါ။

- သင့်အစားအစာတွေထဲမှာ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို ထည့်စားပါ။

- မနက်စာအတွက် အစေ့အဆန်တွေပါဝင်တဲ့ စီရီရယ်ကို ရွေးချယ်ပါ။

Zombie (lovemedia)

Post a Comment

0 Comments