ငွေကုန်သက်သာပြီး မြေဆီလွှာမထိခိုက်စေတဲ့ သဘာဝမြေဩဇာကို အိမ်မှာတင်ပြုလုပ်နည်း (၆) နည်း

သဘာဝမြေဩဇာတွေက ငွေကုန်ကြေးကျသက်သာပြီး မြေဆီလွှာကိုလည်း မထိခိုက်စေပါဘူး။ အပင်တွေကိုလည်း ကြီးထွားစေပါတယ်။ အဲဒါကြောင့် အိမ်မှာတင် သဘာဝမြေဩဇာတွေကို ဘယ်လိုပြုလုပ်နိုင်လဲဆိုတာ love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကြက်ဥအစိမ်း

ကြက်ဥအစိမ်းကို မြေကြီးထဲမှာ မြှုပ်ပြီးစိုက်တာက အသီးအနှံတွေအတွက် သဘာဝမြေဩဇာပါပဲ။ ကြက်ဥအခွံမှာ ကယ်လ်ဆီယံပါဝင်ပါတယ်။ ကြက်ဥအနှစ်မှာလည်း ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဖော့စဖောရပ်၊ ဇင့်တို့ပါဝင်ပါတယ်။

ပထမဆုံး မြေကျင်းတူးလိုက်ပြီး ကြက်ဥတစ်လုံးထည့်လိုက်ပါ။ ကြက်ဥကို မြေကြီးတွေနဲ့ ပြန်ဖုံးပြီး အပင်မျိုးစေ့တွေ ထည့်ပါ။ အပင်မျိုးစေ့ထည့်ပြီးနောက်မှာ မြေကြီးပြန်ဖုံးပြီး ရေလောင်းပါ။

၂။ ကော်ဖီအနယ်

ကော်ဖီသောက်ပြီးတဲ့အခါ အနယ်ထိုင်နေတဲ့အမှုန့်လေးတွေကို မြေဩဇာအဖြစ်အသုံးပြုလို့ရပါတယ်။ ကော်ဖီအနယ်မှုန့်က မြေကြီးရဲ့ အက်ဆစ်ဓာတ်ကို မျှတအောင် လုပ်ဆောင်ပေးပြီး အပင်ကိုလည်း အာဟာရဓာတ်ပေးပါတယ်။ ကော်ဖီအနယ်မှုန့်တွေကို အပင်ခြေမှာ ပုံပေးရင်ရပါပြီ။

၃။ ငှက်ပျောသီးအခွံ

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်တွေ အဓိကပါဝင်ပါတယ်။ နောက်ထပ်ပါဝင်တာတွေကတော့ ဖော့စဖောရပ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ကော့ပါးနဲ့ အပင်ကို ကြီးထွားဖွံ့ဖြိုးစေတဲ့ အခြားအရာတွေ ပါဝင်ပါတယ်။ ငှက်ပျောသီးအခွံကို တောက်တောက်စင်းလိုက်ပါ။

တောက်တောက်စင်းထားတဲ့ ငှက်ပျောသီးခွံကို မြေကြီးထဲမှာ မြှုပ်ပြီးမှ အပင်စိုက်ပါ။ ငှက်ပျောသီးအခွံကို မြှုပ်တဲ့အခါ အားလုံးဖုံးသွားအောင် မြေကြီးမဖုံးသင့်ပါဘူး။ ငှက်ပျောသီးအခွံတွေ ပြိုကွဲဖို့ဆိုရင် ၂နှစ်ခန့်ကြာတတ်တာကြောင့် အပင်ရဲ့အမြစ်အတွက် အတားအဆီးဖြစ်စေပါတယ်။

၄။ သစ်သားကို မီးရှို့ထားတဲ့ပြာ

သစ်သားတွေ မီးရှိုးပြီးနောက် ရလာတဲ့ပြာကလည်း အပင်အတွက် အသုံးဝင်ပါတယ်။ ပြာမှာ ပိုတက်ဆီယမ်နဲ့ ကယ်လ်ဆီယမ်ကာဘွန်နိတ်ပါဝင်ပါတယ်။ အရင်ဆုံး ပြာမှာ မီးသွေးခဲလေးတွေမပါအောင် သန့်စင်ပါ။ အဲဒီနောက် အပင်ခြေရင်းမှာ ပြာလေးတွေ ဖြူးပေးပါ။

၅။ ငါးမွေးကန်ထဲက ရေ

ငါးမွေးကန်ထဲက‌ ရေမှာ နိုက်ထရိုဂျင်များများပါဝင်ပါတယ်။ နိုက်ထရိုဂျင်က အပင်ကိုကျန်းမာစေဖို့အတွက်မရှိမဖြစ် လိုအပ်တဲ့အာဟာရဓာတ်ပါ။ ငါးမွေးကန်ထဲက ရေမှာ ငါးရဲ့အညှစ်အကြေးတွေ ပါပါတယ်။ ငါးအညစ်အကြေးတွေကလည်း သဘာဝမြေဩဇာပါ။ ငါးမွေးကန်ကို ရေလဲတဲ့အခါ အဲဒီရေကို အပင်မှာ ပုံမှန်ရေလောင်းသလို လောင်းပေးရုံပါပဲ။

၆။ မြက်

မြက်လေးတွေကို ရိတ်ပြီးထဲအခါ အလကားမဖြစ်တော့ပါဘူး။ မြက်မှာ နိုက်ထရိုဂျင်ပါရှိပါတယ်။ မြက်လေးတွေကို လက်မဝက်ခန့်အရှည်ရှိအောင် တောက်တောက်စင်းလိုက်ပါ။ အဲဒီ‌နောက် အပင်ခြေရင်းမှာ နည်းနည်းချင်းစီ ထည့်ပေးပါ။

Zombie (lovemedia)

Post a Comment

0 Comments