ခန္ဓာကိုယ်ထဲမှာ ပရိုတိန်းဓာတ်လုံလုံလောက်လောက် မရရှိတဲ့အခါ ကျန်းမာရေးကို ဘယ်လိုထိခိုက်စေနိုင်လဲ

ကျန်းမာတဲ့သူဖြစ်ဖို့အတွက် ပရိုတိန်းက မရှိမဖြစ်စားသင့်တဲ့အရာတွေထဲက တစ်ခုပါ။ ပရိုတိန်းက ခန္ဓာကိုယ်ထဲက တစ်ရှူးတွေကို ပြုပြင်ပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေပါတယ်။ ဒါပေမယ့် သင့်ခန္ဓာကိုယ်မှာ ပရိုတိန်းလုံလုံလောက်လောက် မရရှိတဲ့အခါမှာတော့ ဒီလိုလက္ခဏာတွေ ပြသလာပါတယ်။

၁။ ရောင်ရမ်းလာခြင်း

ပရိုတိန်းကို လုံလုံလောက်လောက်မရတဲ့အခါ ခြေထောက်၊ လက်၊ ဝမ်းဗိုက်မှာ ရောင်ရမ်းလာတာကို ကြုံတွေ့ရနိုင်ပါတယ်။ တစ်ရှူးတွေထဲမှာ အရည်တွေ စုလာတာကို ပရိုတိန်းက ကာကွယ်ပေးပါတယ်။ ဒါပေမယ့် ပရိုတိန်းမလုံလောက်တဲ့အခါမှာတော့ တစ်ရှူးတွေထဲမှာ အရည်တွေစုလာပြီး ရောင်ရမ်းလာပါတယ်။

၂။ စိတ်အပြောင်းအလဲမြန်လာခြင်း

ဦးနှောက်ထဲမှာ အချက်အလက်တွေကို သတင်းပို့ပေးတဲ့ neurotransmitters မှာ ပရိုတိန်းဓာတ်တွေနဲ့ ပေါင်းစည်းထားပါတယ်။ အစားအစာထဲမှာ ပရိုတိန်းလုံလုံလောက်လောက်မရရင် ဦးနှောက်ထဲကို သတင်းအချက်အလက်ပေးပို့မှုမှာ အခက်အခဲဖြစ်စေပြါတယ်။

Serotonin နဲ့ dopamine ဟော်မုန်းနည်းပါးသွားပြီး အခု ပျော်ရွှင်နေရင်းကနေ ချက်ချင်းပဲ ဒေါသထွက်တာ၊ စိတ်ဓာတ်ကျတာကို ကြုံတွေ့ရတတ်ပါတယ်။

၃။ အသားအရေ မလှမပဖြစ်လာခြင်း

ခန္ဓာကိုယ်ထဲမှာ ပရိုတိန်း လုံလုံလောက်လောက်မရရှိတဲ့အခါမှာတော့ ဆံပင်တွေကျွတ်လာတာ၊ ဆံပင်ပါးလာတာ၊ လက်သည်းတွေ ကျိုးလွဘ်လာတာ၊ အသားအရေခြောက်သွေ့လာတာကို ဖြစ်ပေါ်စေပါတယ်။ အသားအရေလှပဖို့၊ တင်းရင်းနေစေဖို့ ပရိုတိန်းကို လုံလုံလောက်လောက် စားသုံးပေးပါ။

၄။ ပင်ပန်းနွမ်းနယ်လာခြင်း

ပရိုတိန်းမလုံလောက်တဲ့အခါ ကြွက်သားဆုံးရှုံးမှု ဖြစ်ပေါ်စေပါတယ်။ အဲဒီကနေ အမြဲလိုလို အားနည်းသလို ခံစားနေရတာ၊ ပင်ပန်းနွမ်းနယ်နေတာတို့ ဖြစ်ပေါ်လာပါတယ်။ ပရိုတိန်းချိုတဲ့မှုက ဆဲလ်တွေထဲကို အောက်ဆီဂျင် လုံလုံလောက်လောက် မရောက်စေပါဘူး။

၅။ မကြာခဏဗိုက်ဆာခြင်း

သင်က အမြဲလိုလို တစ်ခုခုစားချင်နေရင်၊ တစ်ခုခု ဝါးနေရမှ ကျေနပ်တယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ပရိုတိန်းနည်းပါးတာ ဖြစ်နိုင်ပါတယ်။ ပရိုတိန်းဓာတ်က သင့်ကို ဗိုက်ပြည့်နေတယ်လို့ ခံစားရစေပါတယ်။ ပရိုတိန်းကို လုံလုံလောက်လောက်စားရင် ကိုယ်အလေးချိန်ကို ထိန်းပြီးသားလည်း ဖြစ်စေပါတယ်။

၆။ အနာကျက်ဖို့ အချိန်ကြာခြင်း

ကိုယ်ခံအားကောင်းဖို့၊ အနာကျက်မြန်ဖို့၊ ဆဲလ်အသစ်တွေ ဖြစ်လာဖို့အတွက် ပရိုတိန်းက မဖြစ်မနေ လိုအပ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ပရိုတိန်းနည်းပါးနေရင်တော့ အနာတစ်ခုခုဖြစ်တဲ့အခါ အနာကျက်ဖို့ အချိန်အကြာကြီး ပေးရတတ်ပါတယ်။

၇။ မကြာခဏ ဖျားနာခြင်း

မကြာခဏဖျားနာတာက ကိုယ်ခံအားနည်းပါးလို့ပါ။ ကိုယ်ခံအားကောင်းစေဖို့နဲ့ ပရိုတိန်းဓာတ်က ဆက်စပ်နေပါတယ်။ အဲဒါကြောင့် ကိုယ်ခံအားကောင်းစေဖို့ ပရိုတိန်းများများပါဝင်တဲ့ အစားအစာတွေကို ထည့်သွင်းစားသုံးသင့်ပါတယ်။

နေ့စဉ်လိုအပ်တဲ့ပရိုတိန်းကို တွက်ချက်စားသုံးနည်း

နေ့စဉ်လိုအပ်တဲ့ ပရိုတိန်းကို တွက်ချက်နည်းက အရမ်းကို လွယ်ကူပါတယ်။

သင့်ရဲ့လက်ရှိ ကိုယ်အလေးချိန်ကို ၀.၃၆ နဲ့ မြှောက်လိုက်ပါ။ အဲဒီအခါ တစ်နေ့တာ စားသုံးသင့်တဲ့ ပရိုတိန်းပမာဏကို ရရှိလာပါတယ်။ ဥပမာအားဖြင့် သင်က ပေါင် ၁၅၀ ရှိတယ်ဆိုရင် ၀.၃၆ နဲ့မြှောက်လိုက်ပါ။ အဲဒီအခါ ၅၄ ဂရမ်က တစ်နေ့တာအတွက် လိုအပ်တဲ့ ပမာဏပါ။

Zombie (lovemedia)

Post a Comment

0 Comments