ဘဝတစ်လျှောက်လုံး သင်သတိမထားမိဘဲ လုပ်မိနေတဲ့ အမှား (၉) ခု

နေ့စဉ်သုံးပစ္စည်းတွေကို အသုံးပြုတဲ့အခါ လူအများစုဟာ သိပ်ပြီးတော့ စဉ်းစားလေ့မရှိကြပါဘူး။ ပြီးတော့ တစ်သက်တာလုံး မှားယွင်းစွာ အသုံးပြုခဲ့တာကိုလည်း သတိမထားမိပါဘူး။ ဘယ်လိုအရာတွေလဲ ဆိုတာကိုတော့ love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဆံညှပ်

ဆံညှပ်လေးတွေကို သုံးတဲ့အခါ လှိုင်းတွန့်လေးတွေပါတဲ့ဘက်ကို ဆံပင်ထဲထည့်သင့်ပါတယ်။ သူက ဆံပင်ကို မပွသွားအောင် ကပ်ထားပေးပြီးတော့ သပ်သပ်ရပ်ရပ်လည်း ရှိစေပါတယ်။

၂။ သကြားလိုမျိုး အထုပ်ရှည်တွေကို ဖောက်တဲ့အခါ

သကြားထုပ်ကို ဖောက်ရင် အလယ်ကနေ ထက်ပိုင်းဖြတ်ပြီး ဖောက်သင့်ပါတယ်။ ဒီလိုနည်းက သကြားတွေကို အိတ်ထဲမကျန်စေတော့ပါဘူး။

၃။ အိပ်ယာထထချင်း ကော်ဖီသောက်ခြင်း

လူတော်တော်များများက အိပ်ယာထပြီးတာနဲ့ ကော်ဖီသောက်တတ်တဲ့ အလေ့အကျင့်ရှိကြပါတယ်။ ဒါပေမယ့် အိပ်ယာနိုးလာတဲ့အခါမှာ စိတ်ဖိစီးမှုဟော်မုန်း cortisol ဟာ အမြင့်ဆုံးဖြစ်နေပါတယ်။

အိပ်ယာကနေထထပြီးချင်း ကော်ဖီသောက်ခြင်းဟာ သင့်ရဲ့ cortisol ပမာဏကို မြင့်တက်စေပြီး ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ cortisol အဆင့်နိမ့်နေချိန်မှာပဲ ကော်ဖီသောက်သင့်ပါတယ်။ မနက် ၆း၃၀ မှာ အိပ်ရာကထရင် မနက် ၉း၃၀ နဲ့ ၁၁း၃၀ ကြားမှာ ကော်ဖီသောက်သင့်ပါတယ်။

၄။ ဆံပင်ကို အပေါ်ကနေဖြီးခြင်း

ဆံပင်ကို အပေါ်ကနေ ဖြီးတာက ဆံပင်နှစ်ခွပိုဖြစ်စေပါတယ်။ အဲဒီအစား ဆံပင်အလယ်လောက်ကနေ ခေါင်းကို ဖြီးချသင့်ပါတယ်။

၅။ စက္ကူဘူးနဲ့ စားတဲ့အခါ

ဗူးထဲမှာ ရှုပ်ယှက်ခတ်နေတဲ့ ခေါက်ဆွဲတွေကို ခက်ခက်ခဲခဲနဲ့ ယူစားစရာမလိုတော့ပါဘူး။ ဗူးကို ဖြန့်ချလိုက်ပြီး ပန်းကန်ပြားပုံစံ လုပ်လိုက်ပါ။ ဒီနည်းက အချိန်ကုန်လည်း သက်သာစေတဲ့အပြင် ပန်းကန်လည်း ဆေးစရာမလိုတော့ပါဘူး။

၆။ လက်ပ်တော့ကို အိပ်ယာပေါ်မှာ သုံးခြင်း

အိပ်ရာထဲမှာ လက်ပ်တော့ကို အသုံးပြုခြင်းက သင့်ကျန်းမာရေးနှင့် စက်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ လေဝင်ပေါက်တွေကို ပိတ်ဆို့နိုင်ပြီး လက်ပ်တော့ကို အပူလွန်ကဲစေနိုင်ပါတယ်။ ဒါကြောင့် လက်ပ်တော့ကိုသုံးမယ်ဆိုရင် စားပွဲခုံတွေ၊ cooling pad ပါတဲ့ခုံတွေနဲ့ သုံးသင့်ပါတယ်။

၇။ မြေပဲထောပတ်ကို ဇောက်ထိုးထားပါ။

မြေပဲထောပတ်ကို အထောင်အတိုင်းထားရင် ထိပ်မှာ အဆီတွေတက်လာပြီး ခဲနေတတ်ပါတယ်။ အဲ့အစား ခဲနေတာမျိုးတွေမဖြစ်အောင် ဇောက်ထိုးထားထားသင့်ပါတယ်။

၈။ တစ်ခုခုဖျော်ရင် စက်ဝိုင်းပုံစံမွှေခြင်း

ကော်ဖီဖျော်တာဖြစ်ဖြစ်၊ အချိုရည်ဖျော်တာပဲဖြစ်ဖြစ် စက်ဝိုင်းပုံစံမွှေတာဟာ ခွက်ကိုကွဲထွက်စေနိုင်ပြီး ဘေးကိုလည်း လျှံကျစေနိုင်ပါတယ်။ ဒါကြောင့် ဖျော်ရင် စက်ဝိုင်းပုံစံလှည့်နေတာထက် ဇွန်းကို ခလောက်ပေးသင့်ပါတယ်။ ဒီလိုခလောက်ပေးတာက သကြားကို မြန်မြန်ပျော်စေပါတယ်။

၉။ ဖျော်ရည်ပိုက်

လူတော်တော်များများဟာ ဖျော်ရည်သောက်ရင် ပိုက်အရှည်ကို အထဲကိုထည့်ပြီး အကွေးလေးကိုတော့ အပြင်မှာ ထုတ်သောက်ကြပါတယ်။ တကယ်ဆို အကွေးလေးကို အထဲမှာ ထည့်သောက်သင့်ပါတယ်။

အဲဒီလိုသောက်ရင် ဗူးထဲမှာကျန်တဲ့ ဖျော်ရည်တွေကို အကုန်သောက်လို့ရပါတယ်။ ဒါပေမယ့် အတင်းကြီးထိုးမထည့်ရပါဘူး။ အတင်းထိုးထည့်ရင် ပိုက်တစ်ချောင်းလုံး ဝင်သွားပြီး ပြန်ထုတ်မရ ဖြစ်တတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments