သန့်ရှင်းရေးလုပ်တဲ့အခါမှာ အိမ်ရဲ့အချို့သောနေရာတွေကို ပိုပြီး သန့်စင်အောင် ပြုလုပ်ကြပါတယ်။ ဒါပေမယ့် အိမ်တစ်အိမ်မှာ အညစ်ပတ်ဆုံးနေရာတွေဟာ အများကြီးပါပဲ။ သင်မထားတဲ့နေရာတွေလည်း ဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် အိမ်မှာ ဘယ်နေရာတွေဟာ အညစ်ပတ်ဆုံးလဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
ပန်းကန်ဆေးကန်
ပန်းကန်ဆေးတဲ့ကန်ဟာ အိမ်သာခွက်ထက်တောင် ဘက်တီးရီးယားတွေ ပိုများပါသေးတယ်။ ပန်းကန်ဆေးကန်ထဲက စားကြွင်းစားကျန်တွေ၊ ပန်းကန်ဆေးဖော့ စတဲ့အရာတွေဟာ ဘက်တီးရီးယားတွေအများဆုံး ခိုအောင်းတဲ့နေရာပါ။
ရေခဲသေတ္တာ
ရေခဲသေတ္တာကလည်း အိမ်သာထက်တောင် ညစ်ပတ်ပါသေးတယ်။ ရေခဲသေတ္တာထဲက တစ်ကုဗစင်တီမီတာမှာတောင် ဘက်တီးရီးယားပေါင်း ၁၁.၄မီလီယံခန့် ပေါက်ပွားနေပါတယ်။ ရေခဲသေတ္တာကို သေချာသန့်ရှင်းမလုပ်တာကြောင့် ညစ်ပတ်တာမဟုတ်ပါဘူး။ အစားအစာမှာပါတဲ့ဘက်တီးရီးယားတွေက အပူချိန်လျော့တဲ့သွားတဲ့အခါ ပိုပြီး ပေါက်ပွားလာနိုင်လို့ပါ။
ဖျော်ရည်စက်
ဖျော်ရည်စက်ဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားလို့ ကောင်းတဲ့နေရာတစ်ခုပါ။ ဖျော်ရည်စက်က ဂတ်စကတ်မှာ မှိုနဲ့ အခြားဘက်တီးရီးယားပေါင်းများစွာ ခိုအောင်းနေပါတယ်။
ကော်ဖီဖျော်စက်
ကော်ဖီဖျော်စက်တွေမှာ မှိုနဲ့ ဖားဥတွေကို များများတွေ့ရတတ်ပါတယ်။ ကော်ဖီဖျော်စက်ထဲမှာ အစိုဓာတ်တွေ စုလာတာကြောင့် မှိုတွေ ရှင်သန်ဖို့ နေရာကောင်းတစ်ခု ဖြစ်လာပါတယ်။ ကော်ဖီဖျော်စက်မှာ မှိုမတက်စေဖို့ သေချာသန့်ရှင်းပြီး ခြောက်သွေ့အောင် ထားသင့်ပါတယ်။
ဖောက်တံ
ဖောက်တံကလည်း မီးဖိုခန်းထဲက အညစ်ပတ်ဆုံးအရာတွေထဲက တစ်ခုပါပဲ။ အစားအစာအကြွင်းအကျန်တွေက ဖောက်တံမှာ ကပ်ကျန်နေတာကြောင့် ဘက်တီးရီးယားတွေ ပျော်ရွှင်နေနိုင်ပါတယ်။
လက်သုတ်ပုဝါ
လက်သုတ်ပုဝါက အရမ်းကို ညစ်ပတ်တဲ့အရာတွေထဲက တစ်ခုပါ။ လက်သုတ်ပုဝါကို မကြာခဏအသုံးပြုကြပါတယ်။ ဒါပေမယ့် နေ့စဉ်တော့ မလျှော်ဖြစ်ကြပါဘူး။ အဲဒါကြောင့် လက်သုတ်ပုဝါကို ခဏခဏလျှော်ပေးသင့်ပါတယ်။
ဖုန်း
ဖုန်းရဲ့မျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေဟာ အိမ်သာထက် ၁၀ ဆ ပိုများပါတယ်။ ဖုန်းမျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေက လူသားတွေကို ဒုက္ခပေးနိုင်ပါတယ်။
သွားတိုက်တံထည့်တဲ့ခွက်
သွားတိုက်တံထည့်တဲ့ခွက်မှာလည်း ဘက်တီးရီးယားတွေ ရှိနေတယ်ဆိုတာ နည်းနည်းတော့ ထူးဆန်းနေပါလိမ့်မယ်။ ဒါပေမယ့် သွားတိုက်တံထည့်တဲ့ခွက်မှာ ဘက်တီးရီးယားတွေက ပွားသထက်ပွားနေလေ့ရှိပါတယ်။ အဲဒါကြောင့် သန့်ရှင်းပြီး ခြောက်သွေ့အောင် ထားသင့်ပါတယ်။
တိရစ္ဆာန်အစာခွက်
တိရစ္ဆာန်အစာခွက်ဟာ စိုစွတ်ပြီး စားကြွင်းစားကျန်တွေ ရှိနေတတ်တာကြောင့် ဘက်တီးရီးယားတွေ များများနေတဲ့ နေရာပါ။ တိရစ္ဆာန်အစာခွက်ကို ရေနွေး၊ ဆပ်ပြာတို့နဲ့ နေ့စဉ်ဆေးကြောပေးသင့်ပါတယ်။ ဒါ့အပြင် တိရစ္ဆာန်လေးတွေဆော့တဲ့ အရုပ်တွေကိုလည်း သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။
ကီးဘုတ်၊ တီဗွီရီမု၊ ဂိမ်းခလုပ်
ကီးဘုတ်၊ တီဗွီရီမု၊ ဂိမ်းခလုပ်တွေကို တော်တော်နဲ့ သန့်ရှင်းရေးမလုပ်ဖြစ်ကြပါဘူး။ ဒါပေမယ့် မကြာခဏတော့ အသုံးပြုဖြစ်ကြပါတယ်။ သူတို့အားလုံးမှာ မှိုတွေ၊ ဘက်တီးရီးယားတွေ ကပ်နေနိုင်တာကြောင့် သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါတယ်။
အဝတ်လျှော်စက်
အဝတ်လျှော်စက်မှာ အဝတ်တွေကနေ ပါလာတဲ့ အညစ်အကြေး၊ ဖုန်တွေ အကုန်စုနေပါတယ်။ အဲဒါကြောင့် ဘက်တီးရီးယားတွေက ပွားပြီးရင်း ပွားဖြစ်နေတတ်ပါတယ်။
စဉ်းတီတုံး
စဉ်းတီတုံးကို အိမ်ရှင်မတိုင်းရဲ့မီးဖိုခန်းတိုင်းမှာ တွေ့နိုင်ပါတယ်။ စဉ်းတီတုံးမှာ လူကို အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတွေ အများကြီး ရှိနေတတ်ပါတယ်။ စဉ်းတီတုံးကိုလည်း အသုံးပြုပြီးတိုင်းသန့်ရှင်းရေးလုပ်ပြီး ခြောက်သွေ့အောင် ထားသင့်ပါတယ်။
ပန်းကန်ဆေးဖော့
ပန်းကန်ဆေးဖော့က အမြဲစိုစွတ်နေတဲ့နေရာ ဖြစ်တာကြောင့် မှိုတွေ၊ ဘက်တီးရီးယားတွေ နေလို့ကောင်းတဲ့နေရာပါ။ ပန်းကန်ဆေးဖော့ဟာ အိမ်သာခွက်ထက် အဆပေါင်း ၂ သောင်းခန့် ပိုညစ်ပတ်ပါတယ်။
Zombie (lovemedia)
0 Comments